မဟာဒါန(၂)

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော (မဟာဒါန) တရားတော်

#မဟာဒါန (၂)

★ တချို့က ကျန်းမာရေးရှုထောင့်ကကြည့်ပြီး လူတွေကို အန္တရာယ်ပေးနေတဲ့သတ္တဝါတွေကို သတ်ရမယ်ဆိုတဲ့အယူအဆရှိတယ်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် “selfish idea” ပဲဖြစ်တယ်။

★ လူတွေမှာ “selfish idea” ဟာ အရိုးစွဲနေတယ်။ ကိုယ်ကောင်းစားရေးလုပ်တာ တစ်ကိုယ်ကောင်းဆန်တဲ့အတွေးပဲ ဖြစ်တယ်။

★ ဒီလို တိရစ္ဆာန်တွေ မသတ်လို့ရှိရင် လူတွေအတွက် အန္တရာယ်ဖြစ်လိမ့်မယ်လို့ တွေးပြီးတော့ ကြောက်တဲ့စိတ်နဲ့ တိရစ္ဆာန်တွေကို သတ်မယ်ဆိုရင် ဒါ မမှန်ကန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ပေါ့။

? ? ?

ငါးပါးသီလနဲ့ပတ်သက်ပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကိုကြည့်လိုက်။ ကိုယ်တစ်ဦးတစ်ယောက်တည်း မကြည့်နဲ့။ အားလုံးခြုံငုံပြီးတော့ စဉ်းစား။ ရာခိုင်နှုန်းနဲ့တွက်ကြည့်။ ကမ္ဘာမှာ လူဦးရေ သန်း ၆၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမယ် သူများရဲ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်တဲ့ပုဂ္ဂိုလ်ဆိုတာ နည်းနည်းလေးပဲရှိတယ်။ အဲဒီတော့ ကိုယ်လုပ်တဲ့အလုပ်ဟာ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကြည့်။ သန်းပေါင်း ၆၀၀၀ ရှိတဲ့အထဲမယ် ပါဏာတိပါတမှ ရှောင်တဲ့ပုဂ္ဂိုလ်ဟာ သန်းပေါင်း ၁၀၀ တောင် ရှိချင်မှရှိမယ်။

ဗုဒ္ဓဘာသာဝင်တွေ “ပါဏာတိပါတာ ဝေရမဏိ” လို့ လုပ်ထားတယ်ဆိုပေမယ့်လို့ လွယ်လွယ်ကူကူနဲ့ အနီးအပါးမှာရှိတဲ့ ခြင်ကလေးတွေ ဘာလေးတွေတော့ လက်ဝါးနဲ့ ဖျတ်ခနဲ ရိုက်ချင်သေးတာပဲ။ တချို့က စောဒကတက်ကြသေးတယ်။ ခြင်တွေကို မသတ်ဘဲနေလို့ရှိရင် ငှက်ဖျားရောဂါတွေ၊ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်မှာစိုးလို့တဲ့။ အဲဒါစဉ်းစားကြည့်။ အစိုးရိမ်လွန်တာလို့ ပြောရမယ်။ ခြင်ကိုသတ်ရင် သွေးလွန်တုပ်ကွေးရောဂါတို့၊ ငှက်ဖျားရောဂါတို့ မဖြစ်တော့ဘူးလားဆိုတော့ တခြားနည်းနဲ့ ဖြစ်ဦးမှာပဲ။ တချို့က ကျန်းမာရေးရှုထောင့်ကကြည့်ပြီး လူတွေကို အန္တရာယ်ပေးနေတဲ့သတ္တဝါတွေကို သတ်ရမယ်ဆိုတဲ့အယူအဆရှိတယ်ပေါ့။ အဲဒါဟာ ဘာလဲဆိုရင် “selfish idea” ပဲဖြစ်တယ်။ လူတွေမှာ “selfish idea” ဟာ အရိုးစွဲနေတယ်။ ကိုယ်ကောင်းစားရေးလုပ်တာ တစ်ကိုယ်ကောင်းဆန်တဲ့အတွေးပဲ ဖြစ်တယ်။ အေး ဒီလို တိရစ္ဆာန်တွေ မသတ်လို့ရှိရင် လူတွေအတွက် အန္တရာယ်ဖြစ်လိမ့်မယ်လို့ တွေးပြီးတော့ ကြောက်တဲ့စိတ်နဲ့ တိရစ္ဆာန်တွေကို သတ်မယ်ဆိုရင် ဒါ မမှန်ကန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်ပေါ့။

ရောဂါဆိုတာ တိရစ္ဆာန်ကြောင့် မဖြစ်ရင်လည်း ဒီပြင်အကြောင်းကြောင့် ဖြစ်မှာပဲ။ တိရစ္ဆာန်ကို ပုံချလို့မရဘူးလေ။ တခြားနည်းတွေကော မရှိဘူးလား။ ဆိုပါစို့၊ ခြင်မသတ်ဘဲ ခြင်ထောင်နဲ့အိပ်မယ်။ ခြင်တွေ ပေါက်ဖွားမယ့်နေရာတွေကို မပေါက်ဖွားအောင် ကြိုတင်ပြီးတော့ထိန်းမယ်။ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တာတွေ အများကြီးရှိတယ်။ ဖြစ်နိုင်တာမလုပ်ဘဲနဲ့ ပေါက်ဖွားတာခံပြီး ပေါက်ဖွားပြီးမှ သတ်မယ်ဆိုရင် “ပါဏာတိပါတ” ဖြစ်မှာပဲ။

ပါဏာတိပါတဖြစ်နေပြီဆိုကတည်းက ဒီလူတစ်ယောက်ဟာ ဘယ်သူ့ကို အန္တရာယ်ပေးနေတာတုံးဆိုရင် ခြင်တွေကို အန္တရာယ်ပေးနေတာ။ သူက ထင်နေတာ ခြင်က လူကို အန္တရာယ်ပေးလို့ ခြင်ကို ပြန်ပြီးအန္တရာယ်ပေးတာဆိုတော့ ဒါ အပြန်အလှန် သတ်ကြတဲ့သဘောပဲ ဖြစ်သွားတယ်။ အဲဒီတော့ ကိုယ့်အတွက် လုံခြုံစိတ်ချရဖို့ သူများကိုသတ်တယ်ဆိုတဲ့စေတနာဟာ ဘာနဲ့တူတုံးဆိုရင် လူဆိုးနဲ့အတူတူပဲ။ ဘာမှမထူးဘူး။ ကိုယ့်ကို ရန်မူလာလို့ ကိုယ်က ဦးအောင်သတ်တာနဲ့ မတူဘူးလား။ အတူတူပဲ။ ဘာမှမထူးဘူး။ စိတ်ဓာတ်ချင်းက ဒီအတိုင်းပဲ။ အဲဒီစိတ်ဓာတ်က ပြန့်ပွားလာလို့ရှိရင် လူကိုတောင်မှပဲ ကိုယ့်ကို အန္တရာယ်ပြုရင် သတ်မယ်ဆိုတဲ့ အမြင်ရသွားတာပေါ့။ အဲဒီတော့ ပါဏာတိပါတက ရှောင်မယ်လို့ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ငါးပါးသီလထဲက “ပါဏာတိပါတ” ရှောင်တယ်ဆိုတဲ့လူဟာ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းတယ်။

(သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့တွင် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန ္တဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော “မဟာဒါန” တရားဒေသနာတော်မှ ကောက်နုတ်ဖော်ပြသည်။ ဆရာတော်ဘုရားကြီး၏ တရားတော်များကို Eternal Light မဂ္ဂဇင်း စာမျက်နှာတွင် ပြန်လည်ဖော်ပြရန် ဆရာတော်ဘုရားကြီးက ခွင့်ပြုပြီးဖြစ်သည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
❀ ❀ ❀ ❀ ❀
#Crd_ဆရာတော်အရှင်နန္ဒမာလာဘိဝံသ


Min Khant

15 Blog posts

Comments