High platelets သွေးမှုံများနေခြင်း

ဆရာရှင့် ဆေးစစ်ချက်ကို attach လုပ်ထားပါတယ်။ ဖြစ်သူက အသက် ၈၉ နှစ် ကျွန်မ အဖွားပါ။့ မြို့မှာနေပါတယ်။ အမြဲ နှာစ

High platelets သွေးမှုံများနေခြင်း

ဆရာရှင့် ဆေးစစ်ချက်ကို attach လုပ်ထားပါတယ်။ ဖြစ်သူက အသက် ၈၉ နှစ် ကျွန်မ အဖွားပါ။့ မြို့မှာနေပါတယ်။ အမြဲ နှာစီးခြင်း၊ pressure များခြင်း ၊ (၁၆၀/၁၂၀)လောက်ထိက ပုံမှန်ရှိနေတတ်ပါတယ်။ ချောင်းဆိုးလို့ သလိပ်ပိုးစစ်ပြီး ဆေးရုံတက်ကာ ပိုးသတ်ရပါတယ်။ TB ပိုးတော့ မဟုတ်ပါဆရာ။ တုပ်ကွေးကာကွယ်ဆေး ထိုးထားပါတယ်။ အခုသက်သာပါတယ်။ ဆေးစစ်ပြီး ရန်ကုန်က ဆရာဝန်ကို result လှမ်းပို့ပြီး treatment ခံယူပါတယ်၊ ပုံမှန်ဆို တစ်နှစ်တစ်ခေါက်လောက်ဘဲ ရန်ကုန်လာလို့ပါ။ result ကို ဆရာဝန်က တော်တော်မကြိုက်ပါ။LAB result မှားတာလည်း ဖြစ်နိုင်တယ်ပြောပါတယ်။ အခု ပြန်စစ်ခိုင်းထားပါတယ်။ November 2015 မှာဆေးစစ်ပြီး January 2016 အခုမှာ ပြန်စစ်တော့ ဒီလတွေအတွင်း WBC ကတက်မလာဘူး ပြောပါတယ်၊ PLT က 762 ဆိုနော့ အရမ်းများတယ် ပြောပါတယ်။ သွေးကင်ဆာအဆင့်ထိ ဖြစ်နိုင်လားဆရာ။ သွေးအရမ်းပျစ်တော့ သွေးဖောက်ထုတ်ဖို့ကောလိုမလားရှင်။ အသက်က ၉ဝ နီးပါးဆိုတော့ ကုသမှုအရမ်းပြင်းမှာလည်း စိုးပါတယ်။

သွေးဆိုတာ အရည်ထဲမှာ အစိုင်အခဲလေးတွေပါတယ်။ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုံတွေဖြစ်တယ်။ သွေးမှုံကလည်း အလွန်တရာ အရေးပါတယ်။ သွေးခဲစေဘို့လုပ်ပေးတယ်။ နည်းမကောင်း များမကောင်း။ လူကောင်းတယောက်မှာ 150,000 to 450,000 per microliter ရှိတယ်။ သွေးမှုံတွေကို ရိုးတွင်းခြင်ဆီနေထုတ်ပေးတယ်။

နည်းတာကိုရေးထားပြီးပြီ။ များတာမှာ ၂ ပိုင်းရှိတယ်။ ဘာလို့ဖြစ်မှန်း မသိတဲ့ primary thrombocythemia နဲ့ secondary thrombocytosis တွေဖြစ်ကြတယ်။ သိတာထဲမှာ သွေးအားနည်းတာ၊ သွေးယိုတာ၊ ပိုးဝင်တာ၊ ကင်ဆာဆေး ပေးထားတာ၊ Chronic myelogenous leukemia ရောဂါ၊ Inflammatory disorders (Kawasaki disease) ရောဂါ၊ Myelodysplasia ရောဂါ၊ Myelofibrosis ရောဂါ၊ Polycythemia vera ရောဂါ၊ Steroids ဆေး၊ Splenectomy ဘေလုံးထုတ်တာတွေကနေဆက်ဖြစ်နိုင်တယ်။

အဲလိုများနေပေမယ့် ဘာမှမခံစားရတာလည်းရှိတယ်။ တခါတလေ အရေးပေါ်ဖြစ်တယ်။ သွေးခဲတာ၊ သွေးယိုတာနဲ့ ဆထုပ်ရတာဖြစ်နိုင်တယ်။ တချို့မှာ ခေါင်းကိုက်မယ်။ ခြေလက်ထုံနေမယ်။ အားနည်းနေမယ်။

သတိထားစရာတွေကတော့ Bleeding သွေးယိုနိုင်တယ်၊ နှာခေါင်း၊ သွားဖုံး၊ ဝမ်းထဲသွေးပါ၊ သွေးခြည်ဥတာတွေ ဖြစ်တယ်။ သွေးခဲနိုင်တယ်၊ Stroke ဆထုပ်ခ်ရနိုင်တယ်။ စကားပြောမမှန်တာ၊ အသက်ရှူခက်လာတာ၊ စိတ်ရှုတ်ထွေးတာ၊ သတိမေးတာ၊ သတိလစ်တာ၊ ခေါင်းမူးတာ၊ ခြေလက်မှာပူလောင်လာတာ၊ ပျို့တာ၊ မေး၊ လည်ပင်းနဲ့ဗိုက်နာတာ၊ တက်တာတွေဖြစ်နိုင်တယ်။

Dr. တင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2016/01/high-platelets.html


Healthy Life

253 Blog posts

Comments