FIA ဖွတ်စအိုနာကုထုံး

- မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတယ်။ အရပ်သားလွှတ်တော်အမတ် ၁ဝ% ကနေ ၃၃% အထိကနေ ကန့်ကွက်မဲပေးခဲ့တယ်။ <

FIA ဖွတ်စအိုနာကုထုံး

- မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲကြတယ်။ အရပ်သားလွှတ်တော်အမတ် ၁ဝ% ကနေ ၃၃% အထိကနေ ကန့်ကွက်မဲပေးခဲ့တယ်။
- အရပ်သားဆိုတိုင်းကို ကိုယ့်ဖက်ကလို့ (အရပ်သားဖက်ကလို့) ထင်မနေကြနဲ့။
- အဲလိုအမတ်တွေကို မဲပေးခဲ့ကြတဲ့အရပ်သားတွေရှိလို့သာ သူတို့က လွှတ်တော်တက်နေကြတာ။ အရပ်ထဲလာရင်လည်း အဲလိုအမတ်တွေကို ယပ်ခပ်တောင်ပေးကြသေးတယ်။
- ပြောတုံးဟောတုံးက ဒီမိုကရေစီ။ ပါတီနာမည်ကလည်း ဒီမိုကရေစီပဲ။ ဝတ်တာစားတာကလည်း တိုက်ပုံအင်္ကျီ၊ စုံချပုဝါနဲ့။
- လာလိမ့်အုံးမယ် နောက်ရွေးကောက်ပွဲမှာ အဲသည်အတိုင်း။
- နာမည်နဲ့ အဝတ်အစားချည်း မကြည့်ကြနဲ့။ စစ်သားချည်းအပြစ်မြင်မနေကြနဲ့။ ဘုန်းတော်ကြီးတွေထဲလည်း အဲလိုပဲ။

- လှိုက်စားတဲ့အနာဆိုတာ ဆေးပညာမှာ သိပ်အကုရခက်တယ်။ ခွဲစိတ်လှီးထုတ်၊ အနာသစ်လုပ်ပြီး အောက်အခြေကနေ အသားနုတက်စေမှသာ ရတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၅
Credit Source: https://doctortintswe.blogspot.com/2015/06/fia.html


Healthy Life

253 blog posts

Reacties