Subdural effusion ဦးနှောက်-အလွှာအောက်မှာ အရည်လာအောင်းနေခြင်း

ကျမရဲ့ တူမလေး မ (့) ခြောက်နှစ်ခွဲမှာ ကျောင်းတတ်-စာသင်၍ မရပါ။ သာမာန်ကြည့်ရင် မသိသာပေမယ့် စကားပြော နောက်ကျခ

November 22, 2014
Subdural effusion ဦးနှောက်-အလွှာအောက်မှာ အရည်လာအောင်းနေခြင်း

Subdural effusion

ကျမရဲ့ တူမလေး မ (့) ခြောက်နှစ်ခွဲမှာ ကျောင်းတတ်-စာသင်၍ မရပါ။ သာမာန်ကြည့်ရင် မသိသာပေမယ့် စကားပြော နောက်ကျခြင်း၊ စာသင်မရခြင်းများ ဖြစ်နေပါတယ်။ ဆရာဝန်ပြကြည့်တော့ ဦးနှောက်မှာ အရည်များ များနေတယ်လို့ ပြောပါတယ်။ ခွဲရမယ်၊ ဒါမှ မဟုတ်ရင် အရည်ကို စုပ်ထုတ်ရမယ် ပြောပါတယ်။ ခွဲရင် ဒါမှမဟုတ် စုပ်ထုတ်ရင် အောင်မြင် နိုင်ပါ့မလား။ ဆေးထိုး ဆေးသောက်ရုံနဲ့ ရနိုင်မလားရှင့်။ ကလေးကလည်းကြောက်၊ လူကြီးကလည်းကြောက်၊ ဘာမှလည်း မသိလို့ မေးလိုက်ရပါတယ်ရှင်။ ကလေး၏ မိခင်မှာ ကလေး မွေးပြီးစတွင် အထိန်းသိမ်းခံရသဖြင့် ကလေး ၂ နှစ်မှ အပြင် ရောက်ပါတယ်။ ဆေးစာများကိုလည်း ထည့်သွင်းပေးပို့ပါတယ်ရှင်။

Subdural effusion ဆိုတာ ဦးနှောက်မှာဖုံးနေတဲ့ အလွှာတခု အောက်မယ် မလိုအပ်ဘဲ အရည်တွေ အောင်းနေတာ ဖြစ်တယ်။ တချို့မှာ ပိုးထပ်ဝင်ရင် Subdural empyema ပြည်တည်တတ်တယ်။

Causes အကြောင်းရင်း Bacterial meningitis ဗက်တီးရီးယားကြောင့် ဦးနှောက်မြှေး ရောင်ရာကနေဖြစ်တယ်။ Haemophilus influenza ပိုးကနေ အဖြစ်များတယ်။

Symptoms လက္ခဏာတွေကတော့
• Bulging fontanelles ငယ်ထိပ်နေရာဖေါင်းနေမယ်၊
• Increased head circumference ခေါင်းအရွယ်အစားကြီးနေမယ်၊
• Lethargy တက်ကြွမှုနည်းမယ်၊
• Persistent fever ခဏခဏဖျားမယ်၊
• Seizures တက်မယ်၊
• Separated sutures ခေါင်းကအရိုးတွေဆက်တာနောက်ကျမယ်၊ မဆက်ဘဲနေမယ်၊
• Vomiting အန်မယ်၊
• Weakness အားယုတ်နေမယ်။

Exams and Tests ရောဂါသေခြာအောင် CT scan of the head, MRI scan of the head, Ultrasound of the head တွေလုပ်စစ်ဆေးရတယ်။

Treatment ကုသနည်း။
1. Surgery to drain the effusion is often necessary ခွဲစိတ်ပြီး အရည်ထုတ်တာ လိုအပ်ပါတယ်။
2. Rarely, a permanent drainage device တခါတလေ အမြဲအရည်ထုတ်ပေးစေဘို့ လမ်းကြောင်းလုပ်ပေးရတတ်တယ်။
3. Antibiotics may need to be given through a vein ပဋိဇီဝဆေး သွေးကြောထဲကနေထိုးမယ်။

Outlook အလားအလာ
• Full recovery လုံးဝကောင်းသွားနိုင်တာကို မျှော်လင့်လို့ရတယ်။
• အရည်ကြောင့်မဟုတ်ဘဲ ဆက်တွဲဦးနှောက်-အာရုံကြောဖြစ်တာတွေပါရှိနေတတ်တယ်။

Possible Complications ခွဲစိတ်လို့ ဖြစ်နိုင်တာတွေကတော့
1. Bleeding သွေးယိုတာ၊
2. Brain damage ဦးနှောက်ထိခိုက်တာ နဲ့
3. Infection ပိုးဝင်တာတွေ ကံမကောင်းရင်ဖြစ်နိုင်တယ်။

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/subdural-effusion.html


Healthy Life

253 Blog posts

Comments