Gangrene (ဂင်ဂရင်း) အသားသေသွားခြင်း

Gangrene (ဂင်ဂရင်း) ဘာကြောင့်ဖြစ်ရသလည်း
သွေးကအဓိကဖြစ်တယ်။ သက်ရှိဆဲလ်တိုင်းက သွေးမရလို့မဖြစ်ပါ။ သွေးထဲမှာ အ

Gangrene (ဂင်ဂရင်း) အသားသေသွားခြင်း

Gangrene (ဂင်ဂရင်း) ဘာကြောင့်ဖြစ်ရသလည်း
သွေးကအဓိကဖြစ်တယ်။ သက်ရှိဆဲလ်တိုင်းက သွေးမရလို့မဖြစ်ပါ။ သွေးထဲမှာ အာဟာရဓါတ်တွေပါတယ်။ ခုခံအားတွေ ပါတယ်။ သွေးမရရင် အဲလိုဟာတွေမရတော့ပဲ ဆဲလ်တွေသေမယ်။

ဒီရောဂါရှိသူတွေမှာ ဂင်ဂရင်းဖြစ်လာတတ်တယ်။
- Diabetes ဆီးချိုရောဂါ၊
- Atherosclerosis သွေးကြောကျဉ်းရောဂဂါ၊
- Peripheral arterial disease အဖျားအနားသွေးကြောရောဂါ၊
- Smoking ဆေးလိပ်သောက်သူ၊
- Trauma or serious injury ဖိခိုက်ဒဏ်ရာရခြင်း၊
- Obesity အဝလွန်ခြင်းနဲ့
- Raynaud's phenomenon ရောဂါ။

အမျိုးအစားများ
၁။ Dry gangrene အခြောက်အမျိုးအစား
ဆီးချိုရှိသူတွေနဲ့ အော်တိုအင်မြူးရောဂါခေါ် ခုခံအားကမောက်ကမဖြစ်တာရှိသူတွေမှာဖြစ်တယ်။ ပိုးဝင်လာရာကနေ အစိုမျိုးပြောင်းသွားတာလည်းရှိတယ်။

၂။ Wet gangrene အစိုမျိုး
ပိုးဝင်လို့ဖြစ်ရတယ်။ မီးလောင်နာ၊ ထိခိုက်မိတာကနေ ခုခံအားနည်းပြီး ပိုးဝင်လို့ဖြစ်ရတယ်။ ရောင်လာမယ်။ အပူဖူး ပေါက်လာမယ်။ ပြန့်လာမယ်။ အသက်ကိုရန်ရှာနိုင်တယ်။

အစိုမျိုးထဲမှာ မျိုးခွဲတွေရှိသေးတယ်။
(က) Internal gangrene အတွင်းစိုမျိုး
ကိုယ်အတွင်းထဲမှာ သွေးမရလို့ဖြစ်တယ်။ ဥပမာ အူအတက်၊ အူမကြီး။

(ခ) Gas gangrene
ဓါတ်ငွေ့ထက်အမျိုးအစား
ကိုယ်အတွင်းခပ်နက်နက်နေရာမှာဖြစ်တယ်။ အတွင်းကကြွက်သား၊ အင်္ဂါအစိတ်အပိုင်းမှာ ထိခိုက်မိရာကနေဖြစ်တယ်။ clostridia (ကလော်စထွိုက်ဒီးယား) ဗက်တီးရီးယားကနေ ဓါတ်ငွေ့ထွက်စေတယ်။ အဆိပ်ငွေ့ဖြစ်တယ်။ အလွန်နံတယ်။ အရေပြားအရောင် ဖျော့လာမယ်။ ဖိကြည့်ရင် အောက်မှာလေရှိတာသိတယ်။ အရေးပေါ်ဖြစ်တယ်။ ၄၈ နာရီအတွင်း အသက်ကိုရန်ရှာနိုင်တယ်။

(ဂ) Fournier's gangrene ဖိုးနီးယားအမျိုး
ရှားတယ်။ လိင်အင်္ဂါနေရာမှာဖြစ်တယ်။ ယောက်ျားတွေမှာပိုဖြစ်တယ်။ သွေးထဲရောက်ရင် အသက်ကိုရန်ရှာမယ်။

ဘယ်လိုသိမလည်း
အရေပြားအရောင်ပြောင်းလာမယ်။ ခြောက်နေမယ်။ ပြာရာကနေ မည်းနက်လာမယ်။ ကွာကျမယ်။ အေးစက်နေမယ်။ နာချင်မှနာမယ်။ အစိုမျိုးဆိုရင် ရောင်နေပြီး နာမယ်။ အရောင်က ညိုရာက မည်းနက်လာမယ်။ မန်းရည်နဲ့ ပြည်ထွက်မယ်။ ဖျားမယ်။ ဖိကြည့်ရင် အောက်မှာလေရှိနေတာ သိမယ်။ ကိုယ်တွင်းပိုင်းမှာဖြစ်တာဆိုရင် ဖြစ်တဲ့နေရာမှာနာမယ်။ ဆိုင်ရာ ရောဂါလက္ခဏာတွေပါ တွဲရှိတယ်။

သတိထားရမယ့်အခြေအနေ
သွေးဖိအား BP ကျလာမယ်။ နှလုံးခုန်မြန်လာမယ်။ အသက်ရှူတိုလာမယ်။ ကိုယ်အပူချိန်ပြောင်းလာမယ်။ ခေါင်းထဲ ပေါ့နေမယ်။ ကိုယ်တွေနာမယ်။ အနီပြင်ထွက်နိုင်တယ်။ စိတ်ရှုတ်ထွေးလာမယ်။ အရေပြားအေးစက်နေမယ်။ ဖြော့တော့နေမယ်။

ဘယ်လိုကုသမလည်း
သေသွားတဲ့ တစ်ရှူးတွေကို ဖယ်ထုတ်ရမယ်။ ရောဂါပိုးမပြန့်အောင် ပိုးသေဆေးပေးရမယ်။ ဖြစ်စေတဲ့ အကြောင်းခံကို ကုသပေးရမယ်။ မြန်လေကောင်းလေ။ ဖြတ်ပြစ်သင့်ရင်ဖြတ်ရမယ်။ လောက်ကောင်တက်နေတာရှိရင် ကုသရမယ်။ အောက်စီဂျင်လိုနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/gangrene.html


Healthy Life

253 Блог сообщений

Комментарии