Male breast cancer ယောက်ျားရင်သားကင်ဆာ နှင့် မေးတာသာဖြေတယ်

ဆရာ ယောက်ျားလေးမှာ ရင်သားကင်ဆာ ဖြစ်တက်လား ခင်ဗျ ။ ကျနော် နို့သီးခေါင်းမှာ အဆီကျိတ်လို ဖြစ်ပြီး နာနေတာ တလ

Male breast cancer ယောက်ျားရင်သားကင်ဆာ နှင့် မေးတာသာဖြေတယ်

ဆရာ ယောက်ျားလေးမှာ ရင်သားကင်ဆာ ဖြစ်တက်လား ခင်ဗျ ။ ကျနော် နို့သီးခေါင်းမှာ အဆီကျိတ်လို ဖြစ်ပြီး နာနေတာ တလလောက်ရှိ့ပြီမို့ပါ။ ကျနော် အသက် ၂၆ ပါဆရာ။ လေးစားစွာဖြင့်

ဖြစ်နိုင်။ မေးတဲ့သူတော့ မသိ။

ဖြစ်တက်လို့ မှားနေသူတွေ အတော်ကိုများတယ်။ ဖြစ်တတ်လို့ ရေးရတယ်။

ယောက်ျားတွေမှာ ရင်သားကင်ဆာဖြစ်တာ ရှားတယ်။ မဖြစ်နိုင်တာတော့ မဟုတ်။ အသက်အရွယ်မရွေးလို့ ပြောနိုင်ပေမဲ့ အသက်ကြီးမှာဖြစ်တာများတယ်။ စောစောသိရင် ပျောက်နိုင်တယ်။ ခွဲစိတ်နည်း၊ ခီမိုဆေးပေးနည်းနဲ့ ဓါတ်ကင်နည်းတွေ လုပ်တယ်။

အသက်ကြီးသူ၊ Estrogen ဟော်မုန်းဆေးသုံးရသူ၊ မိသားစုရာဇဝင်ရှိသူ၊ Klinefelter's syndrome ခေါ် မျိုးဗီဇရောဂါ ရှိသူ၊ အသည်းရောဂါရှိသူ၊ အဝလွန်သူ၊ ကျားအစိရောဂါရှိသူတွေမှာ ဖြစ်နိုင်တယ်။

အမေး အဖြေ
မေးခွန်းတွေကို ဓမ္မဒိဋ္ဌာန်ကျကသာ ဖြေပါတယ်။ ဖြစ်နိုင်သလားမေးရင် ဖြစ်နိုင်တယ်။ မဖြစ်နိုင်ဘူးသာ ဖြေတယ်။ သူ့မှာ ဖြစ်နေ မနေ မမေးပါ။

အတော်များများက သူ့မှာဖြစ်နေတာကို ဖြစ်တတ်သလားသာမေးကြတယ်။ မေးစရာမလိုတာ။ ကုသနည်း မမေးတော့ မဖြေပါ။

ဆရာဝန် ဆေးရုံ ပြရမလားမေးတာတိုင်းကိုလည်း မဖြေပါ။ မေးတဲ့သူတွေက ဘယ်မှာနေလို့ ဘယ်လိုဆေးရုံမျိုး ဆရာဝန်မျိုးတွေနဲ့ လက်လှမ်းမီကြသလဲ မသိပါ။ ငွေကြေးတတ်နိုင်တာလည်း မသိပါ။ ဆရာဝန်ပြ မပြကို ဆရာဝန် မေးစရာမလိုလို့ ထင်တယ်။

အတော်များများကပဲ မေးကြတယ်။ စိုးရိမ်ရသလားတဲ့။ ကုသနည်းနဲ့ ကာကွယ်နည်း မမေးကြပါ။ မေးတဲ့သူရဲ့ စိုးရိမ်ရမှတ် မသိပါ။

ကျွန်တော်က ကျောင်းသားလုပ်ခဲ့တာ ၁၇ နှစ်ကြာတယ်။ မေးတာသာဖြေပါလို့ ဆရာတွေက သင်ပေးတယ်။

ဘယ်လိုလုပ်ကမလဲ မေးရင်လည်း မဖြေတတ်ပါ။ ကျွန်တော်က ပန်တျာကျောင်းဆင်း မဟုတ်။

ဒေါက်တာတင့်ဆွေ

Credit Source: https://doctortintswe.blogspot.com/2019/07/male-breast-cancer.html


Healthy Life

253 Blog posts

Comments