လောက၌

အမြင်ကောင်းတဲ့ မိတ်ဆွေထက်၊

အကောင်းမြင်တတ်တဲ့မိတ်ဆွေကို ရွေးပေါင်းပါ။

ရုပ်လှသူထက်၊ စိတ်လှသူကို မိတ်ဆွေဖွဲ့ပါ။

ပြုံးပြတတ်သူထက်၊

ဆုံးမတတ်သူကို ပိုလေးစားပါ။

ကျေးဇူးကန်းသူထက်၊

ကျေးဇူးသိတတ်သူကို ပေးကမ်းပါ။

အပြောကောင်းသူထက်၊

အကောင်းပြောသူကို ပိုခင်ပါ။

အကောင်းပြောသူထက်၊

စိတ်ရင်းအမှန်နဲ့ ဖော်ရွေတတ်သူကို

မိတ်ဆွေအဖြစ်လက်ခံပါ။



မောင်လူအေး(ဧရာဝတီ)

၁၃၇၈ ခုနှစ်၊
တပေါင်းလဆန်း ၄ ရက်၊
ဗုဒ္ဓဟူးနေ့၊ 01.03.2017 (17:39Pm)

Telegarm link
https://t.me/maungluaye/17

Facebook link
https://m.facebook.com/story.p....hp?story_fbid=pfbid0

Credit Photo
https://t.me/BackgroundPhotos1997/2154?single

image