Surgery for chronic low back pain နာတာရှည်ခါးနာခြင်းနဲ့ ခွဲစိတ်ခြင်း

Wai Tun ခွဲစိပ်မူက အောင်မြင်မူလွယ်လားဒေါက်တာ။ ခွဲစိပ်မူကြောင့် တစုံတရာ ပိုပြီးထိခိုက်နိုင်ပါသလား။

Surgery for chronic low back pain နာတာရှည်ခါးနာခြင်းနဲ့ ခွဲစိတ်ခြင်း

Wai Tun ခွဲစိပ်မူက အောင်မြင်မူလွယ်လားဒေါက်တာ။ ခွဲစိပ်မူကြောင့် တစုံတရာ ပိုပြီးထိခိုက်နိုင်ပါသလား။

Lumbar spondylosis ကို Spinal arthritis နဲ့ Spinal osteoarthritis လို့လည်းခေါ်တယ်။ အမှန်က ဇရာဖြစ်စဉ်ပါ။ ဇရာဆိုတာ သိတဲ့အတိုင်း အန်တုရတာ အင်မတန်ခက်ခဲတယ်။ အသက်ရလို့ဖြစ်တာနဲ့ အသုံးများလို့ဖြစ်တာ ဆိုပြီး ၂ မျိုးကနေဖြစ်တယ်။ ဒါကြောင့် အသက်သိပ်မကြီးသေးသူတွေမှာလာဖြစ်တယ်။ အရွတ်၊ အဆစ်နဲ့ ခါးရိုးတွေကြား အရွတ်တွေမှာ ပြောင်းလဲဖြစ်စဉ်တွေရှိတယ်။ နောက်ဆက်တွဲတွေထဲကတခုက အာရုံကြောပေါ်ကို သက်ရောက်တာ ဖြစ်တယ်။ Cervical spine လည်ပင်းပိုင်း၊ Thoracic spine ရင်ခေါင်းပိုင်းနဲ့ Lumbar spine ခါးပိုင်း (၃) နေရာလုံးမှာ ဖြစ်နိုင်တယ်။

နာတာရှည်ခါးနာသူတွေကို ခွဲစိတ်ကုသပေးရတာက ငြင်းခုန်းစရာတခုဖြစ်ပါတယ်။ တိုးတက်ကောင်းမွန်လာသလား၊ နာတာတွေသက်သာသလား၊ ဒုက္ခိတဖြစ်နေတာ ကောင်းလာသလား လေ့လာမှုတွေလုပ်နေရပါတယ်။ ဒါကြောင့် Physical therapy ဖီဇီယိုကုသနည်းနဲ့ Pain management နာတာကုသနည်းကိုသာအားကိုးစေရတာများတယ်။ ခွဲဘို့မလုပ်ပါနဲ့လို့ ပြောတာတော့မဟုတ်ပါ။ လိုအပ်တာနည်းပါတယ်။ ဖြစ်နေတာ ရက်မကြာသေးသူတွေ၊ အာရုံကြောထိခိုက်မှု မဆိုးသူတွေက ခွဲစိတ်ဘို့မသင့်ပါ။

Acute sciatica ခေါ်တဲ့ ပေါင်နောက်ဖက်က အာရုံကြောကြီးကနေနာတာမျိုးကြောင့် အာရုံကြောအားနည်းလာရင်၊ တခြားကုသနည်းနဲ့သက်သာမှုမရရင်၊ Cauda equina syndrome ခေါ်တဲ့ ခါးရိုးမကြီးထဲက အာရုံကြောအခြေကို ကျွံထွက်လာတဲ့ ခါးရိုးဆစ်အရိုးနုကနေ ဖိခံထားရရင်၊ Mass အလုံးအကျိတ်ကနေအာရုံကြောကိုဖိနေရင်လည်း ခွဲရမယ်။ Bowel or bladder dysfunction ဆီးအိမ်နဲ့ အစာဟောင်းအိမ်ဆီသွားတဲ့ အာရုံကြောတွေ ထိခိုက်နေရင် ခွဲသင့်တယ်။ Neurologic dysfunctions အာရုံကြော ထိခိုက်မှုကြောင့် ခြေထောက်ပိုင်းအားနည်းနေတာ၊ ထုံ-ကျင်နေတာတွေ ဖြစ်လာရင်လည်း ခွဲစိတ်နည်းစဉ်းစားနိုင်တယ်။

ခွဲစိတ်နည်းကို Spinal decompression surgery ခေါ်တယ်။ နည်းနာတွေအမျိုးမျိုးလည်းရှိသေးတယ်။ Spinal stenosis, အာရုံကြောသွားလမ်းကျဉ်းနေတာ၊ Herniated intervertebral discs ခါးစစ်ရိုးကျွံတာ၊ Foraminal stenosis အရိုးစွန်းကြောင့် (ဖေးဆက်) အဆစ်တွေကျဉ်းတာကိုလည်း ဒီခွဲစိတ်ကုသနည်းလုပ်ရတယ်။

ခွဲစိတ်နည်း
၁။ Laminectomy စပိုင်နယ်လှိုင်ပေါ်ကိုခုံးခုံးလေးဖုံးထားတဲ့အရိုးလွာကိုဖြတ်နည်းကနေ ကျဉ်းနေတာကိုသက်သာစေမယ်။ အာရုံကြောကိုဖိတာ သက်သာစေမယ်။
၂။ Discectomy ခါးရိုးဆစ်အစိတ်အပိုင်းတခုကို ဖယ်ထုတ်ပေးတယ်။ သူကနေ အာရုံကြောကို ဖိနေတာသက်သာစေမယ်။
၃။ Foraminotomy (foraminectomy) နည်းဆိုတာ အာရုံကြောအခြေနေရာ အပေါက်ကိုချဲ့ပေးမယ်။
၄။ Osteophyte removal ဆိုတာ အပိုဖြစ်လာတဲ့အရိုးစွန်းလေးတွေကို ဖယ်ထုတ်ပေးတယ်။ အဲတာတွေကနေ အာရုံကြောကိုဖိနေတာ သက်သာစေမယ်။
၅။ Corpectomy ဆိုတာ ခါးရိုးတစ် အရိုးဖြစ်ဖြစ် အရိုးနုဖြစ်ဖြစ် ခွဲထုတ်တယ်။
၆။ Fusion of the vertebrae ခါးရိုးတွေတခုနဲ့တခု ပေါင်းသွားတာအတွက် အဲဒီခွဲနည်း တခုမကတွဲလုပ်ရတယ်။

Risks Associated with Spondylosis Surgery ခွဲစိတ်လို့ဆက်တွဲဖြစ်လာနိုင်တာတွေ
၁။ Injury to the spinal cord or nerves ခါးရိုးမကြီးထဲက အာရုံကြောကြီးကိုထိခိုက်မတာ။
၂။ Non-healing of the bony fusion (Pseudoarthrosis) အရိုးချင်းဆက်မလာတာ။
၃။ Failure to improve ပိုကောင်းမလာတာ။
၄။ Infection and/or bone graft site pain ရောဂါပိုးဝင်တာ။
၅။ Pain and swelling in the leg veins (Phlebitis) အောက်ပိုင်း သွေးပြန်ကြောတွေရောင်တာ။
၆။ Urinary problems ဆီးအသွားရခက်တာ။

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/surgery-for-chronic-low-back-pain.html


Healthy Life

253 Blog posts

Comments