ဂုတ်ထိပ်တံတားကြီး အကြောင်း

#Crd_မောင်သာ_(ရှေးဟောင်းသုတေသန)

ဂုတ်ထိပ်တံတားကြီး အကြောင်း
=================


ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်
ပိုင်း နောင်ချိုနှင့်ကျောက်မဲအကြား မန္တလေး၊
လာရှိုး မီးရထားလမ်းပေါ်တွင်
တည်ရှိသည်။
သီပေါမြိုနယ်တွင် ဟိုကွတ် အမည်ဖြင့်
ရွာတစ်ရွာရှိရာ ဟိုကွတ်ဟူသော အမည်သည်
ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိူးသွားပြီး
အခြားတစ်နေရာ ရောက်မှ မြစ်ချောင်းပေါ်လာ
သဖြင့် နမ့်ပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာ
ဟု ရည်ညွန်းကာ ယင်းနေရာကို ငုပ်ထိပ်
ကျေးရွာဟု ခေါ်ခဲ့ကြသည်။
ကာလရွေ့လျားလာသောအခါ ငုပ်ထိပ်မှ
ဂုတ်ထိပ် ဖြစ်လာခဲ့သည်။ဗြိတိသျှ အစိုးရသည်
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် 1897ခုနှစ်
တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း
ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွန်လုံကိုလည်း
မီးရထားလမ်း ဖောက်လုပ်ရန် စီစဉ်ခဲ့ရာ
ယင်း လမ်းပေါ်တွင် မီးရထားဖြတ် သွားနိုင်မည့်
ဂုတ်ထိပ် တံတားကို ဆောက်လုပ်ခဲ့ကြသည်။
ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရထားလမ်းဖြစ်
လာမည့် ဂုတ်ထိပ် တံတားကို တာဝန်ယူ
တည်ဆောက်ရန် ဗြိတိသျှ အစိုးရက
မြန်မာ့မီးရထား ကုမ္နဏီကို တည်ထောင်ပေး
ခဲ့သည်။
ထိုကြောင့် 1899 ခုနစ်တွင် မြန်မာ့ မီးရထား
ကုမ္နဏီက ဂုတ်ထိပ် တံတားကြီးဆောက်လုပ်
ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယား
နှင့်မေရီလမ်း စတီး ကုမ္နဏီတို့ကိုငှားရမ်းခဲ့သှ်။
သို့သော် တံတားကြီး ဦးစီး တည်ဆောက်သူမှာ
မြန်မာ့ မီးရထားဌာနမှ Arthur Rendel နှင့်
ဗြိတိသျှ အင်ဂျင်နီယာ များဖြစ်ကြသည်။
တံတား အတွက် အသုံး ပြုသော ပစ္စည်းများကို
အမေရိကန် နိုင်ငံမှ တိုက်ရိုက်မှာယူ တင်သွင်း
ခဲ့သည်။ (Goteik Viaduct by sir orthur sendel)
ဂုတ်ထိပ် တံတားကြီး၏ ဒီဇိုင်း ပုံစံကို ဗြိတိန်
နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင် ကုမ္နဏီက
ရေးဆွဲခဲ့သည်။
တံတားကြီးကို ထောက်ပင့်ထားသော သံတိုင်
များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂၀
မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ပေ မြင့်သည်။
ဂုတ်ထိပ်တံတား၏ထူးခြားချက်မှာ အခြားသော
တံတားကြီး များကဲ့သို့ မြစ်ချောင်းများ ကို
ဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ
ပေ၃၀၀ကျော် မတ်ဆောက်သည့် လျှိုကြီး
နှစ်ခုကို ဖြတ်သန်း တည်ဆောက်ထားဖြင်း
ဖြစ်ပေသည်။
ဂုတ်ထိပ် တံတားသည် ပေ ၂၂၆၀ ရှည်လျားပြီး
တံတား၏ အောက်ခြေသံတိုင် အချို့ကို
အနိမ့်ဆုံး ချိုင့်ဝှမ်းမြေပြင်မှ ပေ၁၁၀၀ခန့်အမြင့်
တွင်စိုက်ထူထားသည်။
တံတား၏ပျမ်းမျှ အမြင့်သည် တံတားအောက်ရှိ
လှိုင်ဂူအောက်တွင် ဖြတ်သန်းစီးဆင်းနေသော
မြစ်ရေပြင်မှ အထက်ပေ ၈၂၀ဖြစ်ပြီး အမြင့်ဆုံး
ထောက်တိုင် နေရာရှိ မီးရထားသံလမ်းသည်
တံတားအောက် မြေပြင်မှ ၃၃၅ပေ အမြင့်တွင်
တည်ရှိသည်။

တံတား တစ်ခုလုံးအတွက် သံနှင့် သံမဏိတန်
ချိန် ၄၃၁၁တန် သံမှိုပေါင်း တစ်သန်းအသုံးပြု
ခဲ့ရသည်။ တံတားတိုင် ပေါင်း ၁၆တိုင်ရှိရာ
တံတား၏အလည်တိုင်များဖြစ်ကြသည့် တိုင်
အမှတ် ၈နှင့်၉သည် အမြင့်ဆုံးဖြစ်သည်။
ရထားလမ်းဖြတ် သွားမည့် ဂုတ်ထိပ်တံတားကို
ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီး နှစ်ဂူကို
ဖြတ်သန်းလျှက် တောင်ထိပ် နှစ်ခုကိုသွယ်တန်းဖောက်လုပ်ခဲ့ရသည်။
တံတားကြီးဆောက်လုပ်မှု လုပ်ငန်းများကို
1899ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး
1900ပြည့်နှစ် ဇန်နဝါရီ ၁ရက်နေ့တွင် ပြီးစီး
ခဲ့ကာ ထိုခေတ်က ငွေကျပ်(၁၆၉၈၂၀၀)
ကုန်ကျခဲ့သည်။1903ခုနှစ်တွင် တံတားကြီးကိုစတင်အသုံးပြုခဲ့သည်။
ဂုတ်ထိပ် တံတားကြီးသည် ဒုတိယကမ္ဘာစစ်
ကာလအတွင်း မဟာမိတ်တို့၏ မြေလှန် စနစ်
ကြောင့် ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် တိုင်အမှတ် ၂နှင့်၅တို ပျက်ဆီး ခဲ့ရသည်။
မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်
တွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်
များဖြစ်သည့် တံတားအလယ်တိုင် ၄တိုင်ကို
ဗုံးခွဲ ဖျက်ဆီးခဲ့သဖြင့် တိုင်အမှတ်၁၁သည်
အောက်ခြေပျက်ခဲ့ရပြီး တိုင်အမှတ်၁၀နှင့်
၁၂တို့မှာလည်း လဲကျပျက်စီးခဲ့ရသည်။
ထိုတိုင်များပေါ်တွင် တပ်ဆင်ထားသော
ပေ၁၂၀ရှည်သည့် ပေါင်းကူးသံဘောင်၄ခု
သည်လည်း မြေကြီးပေါ်သို့ပြုတ်ကျခဲ့သည်။
1948ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး
သည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်
တံတားကြီးကို ျမန္မာနိုင်ငံ မီးရထား ဌာနက
ပြင်ဆင်ခဲ့သည်။
ဂုတ်ထိပ်တံတားပြင်ဆင်ခြင်းလုပ်ငန်းများကို
1948ခုနှစ် မေလတွင် စတင်လုပ်ဆောင်ခဲ့
သော်လည်း ပစ္စည်းများရှားပါးမှု လမ်းပန်း
ဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့်သုံးနှစ်
ကျော် အချိန်ကြာမြင့်ကာ 1951ခုနှစ်
ဩဂုတ်လတွင် ပြီးစီးခဲ့သည်။
ထိုအချိန် က ဂုတ်ထိပ်တံတားကြီးပြင်ဆင်မှု
ကုန်ကျစရိတ်ငွေမှာ ငွေကျပ် (၃၂)သိန်းဖြစ်
သည်။
မီးရထားပေါ်မှ မြင်ရသည့် ဂုတ်ထိပ် တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီး ပေါ်မှ ဖြတ်သန်းသွားဖူးတဲ့ လူတိုင်း
မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေသည်။
ယခုအခါ သက်တမ်း၁၁၅နှစ် ကျော်ခဲ့ပြီဖြစ်
သည့် ဂုတ်ထိပ်တံတားသို့ သွားရောက်ကြည့်ရှု
လိုသူ ကမ္ဘာလှည့် ခရီးသည်များ အတွက်
ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားက
သီးသန့်ရထားတွဲ RGC ၁၁၀ကို ငှားရမ်းစီးနင်း
နိုင်ရန် စီစဉ်ပေးထားသည်။
ယင်း သီးသန့်ရထားတွဲသည် ခရီးသည်၂၀
လိုက်ပါနိုင်ကာ ပြင်ဦးလွင်ဘူတာမှ နောင်ပိန်
ဘူတာ အသွားအပြန် ခရီးစဉ်အတွက် မြန်မာ
ကျပ်ငွေ နှစ်သိန်းပေးသွင်းရသည်ဟု
သိရှိရပေသည်။
ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်း
သည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်
ရှိသဖြင့် ကားလမ်းမှ ဂုတ်ထိပ်တံတားကို
မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်
တံတားကြီးကို မြင်နိုင်သည်။
ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန်
ဂုတ်ထိပ်ကြည့်ခရီးသည် များသည် မီးရထား
ဖြင့်သာ ဂုတ်ထိပ် တံတားရှိရာသို့ သွားကြရ
ပေသည်။
နေ့စဉ် နိုင်ငံခြားသား ၂၀မှ၃၀ကျော် အထိ
မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။
ယခုအခါတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်
ကားလမ်းဆက်သွယ်ရေးသည် အထူးကောင်းမွန်နေပြီဖြစ်သဖြင့် မီးရထား
ခရီးသည်အရေအတွက်သည် ယခင်ကထက်
များစွာ လျော့နည်းသွားခဲ့သော်လည်း
မိမိတို့တစ်သက်တာတွင် မမေ့နိုင်ဖွယ်
အမှတ်တရဖြစ်စေ နိုင်သည့် ဂုတ်ထိပ်တံတား
မြင်ကွင်းများကို ကြည့်ရှုလိုကြသော ပြည်တွင်း
ပြည်ပမှ ခရီးသည်များသည်ကား ကျွန်တော်
စီနင်း လိုက်ပါခဲ့သည့် မီးရထားခရီးကိုပင်
နေ့စဉ် လိုက်ပါ စီးနင်းလျှက်ရှိသည်။
========================
Credit:မောင်သာ (ရှေးဟောင်းသုတေသန)


Min Khant

15 Blog posts

Comments