Existentialism ဟူသောဖြစ်တည်မှု ၀ါဒသည် အထူးသဖြင့် သက်ရှိတို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော် လည်း လူသားပဓါန (Humanism) အယူအဆ အားကောင်းလာသောအခါ မတူညီသောရှု့ဒေါင့် များကြောင့် တိုးမိ တိုက်မိသည်မှ ထိပ်တိုက် အားပြိုင်ရာသို့ ရောက်ရှိလာခဲ့တော့၏။
.
တစ်ချိန်က ရုပ်ဝါဒ (Materialism )၊ ၀ိဉာဏ၀ါဒ ( Idealism)၊ အစစ်အမှန်ဝါဒ(Realism) တို့အားပြိုင်ခဲ့ကြ ဘူးသည်။ အိုင်ဒီယာ စစ်စစ်သည် သဘောတရားရေးရာ အရ နားထောင်ကောင်းပါသော်လည်း အတ္တ အခြေခံသော လူသားတို့ အကြားတွင် လက်တွေ့ အလုပ်မဖြစ်ခဲ့ချေ။

ကွန်မြူ နစ် တို့၏ ရုပ်ဝါဒကလည်း ဒုတိယကမ္ဘာစစ် ၀န်းကျင်တွင် ကမ္ဘာ့ဒေသ အတော်များများ အပေါ် သြဇာ သက်ရောက်ခဲ့ပါသော်လည်း စစ်အေးလွန်ကာလတွင် သဂြိုလ်ခံလိုက် ရသည်။

စစ်အေးလွန်တွင် အမေရိကန်တို့၏ တန်ဘိုး (Value) ဟုကြွေးကြော်ခဲ့သော ကျင့်စဉ် (Democracy) သည် လူ့အခွင့်အရေး (Human Right) ကို အဖေါ်ပြုကာ တန်ဖိုးချမှတ်မှု ဆိုင်ရာပညာ (Axiology) ထဲမှ အစိတ် အပိုင်း အချို့ဖြစ်သော စံနှုန်း (Standard) များဖြင့်ကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံများ၏ အတွေးအခေါ် ကိုပြန် လည် အရောင် ပြောင်းရန်ကြိုးစားခဲ့သည်။
.
သို့သော်လည်း တစ်ကယ့် လက်တွေ့တွင် ဒီမိုကရေစီနိုင်ငံများ၏ လက်တွေ့လုပ်ရပ်၊ ကိုယ်ကျင့်တရား (Ethic) များသည် ရုပ်အမှန်ပေါ်လာရာမှ နိုင်ငံ အတော်များများ၏ ပညာတတ်များ၏ သိမှုဗေဒ (Epistemology) မှ တစ်ဆင့် ယုတ္တိဗေဒ (Logic) တို့ကြောင့် ယုံကြည်ကိုးစားမှု လျော့နည်းလာခဲ့ပြီး (၂၁) ရာစု၏ နိဒါန်းကို ဒီမိုကရေစီ လက်ညှိုးအထိုးခံခြင်းဖြင့် ဖွင့်လှစ်ခဲ့သည်ဟုမြင်ပါ၏။

ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ..

ရင်ခွင် လမ်း:  ရှု့ဒေါင့်ကွဲဖြစ်တည်မှု ၀ါဒ ၏ တိုးတိုက်မှုများ
Favicon 
yinkhwinlam243.blogspot.com

ရင်ခွင် လမ်း: ရှု့ဒေါင့်ကွဲဖြစ်တည်မှု ၀ါဒ ၏ တိုးတိုက်မှုများ

Existentialism ဟူသောဖြစ်တည်မှု ၀ါဒသည် အထူးသဖြင့် သက်ရှိတို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော် လည်း လူသားပဓါန (Humanism) အယူအဆ အားကောင်းလာသောအခါ...