Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန်

ဆရာ့ သူ့ယောက်ျားရော သူရော (စီ) ပိုးရှိတဲ့ မ (့) က ဒီဆေးခန်းမှာ ကလေးမွေးပေးနိုင်သလားတဲ့ မေးနေတယ်။"

အသဲရ

November 15, 2014
Pregnancy and Hepatitis C အသဲရောင် (စီ) နဲ့ ကိုယ်ဝန်

Pregnancy and Hepatitis C

ဆရာ့ သူ့ယောက်ျားရော သူရော (စီ) ပိုးရှိတဲ့ မ (့) က ဒီဆေးခန်းမှာ ကလေးမွေးပေးနိုင်သလားတဲ့ မေးနေတယ်။"

အသဲရောင်ရောဂါတွေ (အေ) ကနေ (အီး) အထိ သိနေပါပြီ။ အတော်များများ ဖြစ်ဘူးကြတာက မဆိုးလှတဲ့ (အေ) အမျိုးအစား ဖြစ်ပါတယ်။ ဆိုးတာတွေက (ဘီ) နဲ့ (စီ) တွေဖြစ်တယ်။

• ကိုယ်ဝန်ဆောင်နေတုံး Hepatitis A အသဲရောင် (အေ) ဖြစ်တာ သူများဆီမယ် ၁ဝဝဝ မှာ ၁ ယောက်ရှိတယ်။ မြန်မာပြည်မှာ အတော်များမယ်။
• ကိုယ်ဝန်ရှိတုံး Hepatitis B (ဘီ) ပိုးရှိတာ ပြဿနာပါ။ အမေရိကားမှာ ကိုယ်ဝန်ဆောင် ၁၅ဝဝဝ မှာ ၁ ယောက် (ဘီ) ပိုးတွေ့တယ်။ သူတို့ဆီမှာ HBsAg ရှိတဲ့ မိခင်ကနေ သူ့ကလေးကို ကူးတာ ၁ဝ-၂ဝ% ရှိတယ်။ တကယ်လို့ မိခင်လောင်းမှာ HbeAg ရှိနေရင် ၉ဝ% ကူးနိုင်တယ်။ မကောင်းတာတွေ များနေသေးတဲ့ မြန်မာပြည်မှာ အတော်များမယ်။
• (စီ) ပိုး ရှိနေပေမဲ့ လူကောင်းလိုလို နေကြသူတွေ အများကြီးရှိတယ်။ သူ့မှာသာ ရောဂါလက္ခဏာ မပေါ်တာ သူများကို ရောဂါကူးဘို့ ပိုးတွေကို သယ်ပေးနေသူ Chronic carriers တွေ ဖြစ်နေတယ်။

Hepatitis C virus ဗိုင်းရပ်စ် အမျိုးအစားဟာ Flaviviridae မိသားစုထဲက RNA virus ဖြစ်တယ်။ ပိုးနဲ့လူ တွေ့ပြီးနောက် ၈-၉ ပါတ်ဆိုရင် သွေးမှာ ရှာလို့ရပြီ။ ရောဂါစဖြစ်ရင် မအီမသာဖြစ်မယ်၊ ပျို့-အန်ချင်မယ်၊ ကိုယ်ပူမယ်၊ အစားပျက်မယ်၊ ဆီး-အသားဝါပြီး၊ အသဲရှိတဲ့ နေရာ နာတာတွေ ခံစားရမယ်။ ဒါပေမဲ့ ၆ဝ-၇ဝ% မှာ ဘာမှမခံစားရဘူး။

(စီ) ပိုး ဆေးထိုးအပ်ကနေ ကူးတာ အမေရိကားမှာ ၆ဝ% ရှိတယ်။ သွေးသွင်းရာကနေ ကူးစက်တာတော့ နည်းလာပြီ။ မအေကနေ ကလေးကို ကူးတာ ၇-ဂ% နဲ့ တအိမ်ထဲ အတူနေရာကနေ ကူးစက်တာက ၄% ရှိတယ်။ လိင်ဆက်ဆံရာကနေ ကူးတာက ၅% လောက်သာရှိလို့ (ဘီ) ပိုးနဲ့ စာရင် အတော်နည်းပါတယ်။

Anti-HCV by enzyme immunoassay (EIA) ဒါမှမဟုတ် HCV RNA တွေ့ရင် ရောဂါရှိတာ သေခြာတယ်။ EIA positive ဖြစ်သူတွေကို Recombinant immunoblot assay (RIBA TM) or RT-PCR for HCV RNA စစ်နည်း ဆက်လုပ်ရတယ်။ Viral antigens ၄ မျိုးကို စမ်းတာ ဖြစ်တယ်။ ၂ မျိုးအထိတွေ့ရင် (ပေါဇေးတစ်ဖ်) သတ်မှတ်တယ်။ စမ်းသပ်နည်းတွေကို ELISA = Anti-HCV by enzyme-linked immunoassay နဲ့ RIBA = Anti-HCV by recombinant immunoblot assay; ALT= Alanine aminotransferase လို့ ခေါ်တယ်။

Acute HCV infection ရက်တို အဆင့်ကနေ Chronic HCV infection နာတာရှည် အဆင့်ကို ၇၅-၈၅% ဖြစ်မယ်။ နာတာရှည် သမားတွေထဲကနေ ၁ဝ-၂ဝ% မှာ Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။ Hepatocellualr carcinoma အသဲကင်ဆာ ၁-၅% ဖြစ်နိုင်တယ်။

အသဲရောင် (စီ) နဲ့ ကိုယ်ဝန်
• သုတေသနတွေ လုပ်တာ သိပ်ကြီး မများလှသေးဘူး။ ရသမျှ ကိန်းဂဏန်းတွေအရ မိခင်လောင်းမှာ (စီ) ပိုး ရှိနေပေမဲ့ သူကနေ မွေးလာမဲ့ကလေးမှာ Congenital malformation မွေးရာပါချို့ယွင်းချက်ရှိတာ၊ Stillbirth ကလေး အသေ မွေးတာ နဲ့ Fetal distress ကလေးဒုက္ခရောက်တာ ထူးပြီး မပိုတာသိရတယ်။ မွေးတဲ့အခါလဲ သူများလို အတူတူဘဲ။ ပိုခက်တယ်လို့ မရှိဘူး။
• အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်-ကလေးမွေးကြတဲ့ အသက်ပိုင်းဟာ ၂ဝ ကနေ ၄ဝ ကြားဖြစ်တာဟာ Hepatitis C အသဲရောင် (စီ) ပိုးကူးစက်မှု အများဆုံးအသက်ပိုင်းနဲ့ ထပ်တူကျနေတယ်။ ဒီအရွယ်တွေမှာ သွေးသွင်းတာ၊ ဆေးထိုးတာ၊ မူးယစ်ဆေးထိုးတာတွေကနေ ပိုပြီး ကူးစက်စေနိုင်တယ်။
• (စီ) ပိုးရှိ-မိခင်ကနေ မွေးလာမဲ့ကလေးကို ကူးစက်နိုင်မှု နှုန်းဟာ သုည ကနေ ၃၆% ရှိတယ်။ ပျမ်းမျှ ၅% ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မှာ HIV ပါ ရှိနေရင်တော့ ကလေးကိုကူးနှုန်း ၄၄% ရှိမယ်။
• ကိုယ်ဝန်ရှိတုံး (စီ) ပိုးရှိနေသူဟာ အသဲရဲ့ အလုပ်လုပ်နိုင်စွမ်းကို စမ်းသပ်နေဘို့လိုတယ်။ အသဲ (အင်ဇိုင်း) တွေ များနေမယ်။ Gallstones သည်းခြေအိတ်-ကျောက် တည်တာ ၆% ရှိတယ်။
• (စီ) ပိုး ရှိနေလို့ Interferon therapy (အင်တာဖရွန်) ဆေးပေးနေသူမှာ ကိုယ်ဝန်ရှိလာရင် ဆေးပေးတာ ရပ်ထားမယ်။ ဆေးက ကလေးကို ထိခိုက်နိုင်တယ်။ ဘယ်လိုဖြစ်မလဲ အသေအခြာတော့ မပြောနိုင်သေးပါ။ ကိုယ်ဝန်ဆောင်မှာ (အီး) ပိုးတခုကနေသာ ထူးပြီးဖြစ်စေနိုင်တယ်။ တချို့မှာ ဆိုးဝါးတယ်။
• အသဲကို ပစ်မှတ်ထားတဲ့ ပိုးမျိုးရှိနေသူက ကိုယ်ဝန်ရရင် အသဲကို ပိုထိခိုက်မလားတော့ စဉ်းစားနိုင်တယ်။ Acute fatty liver of pregnancy အသဲ-အဆီများတာ ဖြစ်နိုင်တယ်။ ဒီအဆင့်ကနေ ဆိုးဝါးလာနိုင်တယ်။ ကလေးကိုလဲ သက်ရောက်စေနိုင်တယ်။ အဲလိုဖြစ်လာရင် ဆေးရုံတင်ကုရမယ်။ ကလေးကို မြန်မြန် မွေးပေးသင့်တယ်။

ကလေးကို မကူးအောင် ဘယ်လိုကာကွယ်မလဲ
• အာမခံချက် အပြည့်ပေးနိုင်တဲ့နည်း မရှိသေးပါ။ နောက်ကြောင်းပြန် ဆန်းစစ်မှုတွေအရ ဗိုက်ခွဲမွေးရင် ကူးစက်စေမှာ နည်းတယ်။ ဒါပေမဲ့ အားလုံးကို ဗိုက်ခွဲမွေးဘို့ အကြံမပြုပါ။
• ကိုယ်ဝန်ဆောင်ကနေ မွေးလာမဲ့ကလေးကို ဘယ်လောက်ကူးစက်နိုင်သလဲဆိုတာ သွေးထဲမှာ RNA levels ဘယ်လောက် များသလဲ အပေါ်မှာ မူတည်တယ်။ Hepatitis C RNA titer က 1 million copies/mL များနေရင် ကူးစက်နိုင်မှု အများဆုံး ဖြစ်တယ်။ C RNA levels မရှိတဲ့မိခင်ကနေ ကလေးကို မကူးစေပါ။ HIV negative ပိုးမရှိရင် ဝ-၁၈% ကလေးကို ကူးစေနိုင်ပေမဲ့ HIV positive ဖြစ်နေရင် ပိုဆိုးမယ်။ ကာကွယ်နည်း၊ ကာကွယ်ဆေး မရှိသေးပါ။
• အချင်းကနေ အသဲမကောင်းသူတိုင်းမှာ များတဲ့ Alkaline phosphatase (Alanine aminotransferase = ALT) ကိုလဲ ထုတ်ပေးနေလို့ အသဲအလုပ်ကို စစ်ရင် သူများထက် ၃-၄ ဆ ပိုများနေတယ်။ Alkaline ALT ဟာ ကိုယ်ဝန်ဆောင်တာ၊ အန်တာ၊ တချို့ဆေးဝါးတွေကြောင့်လဲ များစေနိုင်တယ်။ အသဲမကောင်းရင် သိသိသာသာများတယ်။
• ဆေးကုနေသူ ကိုယ်ဝန်ဆောင်တာနဲ့ Interferon ဆေးကို မပေးဘဲ နားရမယ်။ ကလေးကို ဘယ်လို သက်ရောက်မလဲ ဆိုတာ မသခြာသေးလို့ပါ။ Rebetron (Interferon + Ribavirin) ဆေးတွဲပေးနေသူက ကိုယ်ဝန် မယူတာ ကောင်းတယ်။ ကလေးကို နို့မတိုက်သင့်ဘူး ဆေးထုတ်သူတွေကနေ ကိုယ်ဝန်တားဆေး ၆ လ သောက်နေဘို့ အကြံပေးတယ်။ ကလေးကို ထိခိုက်နိုင်လို့ ဖြစ်တယ်။

Antepartum မီးဖွားရင် ဘာတွေလုပ်ရသလဲ
• ကလေးသွားမွေးမဲ့ ဆေးရုံ-ဆေးခန်း-ဆရာဝန်-ကလေးအထူးကုတွေကို ကိုယ့်မှာ ပိုးရှိတာကို အသိပေးထားရမယ်။
• Hepatitis C ကို ကျွမ်းကျင်တဲ့ အထူးကုသမှု ခံယူသင့်တယ်။
• HCV-related chronic liver disease နာတာရှည် (စီ) ပိုး ရှိနေသူတွေအတွက် ကနေ့ အသိအမှတ်ပြုထားတဲ့ ဆေးကုသနည်းဟာ Alpha-interferon-2b ဆေး တမျိုးထဲ ဒါမှမဟုတ် Ribavirin စားဆေးနဲ့တွဲပေးနည်းဖြစ်တယ်။
• Interferon ဆေးကနေ ဗိုက်ထဲက ကလေးကို ဒုက္ခမပေးဘူး။ ဒါပေမဲ့ သုနေသနက သိပ်မကျယ်ပြန့်လှသေးဘူး။
• Ribavirin ဆေးက အကောင်တွေကို စမ်းသပ်တဲ့အခါ မွေးရာပါချို့ယွင်းချက် ဖြစ်စေနိုင်တာ သိထားတယ်။ လူတွေကိုတော့ တွင်တွင်ကျယ်ကျယ် မစမ်းပါ။
• (စီ) ပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်တွေ (ဘီ) နဲ့ (အေ) ကာကွယ်ဆေးတွေ ထိုးသင့်ကြတယ်။ အရက်နဲ့ လုံးဝ မတည့်ပါ။
• (ပါရာစီတမော) ဆေးနဲ့ မသင့်ပါ။
• အိမ်ထောင်ဖက်မှာ ပိုးရှိနေရင် နှစ်ရှည် သတ်သတ်မှတ်မှတ် အတူသူတွေအတွက် လိင်ဆက်ဆံမှုကိစ္စ ပြောင်းစရာမလိုပါ။
• Amniocentesis ကိုယ်ဝန်ဆောင်နေတုံး ရေမွှာရည် စုပ်ယူစစ်ဆေးလို့ Vertical transmission မအေကနေ ကလေးကို ထူးပြီး ကူးစက်စေတာ မရှိပါ။ အချင်းကို မထိခိုက်ဘို့ ဂရုစိုက်ရမယ်။
• မိခင်လောင်းမှာ ဗိုင်းရပ်စ် အရေအတွက် 10^6/mL ထက်နည်းရင် ကလေးကို မကူးစေပါ။
• Cesarean section ဗိုက်ခွဲမွေးလို့ ကလေးကို ကူးစက်မှာ ပိုနည်းတယ်လို့ ဆိုတာလဲ ရှိတယ်။ မထူးဘူးလို့ ထောက်ပြတာက များတယ်။ ဒါ့ကြောင့် မိခင်မှာ (စီ) ပိုးရှိသူတိုင်း ဗိုက်ခွဲမွေးပါလို့ American Academy of Pediatrics or the American College of Obstetricians and Gynecologists တွေကနေ အကြံမပြုပါ။

Breastfeeding မွေးလာတဲ့ကလေး နို့တိုက်ရမလား
• မအေမှာ (စီ) ပိုး ရှိနေလို့ ကလေးကိုလဲ နို့တိုက်တာနဲ့ ကလေးကို ကူးစက်မဲ့ အန္တရာယ်က ထူးပြီးများတယ်ဆိုတာ တိတိကျကျ မသိရသေးတာမို့ မတိုက်ပါနဲ့လို့ ဆရာဝန်တွေက မခိုင်းပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/pregnancy-and-hepatitis-c_15.html


Healthy Life

253 Blog posts

Comments