Hepatitis C Viral Load (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်)

HCV Viral Load အသဲရောင် (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) ဆိုတာ သွေးထဲမှာ (ဗိုင်းရပ်စ်) အရာဝတ္ထုလေးတွေ ရှိနေတယ်လို့ ပြောတာဖ

November 15, 2014
Hepatitis C Viral Load (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်)

HCV Viral Load အသဲရောင် (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) ဆိုတာ သွေးထဲမှာ (ဗိုင်းရပ်စ်) အရာဝတ္ထုလေးတွေ ရှိနေတယ်လို့ ပြောတာဖြစ်တယ်။ (ဗိုင်းရပ်) ရဲ့ မျိုးဗီဖ-မိတ္တူပွါးတွေ ဖြစ်တယ်။ Viral load ဆိုတာ Hepatitis C virus ရဲ့ RNA (အာရ်-အင်-အေ) သိပ်နည်းနည်းလေးရှိနေတာကို နည်းပညာ အကူအညီနဲ့ သိအောင်လုပ်တာဖြစ်တယ်။ ပိုးရဲ့ အုပ်ချပ်တွေလို့ ပြောကြတယ်။

Hepatitis C positive လို့ပြောတာက သွေးထဲမှာ Anti-HCV antibodies (စီ) ပိုးကိုတန်ပြန်တဲ့ (အင်တီဘော်ဒီ) တွေ ရှိနေပြီလို့ ပြောတာဖြစ်ပါတယ်။ ဒီလူဟာ Hepatitis C virus နဲ့တွေခဲ့ဘူးပြီ။ စောစောပိုင်းမှာတော့ Viral load ကို စမ်းလို့မတွေ့နိုင်သေးဘူး။ ဒီလူဟာ ၁၅-၄ဝ% သော ကံကောင်းသူစာရင်းထဲမှာ ပါနိုင်တယ်။ သူ့ကိုယ်ခန္ဓာကနေ (ဗိုင်းရပ်စ်) တွေကို သူ့ဖါသာသူ ရှင်းထုတ်နိုင်လိမ့်မယ်။ သတိထားဘို့လိုတာက (ဗိုင်းရပ်စ်) တွေက တက်လိုက်-ကျလိုက်နေတာမို့ သွေးစစ်ချိန်မှာ နည်းနေချိန်ဆိုရင် မတွေ့နိုင်ရင် ထပ်စစ်ဘို့ ကောင်းတယ်။

ဆေးကုပြီးချိန်မှာ စစ်ရင် သွေးထဲမှာ HCV antibodies တွေရှိနေတာသိရမယ်။ ဒါပေမဲ့ HCV viral load ကတော့ စမ်းတွေ့လောက်အောင်မရှိတာသိရရင် ဆေးကုသတာ ထိရောက်တယ်လို့ ဆိုလိုတာဖြစ်တယ်။ နောက် စစ်ဆေးတဲ့ အခါတွေမှာ ပြန်တွေ့လာရင်တော့ တစခန်းပြန်ထလာတာဖြစ်တယ်။

Viral Load က 800,000 IU/mL ကျော်ရင် များနေတယ်။ ဒိထက်လျှော့ရင် နည်းတယ်လို့ သတ်မှတ်တယ်။ Viral Load တက်လာတိုင်းလဲ လူက နေမကောင်းပိုဖြစ်မှာ မဟုတ်ပါ။ ရောဂါအခြေအနေသိအောင် Liver enzymes, Liver biopsies နဲ့ လိုအပ်ရင် Viral genotype တွေကိုပါစစ်ရတယ်။ Viral load တခုထဲကနေ မဆုံးဖြတ်နိုင်ပါ။

HCV (စီ) ပိုးဟာ HIV နဲ့မတူပါ။ (စီ) ပိုး မိတ္တူပွါးတွေကနေ လူနာရဲ့ရောဂါ (အသဲ) အဆိုး-အကောင်း မပြသပါ။ သတိထားဘို့ နောက်တခုက သွေးကိုသာစစ်တာဖြစ်တယ်။ အသဲကို စစ်သေးတာ မဟုတ်ဘူး။ ယေဘုယျဆိုရင် ၆ လအထိ Undetectable viral load မတွေ့ဘူးဆိုရင် Remission ရောဂါကို ဖိနှိပ်ထားနိုင်ပြီလို့ ပြောနိုင်တယ်။ Cured လုံးဝပျောက်သွားပြီလို့တော့ မပြောနိုင်ပါ။

တကယ်လို့ ဆေးကုသပြီးနောက် Viral load က ၂၄ ပါတ်အထိ 50 IU/mL ထက်နည်းနေတာတွေ့ရရင် Sustained virologic response (SVR) လို့ခေါ်မယ်။ ဒါဆိုရင် ၉၈% ရောဂါပျောက်တယ်လို့ ပြောနိုင်ပြီ။
တနှစ် နှစ်နှစ်အထိ အဲလိုဖြစ်နေရာကနေ ရောဂါပြန်ထတယ်ဆိုတာ အလွန့်အလွန်ရှားတယ်။ သတိထားဘို့ လိုပြန်တာက ဒီလူဟာ ရောဂါပြီးနေတယ်လို့ မထင်သင့်ဘူး။ အန္တရာယ်မကင်းတဲ့ အရာတွေကို မဆင်ခြင်ဘဲ နေလို့မရပါ။

Viral load ဟာ စမ်းမတွေ့နိုင်တဲ့အဆင့်ကနေ သန်းပေါင်းများစွာအထိရှိနိုင်တယ်။ Not detected စမ်းလို့ မတွေတာ နဲ့ Negative အနုတ်ပြတာ မတူပါ။ ဓါတ်ခွဲခန်းတွေမတူတာရှိတယ်။ ဈေးကြီးရင် ပိုတိကျစေမယ်။ Negative ပြနေတယ်ဆိုတာ Hepatitis C virus (စီ) ပိုး လုံးဝ ကူးစက်တာ မခံရဘူးလဲ ဖြစ်နိုင်တယ်။ စမ်းလို့ မတွေ့လောက်တာလဲ ဖြစ်နိုင်တယ်။ ဥပမာ bDNA နည်းနဲ့စမ်းတာဆိုရင် 200,000 virus equivalents/ml အောက်ဆိုရင် စမ်းမတွေ့လို့ Negative or Not detected လို့အဖြေပေးမယ်။

Hepatitis C viral load စမ်းကြည့်တယ်ဆိုတာ ဒါတွေသိဘို့ပါ။
• Hepatitis C ရောဂါ ရှိ-မရှိ၊
• ဆေးကုသဘို့ အောင်မြင်မှု အလားအလာ၊
• ဆေးကုနေတာရဲ့ ထိရောက်မှု။

Viral load များနေရင် ဆေးကုသမှု သိပ်မကောင်းတာကိုပြတယ်။ အောင်မြင်နှုန်း ၄ဝ% သာရှိတယ်။ နည်းနေသူတွေမှာ ၅၆% ရှိတယ်။ Hepatitis C viral load အပြင် ကြည့်ရအုံးမှာတွေရှိတယ်။ အသက်၊ ကိုယ်အလေးချိန်၊ လူမျိုးစု နောက်ပြီး -
• Hepatitis C Genotypes (ဂျီနို-တိုက်ပ်) အမျိုးအစား၊
• Liver damage present အသဲအခြေအနေ၊
• Hepatitis C virus ပိုးဝင်နေခဲ့တာ ဘယ်လောက်ကြာ။

Peginterferon injections ထိုးဆေး နဲ့ Ribavirin pills စားဆေးတွေကို လအတော်ကြာပေးပြီးနောက် ဆန်းစစ်ရင် ဆေးကုသမှု ဘယ်လောက်အလုပ်ဖြစ်-မဖြစ် သိတယ်။ Hepatitis C viral load အရေအတွက် High များတယ်၊ Low နည်းတယ်ဆိုတာ အကြမ်းဖျဉ်းသာ ပြောနိုင်တာပါ။ 1 million IU/mL (2 million RNA copies/mL) ကို ဖြတ်မျဉ်းလို့ သတ်မှတ်ထားတယ်။ Chronic hepatitis C (စီ) ပိုး နာတာရှည်ရောဂါရှိသူ အများစုမှာ 100,000 IU/mL (10,000,000 RNA copies/mL) ရှိနေကြတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-c-viral-load.html


Healthy Life

253 Blog posts

Comments