Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂)

Chest infections အသက်ရှူလမ်းရောင်ခြင်း
1. Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ ကလေးတွေမှာသာ ဖြစ်တယ်။ အသက်ရှူတာ မြန်မယ်၊

November 15, 2014
Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂)

Respiratory tract infections

Chest infections အသက်ရှူလမ်းရောင်ခြင်း
1. Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ ကလေးတွေမှာသာ ဖြစ်တယ်။ အသက်ရှူတာ မြန်မယ်၊ ကိုယ်ပူမယ်။
2. Bronchitis လေပြွန် အလတ်စားတွေ ရောင်တာကိုသာ Chest infection လို့ ခေါ်တာများတယ်။ အအေးမိရာကနေ ဆက်ဖြစ်တတ်တယ်။ အပေါ်ပိုင်းကနေ အောက်ဆင်း ရောင်လာတာ။ ချောင်းတိုး၊ ဖျား၊ နေမကောင်း။
3. Bronchiectasis နာတာရှည် ကနေ ဆိုးလာတယ်။ Antibiotics ပေးရမယ်။

4. Pneumonia နူမိုးနီးယား။ ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူမဝ၊ နေမကောင်း၊ ရင်ပတ်နာ၊ ဆိုးဝါရင် ဆေးရုံတက်ရမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။
5. Pleurisy အဆုပ်ကို ဖုံးထားတဲ့ အလွှာရောင်တာက နာမယ်။ တခြားအကြောင်းတွေကြောင့် နာတာနဲ့ ခွဲခြားရမယ်။ ဥပမာ pulmonary embolus အဆုပ်-သွေးကြောထဲ အခဲပိတ်တာ။
6. Tuberculosis တီဘီ၊ သပ်သပ်ရေးထားပါတယ်။

Chest infections အသက်ရှူလမ်းရောင်ခြင်းတွေထဲက Bronchiolitis လေပြွန်ငယ်လေးတွေ ရောင်တာ၊ Bronchitis လေပြွန် အလတ်စားတွေ ရောင်တာ Bronchiectasis နာတာရှည် ကနေ ဆိုးလာတာတွေကို တပုဒ်ရေးပါမယ်။ တီဘီ၊ သပ်သပ်ရေးထားပါတယ်။

Pleurisy (Pleuritis) အဆုပ်ဖုံးအလွှာ ရောင်ခြင်း
အဆုပ်တွေကို Pleura အလွှာ နှစ်ထပ်နဲ့ ဖုံးထားတယ် အလွှာက Sac အိတ်လိုဖြစ်ပြီး အထဲမှာ အရည်ပါးပါးလေး အမြဲရှိနေတယ်။ အသက် အရှူ-အထုတ် လုပ်လို့ လှုတ်ရှားတဲ့အခါ (၁) နှလုံး၊ (၂) (ဒိုင်ယာဖရမ်) ခေါ်တဲ့ ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းထားတဲ့ ကြွက်သားကြီး၊ (၃) နံရိုးတွေရှိတဲ့ ရင်ပတ်နံရံတွေနဲ့ ထိခိုက် ပွန်းပဲ့တာ မဖြစ်စေအောင် အရည် ရှိနေရတာပါ။ အိတ်ရောင်တာကို Pleurisy (ပလူရယ်စီ) လို့ ခေါ်တယ်။ နဲနဲဖြစ်ရင် ပျောက်သွားနိုင်တယ်။ အမာရွတ် ကျန်ရစ်မယ်။

ဘာလို့ ဖြစ်ရသလဲ
Viral infection (ဗိုင်းရပ်စ်) ကြောင့် အများဆုံး ဖြစ်ရတယ်။ Bacteria, ဗက်တီးရီးယား၊ Fungus ဖန်းဂတ်စ်၊ Tuberculosis တီဘီ၊ Parasites (ပါရာဆိုက်) တွေကြောင့်လဲ ဖြစ်တယ်။ Mesothelioma ကင်ဆာကနေ ဆက်ဖြစ်နိုင်တယ်၊ Lupus, Rheumatoid arthritis, Sarcoid disease, Scleroderma ရောဂါတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။

Broken ribs နံရိုးခိုက်မိလို့လဲ ဖြစ်နိုင်တယ်။ Pancreatitis, Peritonitis, Pus under the diaphragm ရောဂါတွေ ကနေလဲ ဆက်ဖြစ်နိုင်တယ်။ Methotrexate နဲ့ Penicillin ဆေးတွေကြောင့်လဲ ဖြစ်နိုင်တယ်။

တခြားအကြောင်းတွေလဲ ရှိသေးတယ်။ Uremia ကောက်ကပ်အလုပ်မလုပ်နိုင်တော့တာ၊ Blood clot in lung အဆုပ်ထဲ သွေးကြော ပိတ်တာ၊ Radiation therapy ဓါတ်ကင်တာ၊ Sickle cell disease သွေးအားနည်းရောဂါ၊ Chemotherapy drugs ကင်ဆာဆေး၊ Asbestos မျက်နှာကျက်လုပ် အမှုံတွေဝင်တာ နဲ့ HIV ပိုးဝင်တာတွေကနေလဲ ဖြစ်စေနိုင်တယ်။

ဘယ်လို ခံစားရမလဲ
• ရောင်နေတဲ့ အလွှာနှစ်ထပ် ထိခိုက်ကြလို့ နာတယ်။ Sharp or stabbing pain in the chest စူးရှပြီး ထိုးသလို ရင်ပတ်နာတာက လက္ခဏာတရပ်ဘဲ။ အသက်ပြင်းပြင်း ရှူရင်၊ ချောင်းဆိုးရင်၊ နှာချေရင်၊ ရယ်မောရင် နာတာ ပိုဆိုးမယ်။
• Shortness of breath အသက်ရှူအောင့်၊
• Cough ချောင်းဆိုး၊ ချောင်းခြောက်လဲဖြစ်နိုင်တယ်၊ သလိပ် နဲ့ သွေးလဲ ပါနိုင်တယ်၊
• Fever and chills ကိုယ်ပူ၊ ချမ်း၊
• Rapid, shallow breathing အသက်ရှူမြန်၊
• Unexplained weight loss လူကပိန်လာ၊
• Sore throat followed by pain and swelling in the joints လည်ချောင်းတွေ အဆစ်တွေနာ၊
• Diarrhea ဝမ်းပျက်၊
• Ventricular tachycardia နှလုံးခုန်မြန်၊
• Erectile dysfunction ယောက်ျား အင်္ဂါသန်မာမှုနည်း၊
• Vomiting blood အန်တဲ့အထဲ သွေးစပါ၊
• Vaginal discharge မွေးလမ်းက အဖြူဆင်း၊
• Shortness of breath အသက်ရှူမဝဖြစ်မယ်၊

Physical examination ဆရာဝန်က မေးမြန်း-စစ်ဆေးတာတွေ အကုန်လုပ်မယ်၊ Blood pressure သွေးဖိအား၊ Heart rate နှလုံးခုန်နှုန်း၊ Respiratory rate အသက်ရှူနှုန်း၊ Temperature ကိုယ်ပူချိန်၊ X-ray chest ဓါတ်မှန် နဲ့ Electrocardiogram (ECG) ရိုက်နိုင်တယ်။ Blood test သွေးထဲက အောက်စီဂျင် အခြေအနေ စစ်နိုင်တယ်။

နာတာသက်သာအောင် Indomethacin (Indocin), or Naproxen (Naprosyn), Ibuprofen (Motrin) နဲ့ Aspirin တွေ သောက်နိုင်တယ်။ ဒါနဲ့ မသက်သာသေးရင် Codeine, Hydrocodone (Vicodin), or Oxycodone (Percocet) တွေ လိုနိုင်တယ်။ အရေများနေရင် စုတ်ထုတ်ရမယ်။ Viral infections ကြောင့် ဖြစ်တာဆိုရင် တပါတ်နဲ့ ပျောက်ပါမယ်။ ဖြစ်စေတဲ့ အကြောင်းခံအလိုက် ဆေးကုသမှုတွေလိုမယ်။

• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/respiratory-tract-infections-2.html


Healthy Life

253 Blog posts

Comments