Hymen အပျိုမြှေး

(ဟိုင်မင်) အပျိုမြှေးဟာ အရေပြားအနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်က ပိုပါ

Hymen အပျိုမြှေး

(ဟိုင်မင်) အပျိုမြှေးဟာ အရေပြားအနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်က ပိုပါးတယ်။ ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနားမညီမညာရှိနိုင်တယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။ တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာမူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာကြီးတာ၊ ထိုးသွင်းမှုအရှိန်နဲ့ အကြိမ်တွေအပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာနာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ်ဆက်ဆံရင် မျက်ရည်ကျတဲ့အထိနာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့ ကြုံဘူးထားရင်စပြီး ဆက်ဆံတဲ့အခါ နည်းနည်းသာနာမယ်၊ နည်းနည်းသာ သွေးထွက်မယ်၊ သွေးမထွက်တာည်း ဖြစ်နိုင်တယ်။

လိင်ဆက်ဆံလို့မဟုတ်ပဲ တခြားအကြောင်းကြောင့် စုတ်ပြဲခဲ့တာဟာ ဘယ်နည်းလည်း၊ ဘယ်လောက်အထိလည်း ရှိသေးတယ်။ သွေးထွက်နည်းလဲ မတူခဲ့တာဖြစ်နိုင်တယ်။ ဥပမာ အားကစားလုပ်တာကနေ ဖြေးဖြေးချင်း၊ တခါချင်း၊ နည်းနည်းချင်းဖြစ်သွားခဲ့တာက သွေးထွက်တာ မသိမသာဖြစ်ချင်ဖြစ်ခဲ့နိုင်တယ်။ တကယ်ဆက်ဆံတော့ မထွက်တာ ဖြစ်နိုင်မယ်။ စုပ်ပြဲရာကထွက်တဲ့သွေးနဲ့ ရာသီသွေး ရောနေခဲ့နိုင်တယ်။

ဖါသာအာသာဖြေနည်း (မာစတာဘေးရှင်း) လုပ်တယ်ဆိုရင် အတွင်းထဲကို တခုခုထိုးသွင်းမှု ရှိသလား။ ထိုးသွင်းတာက ဘာလဲ၊ လက်တစ်ချောင်း၊ အလွယ်ရပစ္စည်း ဆိုတာမျိုးတွေက အရွယ်အစား သေးမယ်။ အိမ်ထောင်ကျရင် စုပ်ပြဲမှု ထပ်ဖြစ်နိုင်တယ်။ မင်္ဂလာဦးမှာ နာကျင်တာနဲ့ သွေးထွက်တာ နည်းနည်းဖြစ်တော့ ရှိလိမ့်မယ်။ တကယ်လို့ ကရိယာမျိုးက ကျားအင်္ဂါ အရွယ်အစားရှိလို့ တကယ်လိင်ဆက်ဆံမှု ပြုဘူးသလိုဖြစ်ထားမယ်။

(မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။ ဥပမာ Dildo ခေါ်တဲ့ ကျားလိင်အင်္ဂါအတုကို ထည့်သွင်းဘူးတာ၊ လက်နဲ့သာ (မာစတာဘေးရှင်း) လုပ်တာလား။ ၂ မျိုးလုံးကိုလဲ အပျိုရည်ပျက်စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။

လိင်ဆက်ဆံမှုမရှိဘဲလည်း အချက်တချို့ ပျက်ယွင်းနေနိုင်တယ်။ ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထံထံ လုပ်တာ၊ ဂျွမ်းဘားကစားတာတွေ ပါတယ်။ ဒီလိုကြောင့် အပျိုမြှေးပေါက်ပြဲမယ်ဆိုရင် မိန်းကလေး ကိုယ်တိုင်တောင်မှ စုပ်ပြဲသွားခဲ့တာကို သိချင်မှသိမယ်။ ဒီမိန်းကလေးမျိုးဟာ တကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံးအကြိမ်မှာ သွေးထွက်ချင်မှထွက်မယ်။ ဒါမျိုးကို အပျိုရည်ပျက်ယွင်းတယ်လို့ သတ်မှတ်တာ တရားပါသလား။
တချို့အသိုင်းအဝိုင်းတွေမှာ အပျိုစစ်ဖြစ်ခြင်းကို ဂုဏ်တရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့လဲပြီး ထိန်းသိမ်းကာကွယ်ရမဲ့ ကိုယ်ပိုင် တန်ဘိုးတရပ်လို့ ယူဆကြတယ်။ မိန်းမအင်္ဂါထဲကို Tampon, Menstrual cup လို ရာသီလာတဲ့အခါသုံးတဲ့ပစ္စည်း ထည့်သွင်းတာအပြင် မျိုးပွါးလမ်းကြောင်းထဲ လက်၊ ကရိယာထည့်ပြီး ဆေးစစ်တာကိုပါ တချို့က လက်သင့်မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။ ဆရာဝန်က အနေတော်တာနဲ့ လိုအပ်ချက်ကို မှန်မှန်ကန်ကန်ဆုံးဖြတ်ရင် မိန်းကလေးရဲ့ကျန်းမာရေးကို အကျိုးပေးပါတယ်။ အပျိုမြှေးတော့ရှိသေးရဲ့ မွေးလမ်းကြောင်းရောဂါလည်းရှိနေရင် မကောင်းပါ။

ယောက်ျားနဲ့ ပဌမဆုံးဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောပဲ၊ အပျိုမြှေးမရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေးစုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea other STDs ရောဂါတခုခုရှိနေရင်လဲ သွေးထွက်နိုင်တယ်။

သွေးမထွက်တာတခုတည်းနဲ့ အပျိုမဟုတ်ခဲ့ဘူး ပြောမရသလို အပျိုမြှေးအတုလုပ်ထားသူက သွေးထွက်တာလဲ ရှိတယ်။
(ဘော်ဒီ-လင်းဂွေ့ချ်) ဆိုတာမျိုးတွေကို အကဲခတ်ကောင်းရင် အစစ်နဲ့အတုခွဲနိုင်ပါမယ်။ အပျိုမြှေးက သာမန်ထက်ထူနေရင် ဆက်ဆံမှုကိုပါ ခက်ခဲစေတယ်။ အတွင်းထိမရောက်နိုင်တာကို မေးလာသူတွေ တယောက်မကရှိတယ်။ ပဌမဆုံး ယောက်ျားနဲ့ လိင်ဆက်ဆံတာကနေ မိန်းကလေးဆီက သွေးမထွက်တာ အပျိုမဟုတ်လို့ပါလို့ပြောဘို့ အတော်ခက်ပါတယ်။ ပဌမအကြိမ်မှာ နာကျင်မှုရှိတာ၊ မရှိတာနဲ့လည်း တစိတ်တပိုင်းသိနိုင်မယ်။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်ကြံ့ုနိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အဝိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာအရောင်က နီတယ်၊ ထိရင်သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်းပကတိ ရှိနေတယ်၊ လက်ချောင်းတချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလိုမဟုတ်ရဘူး၊ တိတိကျကျဖြစ်နေရမယ်။

ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2015/06/hymen.html


Healthy Life

253 Blog posts

Comments