Female Orgasm (2) အမျိုးသမီးပြီးခြင်း (၂)

လိင်စိတ်ဆန္ဒပြည့်ဝခြင်းဆိုတဲ့ (အော်ဂဇင်) ရတာကို ရောဂါရှာဖွေ စစ်ဆေးရာမှာသုံးတဲ့ FMRI Imaging Device ခေါ်တဲ့ ပုံဖေါ်က

Female Orgasm (2) အမျိုးသမီးပြီးခြင်း (၂)

Female Orgasm

လိင်စိတ်ဆန္ဒပြည့်ဝခြင်းဆိုတဲ့ (အော်ဂဇင်) ရတာကို ရောဂါရှာဖွေ စစ်ဆေးရာမှာသုံးတဲ့ FMRI Imaging Device ခေါ်တဲ့ ပုံဖေါ်ကရိယာသုံးပြီး လေ့လာလိုက်တော့ ပိုပြီး နားလည်လာရပါပြီ။

ဒီကရိယာက အမျိုးသမီးတယောက် လိင်ဆန္ဒပြည့်ဝသွားချိန်မှာ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ဦးနှောက်ထဲက အဖြစ်အပျက်တွေကို အရောင်တွေနဲ့ ခွဲခြား သိစေပါတယ်။ ဒီစမ်းသပ်နည်းကို အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီမှာရှိတဲ့ Rutgers တက္ကသိုလ်မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိချက်ကို ထုတ်ဖေါ်ချက်အရ Epileptic seizure (အပီလက်ပစီ) လို့ခေါ်တဲ့ ဝက်ရူးပြန်ရောဂါ ရှိနေသူတယောက် တက်တဲ့အခါဖြစ်ပျက်တာပြီးရင် ဒုတိယစွဲတဲ့ ဦးနှောက်ရဲ့အလုပ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုရင် အဲလိုဖြစ်နေချိန်မှာ ဦးနှောက်နေ အောက်စီဂျင်ကို အသုံးပြုပုံ တက်လာတာ ဖြစ်ပါတယ်။ ၅ မိနစ်တာ ဦးနှောက်မှာ ဖြစ်တာတွေကို FMRI (Functional Magnetic Resonance Imaging) scanner စကင်နာ သုံးလို့ သိလာရတာဖြစ်ပါတယ်။

ဒီတွေ့ရှိချက်ကို ဝါရှင်တန်၊ ဒီစီ မှာကျင်းပခဲ့တဲ့ ၂ဝ၁၁ Society for Neuroscience နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ ဗီဒီယို နဲ့လဲ ပြခဲ့ပါတယ်။ Crescendo period (အော်ဂဇင်) မရသေးခင် အဆင့်၊ (အော်ဂဇင်) အဆင့်၊ Recovery period ပြန်ကျသွားတဲ့အဆင့်တွေမှာ ဦးနှောက်ထဲက မဆိုင်ဘူးထင်ရတဲ့ နေရာအစိတ်အပိုင်းတွေ သက်ဝင်လှုတ်ရှားလာကြပုံ၊ အထွတ်အထိပ်ရောက်လာပုံနဲ့ နေသားတကျ ပြန်ကျသွားပုံတွေကို မြင်ကြည့်နိုင်ပါတယ်။

သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောကက္ခ Barry Komisaruk ကနေပြောတာက "ကျွန်တော်တို့ဟာ ဦးနှောက်ထဲကအစိတ်အပိုင်းတွေ အသက်ဝင်လာ၊ တိုးတက်လာတာတွေကို အာရုံစိုက်လေ့လာခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင် အပြုအမူတွေနဲ့ အာရုံခံတွေ အများကြီး အသက်ဝင်လာကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိတာ နည်းနည်းလေးရှိသေးတယ်။"

လိင်-ဆေးပညာ အထူးကုဆရာဝန် အသက် ၅၄ နှစ်ရှိသူ (နန်-ဝိုက်စ်) ကနေ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်တာ ဖြစ်ပါတယ်။ သူမဟာ သူ့ဖါသာ လိင်စိတ်ကြွလာစေပြီး (အော်ဂဇင်) ရစေအောင်အထိ လုပ်ပါတယ်။ သူမရဲ့ ဦးနှောက်ထဲမှာ ပြောင်းလဲနေတာတွေကို အသေအခြာ လေ့လာခဲ့တယ်။

ဝိုက်စ်ကနေပြောပါတယ်။ "ကျမတို့ ကျောင်းသူဘဝ ၁၉၈ဝ ကျော်တုံးကဆို ဒီလိုစစ်ဆေးကရိယာမျိုး မပေါ်သေးဘူး။ အခုတော့ လေ့လာလို့ သိလာရတာက ဦးနှောက်ထဲမှာ နေရာ အမျိုးမျိုးကို သုံးပြီး တကယ့် ပေါက်ကွဲမှုကြီးဖြစ်တဲ့ (အော်ဂဇင်) ကို ဖြစ်စေတာ သိလာတယ်။ (အပီလက်ပစီ) အတက်ရောဂါထတာနောက်မှာ ဒုတိယလိုက်တဲ့ ဦးနှောက် (နက်တ်ဝပ်) ကွန်ယက်အလုပ်ကြီး ဖြစ်ပါတယ်။ ဦးနှောက်ထဲက ဆက်သွယ်မှုတွေကို လေ့လာလို့ ကောင်းလှတဲ့ အခွင့်အလမ်းကြီးပါ။"

"သီအိုရီအရပြောရင် ဘယ်လို အလုပ်တွေ လုပ်တယ်ဆိုတာ သိလာစေနိုင်ပါလိမ့်မယ်။ ရှုတ်ထွေးလှတဲ့ လိင်မှုအရေးကို ပိုသိလာစေနိုင်မယ့် အသိပေးချက်လို့ ထင်ပါတယ်။ ဒါ ကျမရဲ့ PhD စာတမ်းပါ။ ကျမ ဆက်လုပ်သွားမှာပါ။"

ပါမောကက္ခ Barry Komisaruk ပြောတာက "သူတို့တတွေဟာ (အော်ဂဇင်) မရကြတဲ့ ယောက်ျား၊ မိန်းမတွေမှာ ဘာမှားနေသလဲဆိုတာ သိအောင် လုပ်ကြဘို့ ဖြစ်ပါတယ်။"

(မူဗွီ-အယ်နီမေရှင်း) ဗီဒီယိုထဲမှာ ၂ စက္ကန့်စီခြားပြီး Snapshots ပုံသေတွေ ရိုက်ထားတယ်။ ဦးနှောက်ရဲ့ ဘယ်ခြမ်း၊ ညာခြမ်းက နေရာ ၄ဝ စီလောက်မှာ ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာ လေ့လာနိုင်တယ်။ ဦးနှောက်ရဲ့ အဲဒီနေရာတွေကနေ အောက်စီဂျင် အသုံးချပုံကို မြင်နိုင်တယ်။ အနီရင့်ရောင်၊ လိမ်မော်ရောင်၊ အဝါရောင်၊ အဖြူရောင်တွေနဲ့ ခွဲပြထားတယ်။ (အော်ဂဇင်) ရချိန်မှာ ဦးနှောက်တခုလုံး ဝင်းထိန်သွားတော့တယ်။

အစပိုင်းမှာ ဦးနှောက်ရဲ့ Sensory cortex အာရုံခံ (ကော်တက်စ်) က လိင်ပိုင်းနဲ့ဆိုင်ရာ နေရာတွေမှာ သက်ဝင်လာတယ်။ လိင်အင်္ဂါနေရာကို ထိကိုင်လို့ ဖြစ်လာတာလို့ ဆိုတယ်။ ဒိနောက်မှာ ခြေ-လက်နဲ့ဆိုင်တဲ့နေရာတွေ သက်ဝင်လာတယ်။ ဒါက စိတ်လှုတ်ရှားနှု နဲ့ တာရှည် မှတ်မိစေအောင် လုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။ (အော်ဂဇင်) ရတော့မယ်ဆိုရင် (ဆယ်ရီဘယ်လန်) နဲ့ F (ဖရန်တယ်-ကောတက်စ်) နေရာတွေ သက်ဝင်လာကြတယ်။ ဒါက ကြွက်သားတွေ တင်းတောင်လာတဲ့သဘောဘဲ။

(ဟိုက်ပိုသဲလ်မတ်စ်) နေရာဟာ အထွတ်အထိပ်ကို ပြတယ်။ (အောက်စီတိုဇင်) ဟော်မုန်း ထွက်လာတယ်။ ဒီ (အောက်စီတိုဇင်) ဟာ ကလေးမီးဖွါးဘို့ သားအိမ်ညှစ်တဲ့အခါ ထွက်တဲ့ ဟော်မုန်းဖြစ်တယ်။ ဆရာဝန်တွေကတော့ သာယာမှုကိုပေးစွမ်းတဲ့ဓါတ်လို့ သတ်မှတ်တယ်။ Nucleus accumbens ဆိုတဲ့နေရာက သက်ဝင်လာတော့တယ်။ အရင်ကတည်းက သိထားတာက Nucleus accumbens (NAcc) ဆိုတာဟာ Ventral striatum ရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ သူဟာ ချီးမွမ်းတာ၊ ကျေနပ်တာ၊ သာယာတာ၊ ရယ်မောတာ၊ စွဲလမ်းတာ၊ ကြောက်ရွံ့တာတွေရဲ့ နေရာဖြစ်တယ်။
(အော်ဂဇင်) ပြီးသွားတာနဲ့ ပြောခဲ့တဲ့ အပြောင်းအလဲတွေလဲ ငြိမ်သက်သွားတော့တယ်။

"ကျွန်တော်တို့ဟာ သာယာမှုပေးစေတဲ့ (အော်ဂဇင်) ဖြစ်တာကို အသုံးပြုပြီး လေ့လာပါတယ်။ တကယ်လို့ ဒီနေရာကို နှိုးဆွပေးမယ်ဆိုပါတော့ ဖြစ်လာစရာတွေ အများကြီး ရှိပါလိမ့်မယ်။"

ချီကာဂိုတက္ကသိုလ် ဆာဗေးတခုကဒီလိုဆိုပါတယ်။
ဆယ်ကျော်သက်ကိုယ်ဝန်ရသူ = ၂့၆၆%
လက်ထပ်ထားတဲ့စုံတွဲ တနှစ်မှာ လိင်အတူနေအကြိမ်ပေါင်း (၁၉၈၈-၂ဝဝ၆) = ၆၆
မျိုးပွါးနိုင်တဲ့အရွယ်ရှိသူများ HPV လိမ်လမ်းကြွက်နို့ကူးစက်ခံရမှု = ၅ဝ%
အပြာဇာတ်ကားရိုက်အမျိုးသမီးတွေ လိင်ကျေနပ်မှုရခြင်း = ၆၉%
ရိုးရိုးအမျိုးသမီးတွေ လိင်ကျေနပ်မှုရခြင်း = ၃၂့၈%
လိင်ဆန္ဒပြည့်ဝမှု (အော်ဂဇင်) ရသူ အမျိုးသမီး = ၂၉%
လိင်ဆန္ဒပြည့်ဝမှု (အော်ဂဇင်) ရသူ အမျိုးသား = ၇၅%
လူပျိုရည်ပျက်တဲ့အသက် = ၁၆့၉ နှစ်
အပျိရည်ပျတဲ့အ်အသက် = ၁ရ့၄ နှစ်
အသက် ၂ဝ ကနေ ၅၉ နှစ်အတွင်းရှိ လိင်မဆက်ဆံဘူးသူပေါင်း = ၄%
ကိုယ်ဝန်တားဆေးသောက်ပေမဲ့ကိုယ်ဝန်ရတဲ့အမျိုးသမီး = ၅%

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2015/05/female-orgasm-2.html


Healthy Life

253 Blog posts

Comments