ေဖာင္းကားစားသည္ အေလာင္းမင္းတရား၏ ေျမးေတာ္ျဖစ္ၿပီး ေနာင္ေတာ္ႀကီးမင္း၏ သားေတာ္ ၿဖစ္သည္။ သမန္းေဖာင္းကား ႐ြာကို စားရ၍ ေဖာင္းကားစားဟု အမည္တြင္သည္။

ဘိုးေတာ္ အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်က သားေတာ္မ်ားအား အႀကီးဆံုး ေနာင္ေတာ္ႀကီး မွ အစျပဳၿပီး ညီေတာ္ အစဥ္အတုိင္း မင္းျပဳရမည္ဟု မွာၾကားခဲ့ေလသည္။
ေနာင္ေတာ္ႀကီးတြင္ သားေတာ္ "ေဖာင္းကားစား ေမာင္ေမာင္" ႐ွိသည္။ ေနာင္ေတာ္ႀကီးသည္ ခမည္းေတာ္ အမိန္႔ကုိ နာခံေသာ အားျဖင့္မိမိ သားေတာ္ကုိ နန္းရံမထားဘဲ ညီေတာ္ ေျမဒူးမင္း ကုိသာ နန္းရံ ထားခဲ့သည္။

ယခု ေျမဒူးမင္းကမူ သူ၏သားေတာ္ စဥ့္ကူးမင္းကုိ နန္းရံထားေလေသာေၾကာင့္ ေဖာင္းကားစား ေမာင္ေမာင္က မေက်မနပ္ ျဖစ္၍ အေရးအခင္းေပၚလာခဲ့ရျခင္းျဖစ္ပါသည္။

ဆင္ျဖဴရွင္လြန္၍ စဥ္႔ကူးမင္း နန္းတတ္ေသာအခါ မိမိထီးနန္းကို အႏၱရာယ္ျဖစ္ေစႏုိင္မည့္ သူေတြကို ဖယ္ရွားျပီးေသာ္ ေန႔စဥ္ နန္းေတာ္တြင္ အရက္ေသာက္ျခင္း၊ ကခုန္ျခင္း၊ ၾကက္ တုိက္ျခင္း မ်ားျဖင့္ ေပ်ာ္ပါးေလ၏။

လႊတ္ေတာ္ အစည္းအေ၀းကုိလည္း မွန္မွန္မတက္သျဖင့္ ၀န္ၾကီးမ်ား၊ မွဴ းမတ္မ်ားမွ မၾကည္ညို ၾကေတာ့ေပ။ သုိ႔ေသာ္ စဥ့္ကူးမင္း သည္ မိမိလုပ္ခ်င္သည္ကိုသာ လုပ္ေနျပီး မည္သူကိုမွ ဂရု မစုိက္ေပ။ ေပ်ာ္ခ်င္တုိင္း ေပ်ာ္ေနျပီး မိမိ ေရွ႔ေရွးအတြက္ပင္ စိတ္မပူခဲ့ေပ။

ထုိသုိ႔ နန္းစံေနျပီး AD 1782၊ 2 လပုိင္း၊ 2 ရက္ေန႔တြင္ အင္း၀ ေနျပည္ေတာ္သည္ ပ်င္းဖုိ႔ ေကာင္းသည္ဟု ဆုိျပီး မယ္ေတာ္ အပါအ၀င္ မိဖုရား ေမာင္းမ အေပါင္းတုိ႔ႏွင့္ သက္ေတာ္ေစာင့္ ရဲမက္၂ ေထာင္ ေက်ာ္ျဖင့္ အညာ သီဟေတာသုိ႔ ဘုရားဖူး ထြက္ေလသည္ ။ ပံုကိုႏွိပ္၍ ဆက္လက္ ဖတ္ရွုပါရန္ ......

Unicode ......

ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော် ဖြစ်သည်။ သမန်းဖောင်းကား ရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။

ဘိုးတော် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျက သားတော်များအား အကြီးဆုံး နောင်တော်ကြီး မှ အစပြုပြီး ညီတော် အစဉ်အတိုင်း မင်းပြုရမည်ဟု မှာကြားခဲ့လေသည်။
နောင်တော်ကြီးတွင် သားတော် "ဖောင်းကားစား မောင်မောင်" ရှိသည်။ နောင်တော်ကြီးသည် ခမည်းတော် အမိန့်ကို နာခံသော အားဖြင့်မိမိ သားတော်ကို နန်းရံမထားဘဲ ညီတော် မြေဒူးမင်း ကိုသာ နန်းရံ ထားခဲ့သည်။

ယခု မြေဒူးမင်းကမူ သူ၏သားတော် စဉ့်ကူးမင်းကို နန်းရံထားလေသောကြောင့် ဖောင်းကားစား မောင်မောင်က မကျေမနပ် ဖြစ်၍ အရေးအခင်းပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။

ဆင်ဖြူရှင်လွန်၍ စဉ့်ကူးမင်း နန်းတတ်သောအခါ မိမိထီးနန်းကို အန္တရာယ်ဖြစ်စေနိုင်မည့် သူတွေကို ဖယ်ရှားပြီးသော် နေ့စဉ် နန်းတော်တွင် အရက်သောက်ခြင်း၊ ကခုန်ခြင်း၊ ကြက် တိုက်ခြင်း များဖြင့် ပျော်ပါးလေ၏။

လွှတ်တော် အစည်းအဝေးကိုလည်း မှန်မှန်မတက်သဖြင့် ဝန်ကြီးများ၊ မှူ းမတ်များမှ မကြည်ညို ကြတော့ပေ။ သို့သော် စဉ့်ကူးမင်း သည် မိမိလုပ်ချင်သည်ကိုသာ လုပ်နေပြီး မည်သူကိုမှ ဂရု မစိုက်ပေ။ ပျော်ချင်တိုင်း ပျော်နေပြီး မိမိ ရှေ့ရှေးအတွက်ပင် စိတ်မပူခဲ့ပေ။

ထိုသို့ နန်းစံနေပြီး AD 1782၊ 2 လပိုင်း၊ 2 ရက်နေ့တွင် အင်း၀ နေပြည်တော်သည် ပျင်းဖို့ ကောင်းသည်ဟု ဆိုပြီး မယ်တော် အပါအဝင် မိဖုရား မောင်းမ အပေါင်းတို့နှင့် သက်တော်စောင့် ရဲမက်၂ ထောင် ကျော်ဖြင့် အညာ သီဟတောသို့ ဘုရားဖူး ထွက်လေသည် ။ ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ......

ရင္ခြင္ လမ္း: ကုန္းေဘာင္ေခတ္ရဲ႕ နန္းသက္အတိုဆံုး မင္း
Favicon 
yinkhwinlam243.blogspot.com

ရင္ခြင္ လမ္း: ကုန္းေဘာင္ေခတ္ရဲ႕ နန္းသက္အတိုဆံုး မင္း

ကုန္းေဘာင္ေခတ္ရဲ႕ နန္းသက္အတိုဆံုးမင္း (သို႔) ေဖါင္းကားစား ေမာင္ေမာင္ ေဖာင္းကားစားသည္ အေလာင္းမင္းတရား၏ ေျမးေတာ္ျဖစ္ၿပီး ေနာင္ေတာ္ႀကီး...