စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု - Happiness

★ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးကို #ပီတိ လို့ခေါ်တယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုမှာ အရေးပါတယ်ဆိုတဲ့ဟာကို ဒီစာအုပ်လေး (HAPPINESS : A Guide to Developing Life's Most Important Skill - Matthieu Ricard) ထဲက ဟာကို ဖတ်ပြမယ်။

စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု - Happiness
==========
★ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးကို #ပီတိ လို့ခေါ်တယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုမှာ အရေးပါတယ်ဆိုတဲ့ဟာကို ဒီစာအုပ်လေး (HAPPINESS : A Guide to Developing Life's Most Important Skill - Matthieu Ricard) ထဲက ဟာကို ဖတ်ပြမယ်။

★ ဒီ စာအုပ်က HAPPINESS တဲ့ ပြင်သစ်နိုင်ငံသား ဘုန်းကြီးတစ်ပါး ရေးထား Cellular Biology နဲ့ PhD ရခဲ့တာ ဒီဘုန်းကြီးက။ တရားထိုင်လာတာ နှစ်ပေါင်း ၃၀ ကျော် ၄၀ ကျော် လောက်ရှိနေပြီ။ စာမျက်နှာ-၁၇၀ ဘုန်းဘုန်း ဖတ်ပြမယ်။

Three main conclusions emerge from such work.

★ Happiness အကြောင်း ပျော်ရွှင်မှုအကြောင်း ပြောကြတယ်လေ သုတေသနတွေလုပ်ကြတယ်။ အဲဒီဟာထဲကနေ ပေါ်လာတဲ့ ကောက်ချက်သုံးခု ရှိတယ်တဲ့။ နံပါတ် (၁)ကတော့...

First, outward conditions and other general factors - such as wealth, education, social status, hobbies, sex, age, ethnicity, and so on - have circumstantial influence but account altogether for no more than 10 to 15 percent of the variable satisfaction quotient.

★ Outward conditions ဆိုတာက အပြင်ကအကြောင်းအရာတွေ တချို့က အိမ်ပိုကြီးတယ် တချို့က အိမ်သေးတယ်။ တချို့လူတွေ အိမ်က လမ်းနဲ့ကပ်နေတော့ ဖုန်ပေါတယ်။ တချို့ကျတော့ နည်းနည်းတောင်ကုန်းပေါ်မှာ လေပိုပြီးတော့ ကောင်းတယ်။

★ တချို့ ရေခက်တယ်၊ တချို့ ရေပိုပြီးတော့ ကောင်းတယ်။ အဲဒီလို အပြင်က အနေအထားတွေပေါ့။ စားဝတ်နေရေး ကျန်းမာရေးဆိုတဲ့ အပြင်က ပစ္စည်း စားစရာ တချို့က ပိုက်ဆံရှိတယ် တချို့ကျ ပိုက်ဆံ သိပ်မရှိဘူး။ ချွေချွေတာတာ စားရတယ်။

★ ဗဟုသုတဖြစ်အောင် ပြောလိုက်အုန်းမယ် အင်တာနက်ပေါ်မှာ ဘုန်းဘုန်းတို့ သုံးပါးဓာတ်ပုံ တက်လာလို့လေ။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးနဲ့ နောက်ပြီးတော့ နောက်တစ်ပါးက မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် မိဂဒါရုံ ဆရာတော်လို့လည်းခေါ်တယ် ဒေါက်တာ ပဏ္ဍိတာတာဝရာဘိဝံသ နဲ့ ဘုန်းဘုန်းနဲ့ သီရိလင်္ကာ မှာ ရိုက်ထားတဲ့ ဓာတ်ပုံ၊ ဘုန်းဘုန်းတို့ သီရိလင်္ကာ ရောက်ခါစ။

★ ဘုန်းဘုန်းတို့ သီရိလင်္ကာရောက်ခါစက ဆိုရင်လေ မနက်ဆွမ်းကို သံဃာ (၇)ပါး ရှိတာလေ အဲဒီ နှစ်ပါး အပါအဝင် (၇)ပါး ရှိတာ ဘုန်းဘုန်းက အသက် ၂၆-နှစ် ဦးဇင်းငယ်လေး။ သံဃာ (၇)ပါး ရှိတာ မနက်ဆွမ်းကို ဘုန်းဘုန်းတို့ ကိုယ်တိုင်လုပ်ရတယ်။ ဒါပေမဲ့ များများစားစား ချက်စရာမရှိဘူး။

★ ခေါက်ဆွဲခြောက်သုံးထုပ် ခေါက်ဆွဲခြောက်ကို တခါတည်း ချွေချွေတာတာ သုံးတယ်ပေါ့။ သုံးထုပ်ကို ဘုန်းကြီး (၇)ပါး မနက်စာ ဘုန်းတယ်။ အခုကျတော့ ပါမောက္ခချုပ်ဆရာတော် ဆိုပြီးတော့ တစ်နိုင်ငံလုံးက အကျိုးကျေးဇူး ခံစားတာပေါ့ ဆရာတေ်ာကြီးရဲ့ အသိဉာဏ်တွေ သီလ သမာဓိ ပညာတွေ နောက် မန္တလေး ဆိုလည်း အဲလိုပဲ တခြားဆရာတော်တွေလည်း ရှိသေးတယ်။

★ နောက် အဲထဲမှာ ကျိုက္ကလော့ဆရာတော် ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်ဆရာတော်၊ အဲတစ်ပါးလည်း ပါတယ် ဘုန်းဘုန်းလည်း ပါတယ်။ အခု အောက်စဖို့ဒ်ဆရာတော်ဆိုတဲ့ဟာ ဆွမ်းဟင်းတွေက တချို့နေရာမှာဆို စားပွဲတောင် မဆန့်ဘူး။

★ ဒါပေမဲ့ သီရိလင်္ကာမှာ ဘုန်းဘုန်းတို့ (၇)ပါးက ခေါက်ဆွဲခြောက်သုံးထုပ် ပြုတ်ပြီးတော့လေ ဒီ (၇)ပါးစာ တစ်ထုပ်ကို နှစ်ပါးတောင် မကဘူး ဟုတ်တယ်မို့လား။ သုံးထုပ်ကို (၇)ပါးဆိုတော့ အဲပုံစံမျိုးနဲ့ ဘုန်းဘုန်းတို့ နေခဲ့တာလေ ဒါပေမဲ့ ဘုန်းဘုန်းတို့က စိတ်မညစ်ဘူး။

★ အပြင်က ပစ္စည်း ပြည့်စုံတယ် ချို့တဲ့တယ်ဆိုတာ သူက ဒီသုတေသန အရဆိုရင် ပျော်ရွှင်မှုရဲ့ ၁၅-ရာခိုင်နှုန်းပဲ ပါနိုင်မယ်။

Second, we seem to have a genetic predisposition to being happy or unhappy - about 25 percent of our potential for happiness appears to be determined by genes.

★ နောက်ထပ် ၂၅-ရာခိုင်နှုန်းကျတော့တဲ့ ကမ္မဗေဒ ဆိုတာ Genes ပေါ့ မွေးရာပါ အဲထဲမှာ ပါလာတာ။ အရမ်းကို ငြီးတတ်တဲ့ မိဘဆီကနေ မွေးဖွားလာတဲ့ ကလေး သူများလောက် မပျော်မှာတော့ သေချာသလောက် နီးပါးလောက်ရှိတယ်။ ပျော်ပျော်နေတတ်တဲ့ မိဘဆီကနေ မွေးဖွားလာတဲ့ ကလေး ဒီကလေး လောကဓံကို ပိုပြီးတော့ ခံနိုင်ဖို့ရာ ရှိတယ်။ ဒါ Genes ထဲမှာ ပေါ်လာတာ။… Genes ဆိုတာက ဗီဇကိုပြောတာ။

★ နံပါတ်သုံး ကတော့ ခုန ၁၅-ရာခိုင်နှုန်းရယ် ၂၅-ရာခိုင်နှုန်းရယ် ဆိုရင် ၄၀-ရာခိုင်နှုန်း။ ကျန်တဲ့ ၆၀-ရာခိုင်နှုန်းကျတော့...

Third, we can exert considerable influence on our experience of happiness and unhappiness through the way we live and think, how we perceive life's events, and how we react to them.

★ ကျန်တဲ့ဟာကတော့ ဖြစ်ပေါ်လာတဲ့ အနေအထားပေါ်မှာ အခြေအနေပေါ်မှာ အဲဒါကို ကိုယ်က ဘယ်လိုကြည့်တယ်ဆိုတာ ကိုယ်ရဲ့ အမြင်ပေါ်မှာ ကိုယ်ကဘယ်လိုနေထိုင်တယ်ဆိုတဲ့ ကိုယ်ရဲ့ အနေအထိုင်ပေါ်မှာ How we perceive them အဲဒါကို ဘယ်ရှုထောင့်ကနေ ကြည့်တယ်ဆိုတဲ့အပေါ်မှာ အဲပေါ်မှာ မူတည်တယ်တဲ့။

★ ခုနနေတုန်းက ဘုန်းဘုန်းပြောခဲ့ပြီးပြီ လူတစ်ယောက်က ကိုယ့်ကို ဆဲဆိုတယ်ဆိုရင် ငါ့ လာဆဲရမလား ဒီရှုထောင့်ကနေ ကြည့်ရင် ပြန်ပြီးတော့ ရိုက်တယ်။ အဲလို မဟုတ်ဘဲ ဒီလူကတော့ အလိုလိုနေရင်း နဲ့ သူ စိတ်ဒုက္ခရောက်နေပြီ ဒုက္ခတွေလိုက်ရှာနေပြီ။ အဲလိုပြောရင် ကိုယ့်စိတ်က ဆူပူမှုမဖြစ်ဘူး သူ့ကိုပဲ သနားတယ်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
???

“စိတ်လှုပ်ရှားမှုမလိုအပ်တဲ့ ပီတိ Joy Without Excitement (၂၁.၁.၁၉ မိုးကောင်း) ” တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။
Transcribed #ThazinHtike
photo credit original uploader


blank

22 blog messaggi

Commenti