Hepatitis B Prognosis (ဘီ) ပိုး အလားအလာ

Hepatitis B virus (ဘီ) ပိုး ရှိနေသူတွေထဲမှာ (၁) ရက်တိုအဆင့် တနည်းပြောရရင် သူ့သဘောနဲ့သူထိန်းချုပ်နိုင်တာနဲ့ (၂) နာတာရှည

November 15, 2014
Hepatitis B Prognosis (ဘီ) ပိုး အလားအလာ

Hepatitis B virus (ဘီ) ပိုး ရှိနေသူတွေထဲမှာ (၁) ရက်တိုအဆင့် တနည်းပြောရရင် သူ့သဘောနဲ့သူထိန်းချုပ်နိုင်တာနဲ့ (၂) နာတာရှည် ဆက်ရှိနေတာဆိုပြီးရှိတယ်။ (၁) အဆင့်ကနေ လပိုင်းကြာတာနဲ့ အလိုအလျှောက်ပျောက်သွားနိုင်တယ်။ ၉၅% ကတော့ ပိုးရှင်းသွားနိုင်တယ်။ ပိုးပြီးသွားသွားတာလဲဟုတ်တယ်။ ကလေးတွေဆိုရင်တော့ ပိုဆိုးတယ်။ ကလေး နဲနဲကြီးရင် ၃ဝ% နဲ့ မွေးကာစကလေး ၅% သာ အဲလိုရှင်းနိုင်တယ်။ အသက် ၁ နှစ်ကနေ ၆ နှစ်ကလေးတွေမှာ ပိုးကင်းတာ ၇ဝ% သာရှိမယ်။ ပိုးရှိဘူးသူလူဦးရေရဲ့ ၄ဝ% ဟာ တချိန်ချိန်မှာ အသဲခြောက်တာနဲ့ အသဲကင်ဆာဖြစ်တာ ဖြစ်လာနိုင်တယ်။

(ဘီ) ပိုး ပြန်ခေါင်းထောင်လာခြင်း
(ဘီ) ပိုးရှိဘူသူရဲ့ ကိုယ်ထဲမှာ (ဘီ) ပိုးရဲ့ DNA ကရှိနေမယ်။ တချို့လူတွေမှာ ခေါင်းပြန်ထောင်လာတတ်တယ်။ အရက်နဲ့ မူးယစ်ဆေးသမားတွေမှာ အဲလိုပိုဖြစ်တယ်။ ခန့်မှန်းခြေ ၅ဝ% မှာ ခေါင်းပြန်ထောင်လာတာဖြစ်နိုင်တယ်။ ကင်ဆာဆေး ခုခံအားနှိမ်ဆေးတွေကြောင့် ဖြစ်လာနိုင်တယ်။

တကယ့် (ဘီ) ပိုးရောဂါဖြစ်ခြင်း
ရှားတယ်။ ၁% သာရှိတယ်။ အသဲ (ဆဲလ်) တွေ ပျက်စီးတာများလွန်းရာကနေဖြစ်ပြီး အသက်သေနိုင်တယ်။ ဒီလိုဖြစ်လာမှာတော့ ကလေးတွေက လူကြီးထက်ခံနိုင်ကြတယ်။

(ဘီ) ပိုးဝင်ထားပြီးနောက် အသဲရောဂါရခြင်း
ရက်တိုရော နာတာရှည်ပါ ပိုးဘယ်လောက်များများ အဝင်ခံရသလဲ၊ အဝင်ခံရသူအသက် ဘယ်လောက်လဲ အပေါ်မှာ မူတည်တယ်။ ရက်တိုဖြစ်နေတာကို ရာနှုန်းနည်းနည်းမှာသာ သိရတယ်။ ကလေး ၁ဝ% နဲ့ လူကြီး ၃ဝ-၅ဝ% ကိုသာ ရက်တိုရောဂါ ဖြစ်နေတာကိုသိနိုင်တယ်။

တကမ္ဘာလုံးမှာ Hepatocellular carcinoma (HCC)အသဲကင်ဆာရဲ့ ၆ဝ-၈ဝ% က (ဘီ) ပိုးကြောင့်ဖြစ်ရတယ်။
ယောက်ျားတွေမှာက ၄ဝ-၅ဝ% နဲ့ မိန်းမတွေမှာက ၁၅% သာဖြစ်တယ်။ အသဲကင်ဆာဖြစ်လာသူတွေရဲ့ ၆ဝ-၉ဝ% မှာ အသဲခြောက်တာကနေဆက်ဖြစ်တယ်။

ကူးစက်နည်း (၄) နည်း
၁။ မအေကနေ ကလေး၊
၂။ ပိုးရှိသူနဲ့အတူနေခြင်း၊
၃။ ပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်း (ကျားမ၊ ကျားကျား) နဲ့
၄။ သွေးကနေကူးခြင်း။

HBsAg (ဘီ) ပိုးရဲ့ ရောဂါဖြစ်စေနိုင်စွမ်း (အင်တီဂျင်) တွေဟာ ပိုးရှိနေသူရဲ့ သွေးနဲ့ ကိုယ်ကအရည်တွေထဲမှာရှိနေမယ်။ ဒါပေမဲ့ အဓိကကတော့ သွေး၊ ရာသီသွေးနဲ့ မွေးလမ်းကြောင်းအရည်၊ သုက်ရည်တွေထဲမှာသာ တွေ့ရတာများတယ်။ သူများကို မကူးအောင် ဒါတွေနဲ့ ထိစပ်မိတာအတွက် အပြည့်အဝ ဆင်ခြင်ရပါမယ်။

HBV ပိုးဟာ သဘာဝပါတ်ဝန်းကျင်ထဲမှာ ၇ ရက်အထိ ရှင်နေနိုင်တယ်။ ဒါဟာ ရိုးရိုးအတူနေသူတွေ သတိထားရမဲ့အချက် ဖြစ်တယ်။ ပိုးတွေ့သူတွေကို မေးမြန်းစစ်ဆေးပေမဲ့ ဘယ်လမ်းကနေ ဘယ်လိုကူးခဲ့တယ်ဆိုတာကို မသိနိုင်တာ ၃၅% ရှိတယ်။ ယောက်ျားတွေက ပိုပြီးပိုးကိုသယ်ဆောင်ထားကြသူတွေ ဖြစ်တယ်။ HBV ဟာ HIV ထက် အဆ ၁ဝဝ ကူးစက်စေနိုင်တယ်။ သူများကို မကူးအောင် ဒါတွေနဲ့ ထိစပ်မိတာအတွက် အပြည့်အဝ ဆင်ခြင်ရပါမယ်။

(ဘီ) ပိုး၊ (စီ) ပိုးနဲ့ HIV တွေဟာာ ခေတ်ရောဂါသဘောပြောလို့ရတယ်။ ဆရာဝန်တွေ အသည်းအသန် သုတေသနတွေ လုပ်နေကြတယ်။ အခုထိ ပြောဟောသမျှ၊ ရေးသားသမျှတွေထဲမှာ သတိထားပါလို့ပြောတာတွေက တကယ်မလိုတာမျိုး ရှိနိုင်သလို၊ သတိမပေးတာကနေလဲ သတိထားစရာဖြစ်မလာဘူးလို့ ကံသေကမ္မပြောမရပါ။ အလားတူပဲ အခုချိန်မှာ တိတိကျကျ ကုမရသေးတာတွေ တချိန်မှာ ကုပေးနိုင်လာစရာရှိပါတယ်။

အခြေခံအချက်ကတော့ ကူးစက်ရောဂါမှန်သမျှ မကူးစက်အောင် ဂရုစိုက်ပါ။ ပိုးရှိဘူးထားရင် သူများတွေလို ခပ်ပေါ့ပေါ့ မနေပါနဲ့။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတကောင်းမွန်ပါစေ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/hepatitis-b-prognosis.html


Healthy Life

253 Blog posts

Comments