Esophageal varices အစာမျိုပြွန်သွေးကြောပေါက်ခြင်း

ပါးစပ်ကနေ စားလိုက်သောက်လိုက်တာတွေက အာခေါင်ကနေ ဆက်ပြီး အစာမျိုပြွန်ထဲကျဆင်းမယ်။ သူ့အဆုံးမှာရှိတဲ့ အစာ

December 08, 2014
Esophageal varices အစာမျိုပြွန်သွေးကြောပေါက်ခြင်း

Esophageal varices

ပါးစပ်ကနေ စားလိုက်သောက်လိုက်တာတွေက အာခေါင်ကနေ ဆက်ပြီး အစာမျိုပြွန်ထဲကျဆင်းမယ်။ သူ့အဆုံးမှာရှိတဲ့ အစာအိမ်ထဲရောက်မယ်။ အဲဒီ အစာမျိုပြွန်နဲ့ အစာအိမ်ဆက်ရာနေရာမှာ သွေးပြန်ကြောတွေက ရောဂါရတတ်တယ်။ အသက်ဆုံးပါးတဲ့အထိ သွေးယိုနိုင်တယ်။ အများဆုံးက အသည်းမကောင်းရာနေဆက်ဖြစ်တယ်။

အသည်းဆီသွားမဲ့ သွေးပြန်ကြောတွေ ပိတ်ဆို့ခံရရာကနေဖြစ်လာတယ်။ အသည်းရောဂါ ဒါမှမဟုတ် သွေးခဲကနေ ပိတ်ဆို့စေနိုင်တယ်။ သွေးပြန်ကြောတွေဖေါင်းတင်းနေရာကနေ ပေါက်ထွက်လာနိုင်တယ်။ အသက်ကိုရန်ရှာနိုင်တယ်။ သွေးမထွက်ရင် ရောဂါရှိနေတာမသိပဲရှိနေတတ်တယ်။ သွေးပြန်ကြောပေါက်ရင် ကော်ဖီညိုရောင် သွေးအန်မယ်၊ ဝမ်းမဲနက်နေမယ်။ (ရှော့ခ်) ရနိုင်တယ်။ အသည်းမှာ ရောဂါရရာကနေ အမာရွတ်ဖြစ်တာကနေ ဖြစ်စေနိုင်တယ်။

Jaundice (ဂျွန်းဒစ်) အသားဝါနေရင်၊ အရေပြားပေါ်မှာ spider nevi ပင့်ကူအိမ်သွေးကြောလေးတွေမြင်နေရရင်၊ palmar erythema လက်ဝါးနီရဲနေရင်၊ Dupuytren's contracture လက်ပုံစံပြောင်းနေရင်၊ Shrunken testicles ကျားအစိ သေးနေရင်၊ Swollen spleen ဘေလုံးကြီးနေရင်၊ Ascites ဗိုက်ဖေါင်း ဖျင်းစွဲနေရင်၊ ဆရာဝန်ပြပါလေ။

ဘာလို့ဖြစ်ရသလဲ
• Cirrhosis အသည်းခြောက်ရောဂါကနေ ၄ဝ% ဖြစ်နိုင်တယ်။ အဲတာကလဲ အသည်းပိုးဝင်တာ၊ အရက်ကြောင့် ဖြစ်တဲ့အသည်း၊
• Fatty liver disease အဆီဖုံးအသည်း စတာတွေကနေ ဆက်ဖြစ်တယ်။
• သည်းခြေပြွန်ရောဂါကနေလဲ အသည်းခြောက် လာနိုင်သေးတယ်။ Primary biliary cirrhosis ခေါ်တယ်။
• Thrombosis ဘေလုံးသွားသွေးပြန်ကြောထဲ သွေးခဲပိတ်နေရာကနေလဲ အစာမျိုပြွန် သွေးကြောဖေါင်းတာ ဖြစ်လာနိုင်တယ်။
• Parasitic infection (ပါရာဆိုက်) ဝင်တာကနေလဲဖြစ်နိုင်တယ်။ Schistosomiasis ခေါ်တယ်။ အသည်းကိုသာမက အဆုပ်၊ အူနဲ့ ဆီးအိမ်ကိုပါဖျက်ဆီးတယ်။
• Budd-Chiari syndrome ရှားတဲ့ သွေးခဲရောဂါကနေလဲဖြစ်စေနိုင်တယ်။

Risk factors ဘယ်လိုလူတွေမှာ လာဖြစ်တတ်သလဲ
• High portal vein pressure အသည်းသွားသွေးကြောတွေဖိအားသက်ရေက်ခံနေရသူတွေ၊
• Large varices သွေးပြန်ကြောတွေဖေါင်းတာများသူတွေ၊
• Red marks on the varices စမ်းသပ်ကိရိယာ endoscope နဲ့ကြည့်ရင်အနီရောင်အသက်-မျဉ်းတွေ့နေရသူတွေ၊
• Severe cirrhosis အသည်းခြောက်တာဆိုးသူတွေ၊
• Liver failure အသည်းကနိုင်အောင်အလုပ်မလုပ်နိုင်သူတွေ၊
• Continued alcohol use အရက်စွဲသောက်နေသူတွေ၊

Complications ဘာတွေဆက်ဖြစ်လာနိုင်သလဲ Bleeding သွေးယိုမယ်၊ များတယ်။ အသက်ကိုရန်ရှာနိုင်တယ်။ တချို့သေဆုံးနိုင်တယ်။

Tests and diagnosis စမ်းသပ်နည်းတွေ
Endoscope exam ပါးစပ်ကနေ ကိရိယာထည့်စစ်ဆေးနည်းကိုအဓိကလုပ်မယ်။ ဒါ့ပြင် CT and MRI scans တွေနဲ့ Capsule endoscopy နည်းတွေလဲရှိတယ်။

Treatments and drugs ကုသနည်းတွေ
သွေးယိုနေတာကို ရပ်အောင်လုပ်ရတယ်။ Portal vein ဖိအားများနေတာအတွက် beta blocker ဆေးပေးမယ်။ propranolol (Inderal, Innopran) နဲ့ nadolol (Corgard) ဆေးတွေသုံးတယ်။ elastic bands သွေးကြောပိတ်အောင် သားရေကွင်းလိုဟာသုံးတယ်။ band ligation ခေါ်တယ်။ endoscope ကိရိယာ သုံးရတယ်။ သွေးစီးတာနှေးစေအောင် octreotide (Sandostatin) ဆေးသုံးတယ်။ သွေးယိုအပြီး ၅ ရက်မှာပေးတယ်။ transjugular intrahepatic portosystemic shunt (TIPS) သွေးသွားလမ်းပြောင်းပေးနည်း လုပ်နိုင်တယ်။ သတိနဲ့လုပ်ရမယ်။ Liver transplant အသည်းအစားထိုးနည်းကို လိုသူတွေကို လုပ်မယ်။ သွေးတခါယိုပြီးသူ နောက်ထပ်သွေးယိုနိုင်တာ သတိထားရအယ်။

Prevention ဖြစ်မှသာဆေးကုရတယ်။ အသက်သေစေနိုင်တယ်။ ဒါကြောင့် ကာကွယ်နိုင်ဘို့အရေးကြီးတယ်။ အသည်းရောဂါ မရအောင်ဂရုစိုက်ပါ။ ကူးစက်နည်းတွေကိုသိထားပါ။ ရှောင်ပါ။ ကာကွယ်ဆေးတွေ (အေ နဲ့ ဘီ) ထိုးထားပါ။ ရောဂါရှိနေရင် အသည်းဆက်အလုပ်လုပ်နိုင်အောင် သတိထားပါ။
• Don't drink alcohol အရက်ဖြတ်ပါ။
• Eat a healthy diet ကျန်းမာရေးနဲ့င်္ညညွတ်တဲ့အစားအသောက်သာစားသုံးပါ။
• Maintain a healthy weight ကိုယ်အလေးချိန်ထိန်းပါ။
• Chemicals ဓါတုပစ္စည်းတွေကိုကိုင်တွယ်ရရင် သတိထားပါ။ ဥပမာ ပိုးသတ်ဆေးတွေ။
• Reduce your risk of hepatitis အသည်းရောင်ပိုးတွေမရှိသေးရင် ကူးစက်မခံရအောင်သတိထားနေပါ။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/esophageal-varices.html


Healthy Life

253 Blog posts

Comments