ရေကာတာကြီး ဖြစ်တည်လာပုံကိုပြောလျှင် အမေရိကန်၏ ပြိုင်ဘက်မရှိ လွှမ်းမိုးမှုကို ဖယ်ရှား၍ ဒေသတစ်ခွင် လမ်းကြောင်းသစ် ဖွင့်လိုသည့် မဟာမိတ် နှစ်နိုင်ငံပေါင်းမိသွားပုံနှင့် စရပါလိမ့်မည်။

လွန်ခဲ့သည့် ဆယ်နှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကာလကပင် တရုတ်တို့၏ အကြံအစည်မှာ မြင်သာ ပါသည်။ နိုင်ငံများကြား တန်းတူ ဆက်ဆံကြမည် ဟူသော ကတိ ကဝတ်ဖြင့် တောင်အမေရိက အစိုးရများကို တရုတ်က အရေးပေါ် အကူအညီများ ပေးပါသည်။ တန်းတူ ဆက်ဆံရေး ဟူသောစကားမှာ အမေရိကန် စိုးမိုးမှုကို ပျက်ရယ်ပြုခြင်းလည်း ဖြစ်ပါသည်။

တရုတ်တို့၏ အစီအမံက အလုပ်ဖြစ်ခဲ့ပါသည်။ တောင်အမေရိက၏ အကြီးဆုံး ကုန်သွယ်ဘက်အဖြစ် ချေးငွေ များ အားဖြင့်လည်းကောင်း၊ အခြေခံ အဆောက်အအုံ များအားဖြင့်လည်းကောင်း တရုတ်တို့ အခြေ စိုက်ခဲ့ ပါသည်။ နိုင်ငံရေးအရလည်း အမြတ်ထွက်ပါသည်။ တောင်အမေရိကနိုင်ငံ များသည် တရုတ်က အသိ အမှတ် မပြုသည့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကြသည်။

Read more >>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ...

ရင်ခွင် လမ်း: အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ
Favicon 
yinkhwinlam243.blogspot.com

ရင်ခွင် လမ်း: အီကွေဒေါ မီးတောင်အောက်က တရုတ်လုပ် ရေကာတာ

ရေကာတာကြီးသည် သက်ရှိလှုပ်ရှားနေသော မီးတောင်အောက်တွင် တည်ရှိသည်။ ပြာများက ကောင်းကင် သို့ ထိုးထွက်လျှက်။ ဆယ်စုနှစ်နှင့် ချီ၍ ရေကာတာ မဆောက်...