ကျွန်မတို့တွေရဲ့
အခုလက်ရှိ စိုးရိမ်ကြောက်လန့်နေကြရတဲ့
ဝူဟန် အဆုတ်ရောင်ရောဂါနဲ့
ပတ်သက်ပြီး
ဆရာ Dr ခင်မောင်လွင် နဲ့ ဆွေးနွေးထားသမျှတွေ
ထဲကမှ ဗဟုသုတအဖြစ် ကျွန်မ sharing လုပ်ပါမယ်ရှင်...

ဘယ်ကနေစဖြစ်သလဲ.......

တရုတ်နိုင်ငံရဲ့ လူဦးရေ ၁၁ သန်းလောက်ရှိတဲ့
ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တာပါ
အဆုတ်ရောင်ရောဂါကို စစ်ဆေးကြည့်လိုက်တော့
အရင်ကမတွေ့ဖူးသေးတဲ့ Coronavirus တစ်မျိုးဖြစ်နေပြီးတော့ ဝူဟန်မှာတွေ့လို့ Wuhan Pneumonia
လို့လဲ ရောဂါနာမည်တပ်ပါတယ်
Coronavirus အုပ်စုမှာ အရင်က မှတ်တမ်းတင်ပြီးသား virus 6 မျိုးရှိပြီးသားပါ အခု virus အသစ်နဲ့
ဆို ၇ မျိုးရှိပြီပေါ့နော် virus တွေထဲမှာတော့
ဒီ virus က အရွယ်အစားလဲကြီးတယ်
တွယ်ကုပ်စေတဲ့ အချွန်အတက်တွေလဲပါတော့
သူအထဲဝင်လာပြီဆိုရင် ပြန်ထုတ်ဖို့ အတော်ခက်ပါ
မယ်

ဘယ်လိုကူးစက်လာသလဲ....

ဝူဟန်မြို့မှာရှိတဲ့ ဟွာနန် ပင်လယ်စာသားငါးစျေးက
ကူးစက်တာပါ အဲ့သားငါးစျေးက ပင်လယ်စာတင်
မကဘဲ တိရစ္ဆာန် တွေပါရောင်းတဲ့ စျေးပါ
အဲ့လိုရောင်းဝယ်နေတဲ့ အသားတွေထဲမှာ
လူတွေအတွက် စားစရာလို့ တစ်ခါမှ မတွေးခဲ့ဘူးတဲ့
အကောင်ပလောင်တွေရဲ့ အသားတွေ
အများကြီးပါဝင်ပါတယ်
အဲဒီစာရင်းတွေထဲမှာ သတဝါ အမျိုးပေါင်း ၁၁၂
မျိုးပါဝင်ပြီး မြေခွေး . ဖြူ..မြွေ..ခိုအားလား..
မိချောင်း...ကြွက်..ဒေါင်း..လင်းနို့ တွေပါ ပါဝင်ပါတယ်...တချို့ဆို ဝယ်သူလာမှ ချက်ချင်းသတ်ပြီး
လတ်လတ်ဆတ်ဆတ်ဆိုပြီး ရောင်းတာပါ
စျေးဟာ သန့်ရှင်းမှုလဲ အားနည်းတာ တစ်ကြောင်း
မျိုးနွယ်မတူတာတွေကို နီးနီးကပ်ကပ်ရောယှက်
သတ်တာတစ်ကြောင်းကြောင့် virus တွေ
အလွယ်တကူ ပေါက်ဖွားတာ မထူးဆန်းပါဘူး
ဒီအကျိုးဆက်တွေကြောင့်ပဲ ဝူဟန်မြို့ရဲ့
သားငါးစျေးကနေ ဝူဟန်virusစတင်ပေါက်ဖွားပြီး
ခုဆို ထိန်းချုပ်ရခက်တဲ့ ရောဂါဆိုးကြီးတစ်ခု
ဖြစ်လို့နေပါပြီ

လူလူချင်းကူးစက်ပါသလားး

လူလူချင်းကူးစက်တဲ့အတွက် အခုဆို တရုတ်ပြည်ကနေ လေကြောင်းနဲ့သွားလာတဲ့ ခရီးသည်တွေ
ကနေတဆင်​့ ၁၇ နိုင်ငံကိုပျံနံ့နေပါပြီ
သေဆုံးသူအများစုကတော့ ကလေးသူငယ်တွေ
အသက်အရွယ်ကြီးရင့်သူတွေနဲ့ အရင်ကတည်းက
နာတာရှည်ရောဂါအခံရှိသူတွေ အဖြစ်များပါတယ်
အဲဒါကြောင့် ကိုယ်ခံအားကောင်းဖို့ လိုပါတယ်

အရင်ကဖြစ်ခဲ့ဖူးတဲ့ SARS virus ပိုးနဲ့တူသလား

တူတယ်လို့ပြောလို့ရပါတယ်
အဲဒီ virusပိုး နှစ်ခုစလုံးဟာ မျိုးရင်း family
တစ်ခုထဲကဖြစ်ပါတယ် coronoviridae family
ကဖြစ်ပါတယ် corona ဆိုတဲ့စကားလုံးက
Latin ဘာသာဖြစ်ပြီး crown လို့အဓိပါယ်ရပါတယ်
အဲ့ဒီဗိုင်းရပ်စ်ကို အီလက်ထရွန်အဏုကြည့်မှန်ဘီလူးနဲ့ကြည့်ရင်ဘုရင်ကြီးခေါင်းဆောင်းနဲ့
တူလို့တင်စားခေါ်တာဖြစ်ပါတယ်
အချွန်လေးတွေဖြစ်ပြီးထိပ်မှာအဖုလေးတွေပါနေလို့
Crown ရဲ့အချွန်လေးတွေနဲ့တူနေတာပါ
အပြင်ကအခွံမာပါ အတွင်းမှာအမြှေးပါးပါ

ရောဂါကို ဘယ်လိုကုသရမလဲ ပျောက်ကင်းနိုင်သလား

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ရိုက်သတ်တဲ့ဆေးတော့
မပေါ်သေးပါဘူး သက်သာအောင်ပြုလုပ်ပေးရင်တော့ အသက်ရှင်ဖို့ အလားအလာများပါတယ်
လူနာကို သီးခြါးခွဲထားရပါမယ်

၁...အရည်များများတိုက်ရပါမယ်
အာဟာရဓာတ်တွေ ဖြည့်တင်းပေးရပါမယ်

၂..အဖျားတက်နေရင် အဖျားကျဆေး ပေးရပါမယ်
Ex ပါရာစီတမော

၃...နမိုးနီးယားဖြစ်လို့အသက်ရှူမဝရင် အောက်ဆီ ဂျင် ပေးရပါမယ် လိုအပ်ရင် အသက်ရှူစက်တပ်ပေး
ရပါမယ်

၄...အဆုတ်ရောင်တာလေပြွန်ရောင်တာတွေအတွက် corticosteroid တွေ လိုအပ်ရင် အသုံးပြုရပါမယ်...

ဘယ်လိုကာကွယ်မလဲ

၁...ကာကွယ်ဆေးမရှိသေးတဲအတွက် ဆေးထိုးကာ
ကွယ်လို့ မရသေးပါဘူး

၂..တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုပါ

၃...လက်ကိုမကြာခဏဆပ်ပြါနဲ့ဆေး
လက်ကနေကူးစက်မှုအများဆုံးပါ

၄...ဆေးရုံမှာလုပ်တဲ့သူဆိုရင် surgical mask သုံး
သာမန်လူတွေလဲ အပြင်သွားရင်တပ်သင့်
လူထူရင်ပိုလိုပါတယ် N 95 maskတော့ တပ်ဖို့မလိုပါ

၅...တိရစ္ဆာန် တွေကို အကာအကွယ်မရှိဘဲ တိုက်
ရိုက်ထိတွေ့ကိုင်တွယ်တာတွေ မလုပ်သင့်
အသားငါးရောင်းသူတွေ အနေနဲ့ ရာဘာလက်အိတ်
တွေ နှာခေါင်းစည်းတွေ ဝတ်ဆင်ရပါမယ်
အသား ငါး ပင်လယ်စာတွေ ကျက်အောင်ချက်ပြီး
မှ စားသင့် အစိမ်းစားတာ မကျက်တကျက်စားတာ
ရှောင်ကြဥ်ရပါမယ်

၆...လူနေထူထပ်တဲ့ နေရာတွေ သွားလာတာတွေ
ရှောင်ကြဥ်ရပါမယ် အများသုံးအိမ်သာတွေကို
အတတ်နိုင်ဆုံး ရှောင်ရပါမယ်

၇...ဖျားနာ ချောင်းဆိုး နှာချေ ခံစားနေရသူများနဲ့
အနီးကပ်နေထိုင်ခြင်းကို ရှောင်ကြဥ်ရပါမယ်

၈...နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို
လုံခြုံအောင်ဖုံးအုပ်ထားတဲ့အဝတ် ဒါမှမဟုတ်
နှာခေါင်းစည်းကို အသုံးပြုပါ

၉...ကိုယ်ခံအားစနစ်က အဓိက ကျတာမို့ မိမိရဲ့
ကိုယ်ခံအားစနစ်ကောင်းမွန်အောင် နေထိုင်စား
သောက်ကြရပါမယ်..အာဟာရပြည့်ဝနေအောင်
စားတာ ဥပမာ..ဗီတာမင်စီ ကြွယ်ဝတဲ့ citrus
Fruits များပိုစားပေးခြင်းး
ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း
အိပ်ရေးဝဝအိပ်ခြင်း
ကိုယ်ခံစွမ်းအားတက်စေတဲ့ အကျိုးပြုဘက်တီးရီး
ယားတွေ များအောင်ပြုလုပ်တာ
ဥပမာ..ဒိန်ချဥ်သောက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ်

အဓိက ကတော့ ရောဂါမဝင်အောင်
ကိုယ်ခံအားကောင်းအောင်နေရမှာပါ
တခုခုကိုင်တွယ်ပြီးတိုင်း လက်ကိုသာမပျက်မကွက်
ဆေးပါ အိပ်ရေးဝအောင်အိပ် အားရှိစေမဲ့
အစားတွေစားပြီးးနေကြရမှာပါ...
ဖြစ်လာမှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်
တာ အကောင်းဆုံးပဲမဟုတ်ပါလားရှင်..

ဆရာ Dr ခင်မောင်လွင်အားရိုသေလေးစားလျက်

image
image