Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ

ကိုယ်ဝန် ၃ လကျော်ရှိနေပါပြီ။ RA ရှိတော့ အဆစ်တွေက အမြဲတမ်း ရောင်ပြီးနာနေပါတယ်။ ဒူးက အဆိုးဆုံးဘဲ။ Alaxan တနေ့တခ

November 03, 2014
Pregnancy and Rheumatism ကိုယ်ဝန်ဆောင်နှင့် လေးဘက်နာ

Pregnancy and Rheumatism

ကိုယ်ဝန် ၃ လကျော်ရှိနေပါပြီ။ RA ရှိတော့ အဆစ်တွေက အမြဲတမ်း ရောင်ပြီးနာနေပါတယ်။ ဒူးက အဆိုးဆုံးဘဲ။ Alaxan တနေ့တခြမ်းသောက်မှ နေလို့ထိုင်လို့ ရပါတယ်။ ကိုယ်ဝန် ၃ လကျော်မှ စသောက်ပါတယ်။ ဆရာဝန်ကတော့ Alaxan သောက်လို့ရတယ်လို့ ပြောတယ်။ Alaxan နဲ့ မရရင် Medrol (Methylprednisolone) ပြောင်းပေးမည်လို့ ပြောပါတယ်။ OG ကတော့ Alaxan ၅ ရက်ထက် ပိုမသောက်နဲ့လို့ ပြောတယ်။ အထက်ပါဆေးတွေကြောင့် ကလေးမှာ မည်ကဲ့သို့သော Side Effect ဖြစ်နိုင်ပါသလဲ။

ဆေး ၂ မျိုးလုံးကနေ ယေဘုယျ ကိုယ်ဝန်ကို ပြဿနာ မဖြစ်စေပါ။

(၁) Alaxan = Ibuprofen
Nonsteroidal anti-inflammatory drugs (NSAIDs) (စတီရွိုက်) မပါ အနာသက်သာဆေး အမျိုးအစား ဖြစ်တယ်။ အသုံးများတယ်။ ဆေးတိုင်းမှာ ရှိသလို သတိထားစရောတွေ မကင်းပါ။ ဒီဆေးမှာ Heart attack or Stroke နှလုံးနဲ့ ဆိုင်တာကို အထူးသတိထားရတယ်။ NSAIDs တွေကနေ အစာအိမ်အနာ၊ သွေးယိုတာတွေက အများဆုံးဖြစ်တတ်တဲ့ ဘေးထွက်-ဆိုးကျိုးဖြစ်တယ်။

• Prescription Ibuprofen ဆေးလက်မှတ်နဲ့ဝယ်ရတာမျိုးကို Pain, Tenderness နာတာ၊ Swelling ရောင်တာ၊ Osteoarthritis အရိုးရောင်လို့နဲ့ Rheumatoid arthritis (ရူမက်တစ်) အဆစ်တောတွေမှာ တင်းခဲနေတာတွေ သက်သာစေဘို့ သုံးတယ်။ နဲနဲကနေ အသင့်အတင့် နာတာ ဥပမာ Menstrual pain ရာသီလာလို့နာတာ၊
• Nonprescription Ibuprofen ဆေးလက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ အပျော့စားကို Fever ကိုယ်ပူ၊ Headache ခေါင်းကိုက်၊ Muscle aches ကြွက်သားနာ၊ Arthritis အဆစ်နာ၊ Common cold အအေးမိ၊ Toothaches သွာကိုက်၊ Backache ခါးနာတာတွေအတွက် သုံးတယ်။
• Ibuprofen ဆေးကို အစား ဒါမှမဟုတ် နို့နဲ့သောက်ရမယ်။ အချိန်မှန် အချိန်တူသောက်သင့်တယ်။
• Ibuprofen ကို တခြားဆေးတွေနဲ့လဲ တွဲလာတာရှိသေးတယ်။
• Ankylosing spondylitis, Gouty arthritis, Psoriatic arthritis ခေါ်တဲ့ အဆစ်နာမျိုးတွေမှာလဲ သုံးတယ်။

Ibuprofen Side effects ဘေးထွက်-ဆိုးကျိုးများ
- Constipation ဝမ်းချုပ်၊
- Diarrhea ဝမ်းပျက်၊
- Gas or bloating လေထ၊ အစာမကျေ၊
- Dizziness ခေါင်းမူး၊
- Nervousness စိတ်လှုတ်ရှား၊
- Ringing in the ears နားထဲအသံတွေကြား၊
ဆေးမတည့်ရင် အနီပြင်ထွက်၊ ယား၊ ကိုယ်ပူ၊ ကိုယ်ရောင်စတာတွေဖြစ်မယ်။ သိပ်ဆိုရင် (ရှော့ခ်) လိုဖြစ်မယ်။ အသဲထိခိုက်ရင် အသားဝါမယ်။

Ibuprofen Brand names ဆေးနာမည်အမျိုးမျိုး
- Addaprin®
- Advil®
- Dolgesic®
- Genpril®
- Haltran®
- IB Pro®

- Ibifon 600®
- Ibren®
- Ibuprohm®
- Menadol®
- Midol® Cramps Bodyaches
- Motrin®
- Nuprin®
- Q-Profen®
- Rufen®
- Saleto-200®
- Samson®
- Tab-Profen®
- Ultraprin®
- Uni-Pro®
- Wal-Profen®

Brand names of Ibuprofen combination products ပူးတွဲဆေးနာမည်အမျိုးမျိုး
- Advil® Allergy Sinus (Chlorpheniramine, Ibuprofen, Pseudoephedrine)
- Advil® Cold and Sinus (Ibuprofen, Pseudoephedrine)
- Advil® PM (Diphenhydramine, Ibuprofen)
- Combunox® (Ibuprofen, Oxycodone)
- Dayquil® Pressure and Pain (Ibuprofen, Pseudoephedrine)
- Dimetapp® Sinus (Ibuprofen, Pseudoephedrine)
- Dristan® Sinus (Ibuprofen, Pseudoephedrine)
- Ibudone® (Hydrocodone, Ibuprofen)
- Motrin® PM (Diphenhydramine, Ibuprofen)
- Reprexain® (Hydrocodone, Ibuprofen)
- Sine-Aid IB® (Ibuprofen, Pseudoephedrine)
- Vicoprofen® (Hydrocodone, Ibuprofen)

Ibuprofen Dosage ဆေးဘယ်လောက်ပေးမလဲ
• Dysmenorrhea ရာသီလာချိန်နာခြင်း = 200-400 mg ၄-၆ နာရီတခါ၊
• Osteoarthritis အရိုး-အဆစ်နာခြင်း = 400-800 mg ၄-၆ နာရီတခါ၊
• Rheumatoid Arthritis (ရူမက်တစ်) အဆစ်နာခြင်း = 400-800 mg ၆-၈ နာရီတခါ၊
• Headache ခေါင်းကိုက်ခြင်း = 600 mg လိုတဲ့အချိန်၊
• Mild to moderate pain နဲနဲကနေ အသင့်အတင့်နာခြင်း = 200-400 mg ၄-၆ နာရီတခါ၊
• Fever ကိုယ်ပူခြင်း = 200-400 mg ၄-၆ နာရီတခါ၊
• Pediatric Dose for Fever ကလေး (၂ လ မှ ၁၁ နှစ်) ကိုယ်ပူခြင်း = 5-10 mg/kg ၆-၈ နာရီတခါ၊
• Pediatric Dose for Pain ကလေး (၂ လ မှ ၁၁ နှစ်) နာခြင်း = 10 mg/kg ၆-၈ နာရီတခါ၊
• Pediatric Dose for Rheumatoid Arthritis ကလေး (၂ လ မှ ၁၁ နှစ်) လေးဘက်နာ =20-30-50 mg/kg/day တနေ့ ၃-၄ ခါခွဲတိုက်ပါ။
• Pediatric Ibuprofen Dose for Cystic Fibrosis ကလေး (၂ လ မှ ၁၁ နှစ်) (ဆစ်စတစ်-ဖိုက်ဘရိုးဆစ်စ်) ရောဂါ = 50-100 mcg/mL တနေ့ ၂ ကြိမ်။

(၂) Methylprednisolone
Corticosteroid (ကော်တီကိုစတီရွိုက်) အမျိုးဆေးဖြစ်တယ်။ Inflammation ရောင်ရမ်းခြင်းဖြစ်စဉ်ကြောင့် Swelling ရောင်တာ၊ Heat ပူတာ၊ Redness နီတာနဲ့ Pain နာတာ တွေကို သက်သာစေမယ်။ ဒါကြောင့် Arthritis အဆစ်နာ အမျိုးမျိုးအတွက် ပေးတယ်။ Skin အရေပြား၊ Blood သွေး၊ Kidney ကျောက်ကပ်၊ Eye မျက်စိ၊ Thyroid လည်ပင်းကြီး နဲ့ Colitis အူရောဂါတွေမှာလဲ ပေးတယ်။ နောက်ပြီး Allergies ဆိုးဝါးတဲ့ (အလာဂျီ)၊ Asthma ပန်းတာတွေမှာလဲ သုံးတယ်။ Cancer ကင်ဆာတချို့မှာလဲ သုံးတယ်။

Methylprednisolone Side effects ဘေးထွက်-ဆိုးကျိုးများ
- Upset stomach အစာမကျေ၊
- Vomiting အန်၊
- Headache ခေါင်းကိုက်၊
- Dizziness ခေါင်းမူး၊
- Insomnia အိပ်မပျော်၊
- Restlessness ဂနာမငြိမ်၊
- Depression စိတ်ကျ၊
- Anxiety စိုးရိမ်၊
- Acne ဝက်ခြံထွက်၊
- Increased hair growth ကိုယ်မွှေးများ၊
- Easy bruising သွေးထွက်လွယ်၊
- Trregular or absent menstrual periods ရာသီ မမှန်၊

Methylprednisolone Brand names ဆေးနာမည်များ
- Medrol®
- Meprolone®

Methylprednisolone Dosage ဆေးဘယ်လောက်ပေးမလဲ
• Allergic Rhinitis (အလာဂျ) နှာခေါင်း = 80 to 120 mg ထိုးဆေး၊
• Dermatologic အရေပြားရောင်ခြင်းများ = 40 to 120 mg ထိုးဆေး၊ ၁-၄ ပါတ်။
• Rheumatoid Arthritis (ရူမက်တစ်) အဆစ်နာ = 40 to 120 mg ထိုးဆေး၊ တပါတ်တခါ။
• Large joints အဆစ်အကြီးများထဲ ထိုးရန် = 20 to 80 mg
• Medium joints အဆစ်အလတ်စားများထဲ ထိုးရန် = 10 to 40 mg
• Small joints အဆစ်သေးများထဲ ထိုးရန် = 4 to 10 mg
• Adrenogenital Syndrome (အဒရီနို-ဂျင်နီတယ်-ဆင်ဒရုမ်း) ရောဂါ = 40 mg ၂ ပါတ်တခါထိုးရန်၊
• Anti-inflammatory ရောင်ရမ်းဖြစ်စဉ်များ = 4 to 48 mg/day စားဆေး၊
• Anti-inflammatory ရောင်ရမ်းဖြစ်စဉ်များ = 10 to 40 mg အကြောဆေး-အသားဆေး ထိုးရန်၊
• Shock (ရှော့ခ်) ရခြင်း = 30 mg/kg IV every 4 to 6 hours or 100-250 mg IV every 2 to 6 hours
• Immunosuppression ခုခံအားနှိမ်ရန် = 4 to 48 mg orally per day
• Acute Asthma ရုတ်တရက် ပန်းနာထခြင်း = Oral or IV: 40 to 80 mg daily
• Asthma Maintenance ပန်းနာ ထိန်းထားရန် = Oral 7.5 to 60 mg daily
• Pediatric Dose for Anti-inflammatory ရောင်ရမ်းဖြစ်စဉ်များ (ကလေး) = 0.5 mg/kg/24 hours IV/IM
• Pediatric Dose for Acute Asthma ပန်းနာရုတ်ရက်ထခြင်း (ကလေး ၁၁ နှစ်အထိ) = Oral or IV: 1 to 2 mg/kg/day
• Usual Pediatric Dose of Methylprednisolone for Asthma Maintenance ပန်းနာ ထိန်းထားရန် (ကလေး ၁၁ နှစ်အထိ) = 0.25 to 2 mg/kg/day

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/pregnancy-and-rheumatism.html


Healthy Life

253 Blog Beiträge

Kommentare