Penis replacement ယောက်ျားလိင်အင်္ဂါ အစားထိုးခွဲစိတ်မှုအောင်မြင်

• တောင်အာဖရိကမှာ အသက် ၂၁ နှစ်ရှိယောက်ျားတယောက်ကို လိင်အင်္ဂါ အစားထိုးပေးတာ အောင်မြင်ပြီလို့ ဆိုနိုင်ပါ

Penis replacement ယောက်ျားလိင်အင်္ဂါ အစားထိုးခွဲစိတ်မှုအောင်မြင်

Penis replacement

• တောင်အာဖရိကမှာ အသက် ၂၁ နှစ်ရှိယောက်ျားတယောက်ကို လိင်အင်္ဂါ အစားထိုးပေးတာ အောင်မြင်ပြီလို့ ဆိုနိုင်ပါပြီ။
• အရင်က တရုပ်နိုင်ငံမှာတယောက်အပါအဝင် လိင်အင်္ဂါခွဲစိတ်အစားထိုးပေးခဲ့တာ ခွဲစိတ်မှုအောင်မြင်ပေမဲ့ ကိုယ်ခန္ဓာကနေ လက်မခံလို့ သုံးမရခဲ့ပါ။
• အခခုလူနာဟာ အသက် ၁၈ နှစ်တုံးက တောင်အာဖရိကမှာ အစဉ်အလာထုံးစံဖြစ်တဲ့ လူယောက်ျား ဖြစ်ပြီဆိုရင် လုပ်ကြရတဲ့ Circumcision ပန်းအဖျားလှီးဖြတ်ခြင်းလုပ်ရာမှာ မှားယွင်းသွားလို့ လိင်တံက ၁ စင်တီမီတာသာ ကျန်တော့တယ်။
• နှစ်တိုင်းမှာပဲ တောင်အာဖရိကမှာ အဲလိုလုပ်ရာကနေ ယောက်ျားလေးပေါင်း ရာနဲ့အထိ လိင်အင်္ဂါဖြစ်ဖြစ် အသက်သေတာဖြစ်ဖြစ် ဖြစ်နေကြတယ်။
• အခုခွဲစိတ်မှုကို Stellenbosch University တက္ကသိုလ်နဲ့ Tygerberg Hospital ဆေးရုံနှစ်ခုကနေ လုပ်ပေးတာ ဖြစ်ပါတယ်။
• ခွဲစိတ်ချိန် ၉ နာရီကြတယ်။ လိင်အင်္ဂါလှူတဲ့ဆီကနေယူပြီး တပ်ဆင်ပေးတာပါ။
• ကျောက်ကပ်အစားထိုးခွဲစိတ်ဆရာဝန် Andre Van der Merwe လည်းအဖွဲ့ထဲမှာပါတယ်။ သူပြောတာက ကျောက်ကပ်ထက် ခက်တယ်။ သွေးကြောဆိုရင် ကျောက်ကပ်မှာက ၁ စင်တီမီတာကျယ်ပေမဲ့ လိင်တံမှာ ၁့၅ မီလီမီတာသာ ရှိတယ်။
• ခွဲစိတ်မှုကို ပြီးခဲ့တဲ့ ၂ဝ၁၄ ဒီဇင်္ဘလာ ၁၁ ရက်နေ့ကလုပ်ခဲ့တာပါ။ ၃ လကြာတဲ့အခါ လိင်အင်္ဂါသစ်ကို ကိုယ်ခန္ဓာကနေ ဆက်ပြီးလက်ခံတယ်။ ဆီးသွားနိုင်တယ်။ လိင်သန်မာမှုဖြစ်တယ်။ လိင်ဆန္ဒပြည့်ဝမှုအထိ ရတယ်။ သုက်ထုတ်နိုင်တယ်။
• ကျန်သေးတာက အာရုံခံစားမှု။ အဲတာ ၂ နှစ်လောက်နေရင် ရနိုင်တယ်။ ဆေးတွေလည်း ဆက်ပေးနေရတယ်။
• ဒီလိုလုပ်ပေးခြင်းဟာ ကျင့်ဝတ်နဲ့ညီသလား၊ မညီဘူးလား စဉ်းစား ပြောဆိုနေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၅
SHARE
Credit Source: https://doctortintswe.blogspot.com/2015/03/penis-replacement.html


Healthy Life

253 Blog posts

Comments