သင့်ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုမခံရစေဖို့ ကာကွယ်နိုင်မယ့်နည်းလမ်းများ

ဒီနေ့ခေတ်မှာ ကလေးငယ်တွေအတွက် လုံခြုံမှုဆိုတာ တကယ့်ကို သတိထားရမယ့် ကိစ္စတစ်ခု ဖြစ်လာခဲ့ပါပြီ။

သင့်ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုမခံရစေဖို့ ကာကွယ်နိုင်မယ့်နည်းလမ်းများ

ဒီနေ့ခေတ်မှာ ကလေးငယ်တွေအတွက် လုံခြုံမှုဆိုတာ တကယ့်ကို သတိထားရမယ့် ကိစ္စတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ နေရာတိုင်းမှာ အခွင့်အရေးသမားတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ဖို့အခါအခွင့်ချောင်းနေတဲ့သူတွေ ရှိနေတာကြောင့်ပါပဲ။ သင့်ရဲ့ ကလေးငယ်ကို ဒီလူတွေရဲ့လက်က လွတ်အောင် ဘယ်လို ကာကွယ်ပေးနိုင်လဲ။ ဘယ်လိုစောင့်ရှောက်ပေးမလဲ။ အောက်မှာပါတဲ့အချက်လေးတွေကို ဖတ်ကြည့်မယ်ဆိုရင် သင် ဗဟုသုတ ရနိုင်ပါလိမ့်မယ်။

Learn how to protect Child sexual abuse

(၁)။ သူစိမ်းတွေကို မယုံကြည်စေဖို့

ကိုယ့်ရဲ့မိသားစုဝင်တွေကလွဲပြီး ပြင်ပက သူစိမ်းတွေကို ယုံယုံကြည်ကြည်မဆက်ဆံဖို့ ကလေးကို အမြဲမှာထားပါ။ တစ်ယောက်ယောက်က မုန့်ကျွေးမယ်ပြောပြီးခေါ်သွားရင် မလိုက်ဖို့၊ လမ်းကြုံစက်ဘီး၊ဆိုင်ကယ်၊ကား စတာတွေနဲ့ခေါ်သွားရင် မလိုက်ဖို့၊ အရုပ်တွေ၊ကစားစရာတွေ လက်ဆောင်ပေးရင် မယူဖို့ စတာတွေကို အမြဲမှာဖို့မမေ့ပါနဲ့။ ကလေးတွေဟာ သူတို့ ကြိုက်တဲ့အရာတွေနဲ့ ဆွဲဆောင်ခံရရင် လူစိမ်းတွေကို ယုံကြည်သွားတတ်တာကြောင့် သင့်ရဲ့ကလေးငယ်ကို သူစိမ်းတွေနဲ့ ပတ်သက်ပြီး သေချာလေး မှာထားဖို့လိုပါတယ်။

(၂)။ သင်ကိုယ်တိုင်လည်း မယုံပါနဲ့

သင်ကိုယ်တိုင်လည်း သူစိမ်းတွေ၊ အသိအကျွမ်းတွေ၊ သူငယ်ချင်းတွေလက်ထဲ ကလေးကို ယုံယုံကြည်ကြည်ထည့်လိုက်ဖို့ ဘယ်သောအခါမှ မစဉ်းစားပါနဲ့။ ကိုယ်နဲ့ မိတ်ဆွေဖြစ်နေပေမယ့်လည်း သူ့ရဲ့အတွင်းစိတ်ထဲမှာ ဘာရှိနေမယ်ဆိုတာ မသိရဘူးလေ။ နောက်ပြီးတော့ ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲကနေ ကိုယ့်ရဲ့ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားတာမျိုးတွေလည်း မကြာခဏ ကြားနေရတာပဲမဟုတ်လား။ ဒီတော့ သင်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ မယုံတာအကောင်းဆုံးပါ။ ကလေးကို ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ရဲ့လက်ထဲ ယုံယုံကြည်ကြည်ထည့်လိုက်ဖို့ မစဉ်းစားပါနဲ့။

Learn how to protect Child sexual abuse

(၃)။ သင့်မှာနာမည်စာရင်းတစ်ခု ရှိပါစေ

သင့်ရဲ့ခင်ပွန်း၊ ဒါမှမဟုတ် သင့်ရဲ့ဇနီးသည် ၊ သင့်ရဲ့အဖေနဲ့အမေ ၊ သင့်ရဲ့ ညီမလေး စသဖြင့် သင်အယုံကြည်ရဆုံးလို့ ထင်တဲ့သူတွေကို စာရင်းတစ်ခု လုပ်ထားပါ။ သင် မအားတဲ့အချိန် သင့်ကလေးကျောင်းအကြိုအပို့လုပ်တာတို့၊ သင့်ကလေးကို အိမ်မှာထားခဲ့ဖို့လိုတာတို့ဆိုရင် အဲဒီစာရင်းထဲမှာ ရှိတဲ့ လူတွေကလွဲလို့ ဘယ်သူနဲ့မှ မထားခဲ့ပါနဲ့။ တကယ်လို့ သင့်ရဲ့စာရင်းထဲကလူတွေက သင်လိုအပ်တဲ့အချိန်မှာ ရှိနေမနေဘူးဆိုရင် ကလေးကို သင့်ရဲ့သွားလေရာသာ ခေါ်သွားပါ။ အဲဒါက ပိုပြီး လုံခြုံပါလိမ့်မယ်။

(၄)။ သင်ပေးပါ

သင့်ရဲ့ကလေးငယ်ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ သင်ပေးပါ။ ဘယ်အစိတ်အပိုင်းကတော့ အရေးကြီးတယ်။ ဘယ်အစိတ်အပိုင်းကိုတော့ဖြင့် အထိ ခံလို့မရဘူး။ စသဖြင့် သူတို့ကို သင်ပေးထားဖို့လိုပါတယ်။ သင့်အနေနဲ့ ကလေးတစ်ယောက်က ဒါတွေ သိစရာမလိုဘူးလို့ မတွေးပါနဲ့။ အဲဒီလို ဗဟုသုတတွေကို သူတို့ကြားဖူးထားခြင်းက ကလေးတွေအတွက် တကယ်ပဲ အထောက်အပံ့ဖြစ်စေမှာပါ။

Learn how to protect Child sexual abuse

(၅)။ တစ်ယောက်တည်း စိတ်ချလက်ချလွှတ်မထားပါနဲ့

သင့်အနေနဲ့ အရမ်းအလုပ်များနေတယ်ဆိုရင်တောင် ကလေးကိုတော့ တစ်ယောက်တည်း စိတ်ချလက်ချ လွှတ်မထားပါနဲ့။ ကိုယ်က မီးဖိုထဲမှာ အလုပ်ရှုပ်နေချိန်၊ ကလေးက ခြံထဲမှာ ဆော့နေတယ်ဆိုရင်တောင် ခြံတံခါးကို သော့သေချာခတ်ထားတာမျိုး လုပ်ထားပါ။ ရွယ်တူကလေးတွေနဲ့ ကစားနေတယ်ဆိုရင်တောင် သင့်ရဲ့မျက်စိအောက်မှာ ကစားနေတာမျိုးက သင့်ကလေးအတွက် ပိုပြီး လုံခြုံစေပါလိမ့်မယ်။

STOP Child sexual abuse

Credit: JustNowMyanmar / Images: Internet


Healthy Life

253 Blog posts

Comments