မပျော်ရွှင်မှု ဘယ်ကနေလာလဲ

Happiness ဆိုတဲ့စာအုပ် “စိတ်ဘယ်လိုပျော်ရွှင်အောင်လုပ်မှာလဲ” - Matthieu Ricard ဆိုတာ France လူမျိုး ဘုန်းကြီးဝတ်ထားတာ Cellular Biology

မပျော်ရွှင်မှု ဘယ်ကနေလာလဲ
===============


★ Happiness ဆိုတဲ့စာအုပ် “စိတ်ဘယ်လိုပျော်ရွှင်အောင်လုပ်မှာလဲ” - Matthieu Ricard ဆိုတာ France လူမျိုး ဘုန်းကြီးဝတ်ထားတာ Cellular Biology နဲ့ PhD ရထားတယ်။ ဒီစာအုပ်က Europe Times ရဲ့ best seller . အိမ်သစ်တက်ဖို့အတွက် ဘုန်းဘုန်း ဒီစာအုပ်ပြမယ်။


★ Chaper-15 က A Sociology of Happiness တဲ့။ အဲဒီထဲမှာ စာမျက်နှာ-၁၇၁ မှာ ဘုန်းဘုန်း ဖြတ်ပြမယ်။ သူက လန်ဒန် စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခကြီးတစ်ယောက်ကို ကိုးကားထားတယ် Richard Layard ဆိုတာ -
As Richard Layard, “We have more food, more clothes, more cars, bigger houses, more central heating, more foreign holidays, a shorter working week, nice work, and, above all, better health.”


★ အရင်ထက်စာရင် သူတို့ရဲ့ ဒီထဲမှာ compare လုပ်ထားတဲ့ statistics အရဆိုရင် 1949 ကနေ အမေရိကန်မှာဆိုရင် average GDP က inflation ကိုတွက်ကြည့်ပြီးတော့ အဲဒါကို ထည့်တွက်ကြည့်ပြီး နှစ်ဆတိုးတယ် တစ်ဦးချင်းရဲ့ GDP.


★ ဒါပေမဲ့ လူတွေပိုပြီး ပျော်ရွှင်လားဆိုရင် သူတို့ထားတဲ့ statistics အရဆိုရင် Happy က မဖြစ်ယုံတင်မကဘူး နည်းနည်းလေးတောင်ကျတယ် နည်းနည်းလေးကျတယ် statistic အဲတော့ -
One of the main sources of people's discontent comes from comparing themselves with others in their family, at their workplace, and among their acquaintances.


★ မပျော်ရွှင်မူတစ်ခုကတော့ ဘယ်ကနေလာတာတုန်းဆိုတော့ #နှိုင်းယှဉ်မှု မိသားစုအတွင်းမှာ၊ အခု သုခတို့ တစ်ယောက်တည်းဆိုတော့ နှိုင်းယှဉ်စရာလူ မရှိဘူး။ မောင်နှမနှစ်ယောက်ရှိတယ်ဆိုရင် မေမေက အကြီးတစ်ယောက်ကို ပိုချစ်တယ်၊ အငယ်တစ်ယောက်ကို ပိုချစ်တယ် siblings မှာ အဲဒါတွေရှိတယ်။


★ နောက်ပြီးတော့ at workplace အလုပ်မှာ ဘယ်သူကျတော့ဖြင့် ဘော့စ်က မျက်နှာသာပေးတယ် ဘယ်သူကျတော့ဖြင့် ငါ့ကျတော့ ဒီလို အဲဒါမျိုးတွေ။ နောက် among their acquaintances မိတ်တွေ သူငယ်ချင်း ဆွေမျိုးတွေထဲမှာ ဒီလိုပဲ ပြိုင်တယ်။


★ Dinner သွားတယ်ဆိုရင် ဘယ်လိုဝတ်တယ်၊ ဘာလိုနာရီပတ်တယ်၊ ဘယ်လိုကားစီးတယ် အဲဒါမျိုးတွေ ပြိုင်ကြတာ။ မင်္ဂလာဆောင်သွားတယ်ဆိုရင် ဘယ်လိုအဝတ်အစား ဝတ်မှာလဲ စိန်နားကပ်က ဘယ်လောက်တန်တယ် ဒီလို ဆွဲကြိုးတွေက ဘယ်လောက်တန်တယ် အဲဒါမျိုးတွေ လူတွေက ပြိုင်ကြတယ်။


★ ပြိုင်တဲ့အခါကျတာ့ ပြိုင်တာကို ပါဠိလို “မာန” လို့ခေါ်တယ်။ မာန ဆိုတဲ့ စကားလုံးက ပြိုင်တယ်လို့ အဓိပ္ပါယ်ရတယ် အချင်းချင်းပြိုင်တယ်။ ပြိုင်ဆိုင်မှုဆိုတဲ့ အိမ်ထဲမှာနေနေရင် You will never feel in home. Home မဖြစ်နိုင်ဘူး၊ House ပဲဖြစ်မှာ။


★ ဒီ House ထဲကနေ ကိုယ်မထွက်နိုင်ဘူး။ ဘာလို့တုန်းဆိုတော့ ငါ့ အိမ် ဆိုပြီး ကိုယ်က သတ်မှတ်ထားတာလေ။ ငါ့အိမ်ဆိုပြီး သတ်မှတ်ထားတဲ့အခါကျတော့ ဘယ်သူပဲလာထိထိ ကိုယ်စိတ်ထိခိုက်တယ် ဒေါသဖြစ်တယ်။


★ ကိုယ်စီးတဲ့ကားကို လူတစ်ယောက်က ကိုယ်အမြဲတန်း ဒီလို နှိုင်းယှဉ်တဲ့အကျင့်ရှိနေရင် ကိုယ်စီးတဲ့ကားကို လူတစ်ယောက်က လာပြီးတော့ ခင်ဗျားတို့ကားက ၂၀၁၀ model ဖြစ်နေတယ် အဲလို လာပြောတာနဲ့ စိတ်ထဲမှာလေ ချက်ချင်းဒေါသဖြစ်တယ်။ မကျေနပ်တဲ့စိတ် ဖြစ်သွားတယ်။


★ ဘာဖြစ်လို့ ဖြစ်တာတုန်း ကိုယ်က #မာနဆိုတဲ့ အိမ်ထဲကနေ အဲဒီစကားကို နားထောင်လို့။ အဲဒီ သူပြောတဲ့စကားကို မာနဆိုတဲ့ အိမ်ထဲကနေပြီးတော့ House ထဲကနေ နားမထောင်ဘဲ တခြားလွတ်လပ်တဲ့ နေရာကနေ နားထောင်တယ်ဆိုရင် It does not effect လေ။ ဒါတွေဟာ Emotion quality တွေ။


★ ပြောမယ်ဆိုရင်တော့ “မာန” တွေ၊ “အတ္တ” တွေ၊ စွဲလန်းမှုတွေ။ မာနတွေ အတ္တတွေက စိတ်ကို စွဲလန်းစေတယ်။ ကိုယ်အမြင်ကပ်တဲ့ လူတစ်ယောက်ကို ဘယ်တော့မှ မမေ့ဘူး။ အဲဒါမျိုးတွေဖြစ်တယ် စွဲလန်းစေတယ်။ ဘာဖြစ်လို့စွဲလန်းတာတုန်း -
❝မာနကို ဒုက္ခလို့ မသိလို့၊ ဒုက္ခလို့ နားမလည်လို့။ ဒေါသကို ဒုက္ခလို့ နားမလည်လို့။❞


★ နားမလည်တာကို “အဝိဇ္ဇာ” လို့ခေါ်တယ်။ အဲလို နားမလည်လို့ အဲဒီ ဒေါသဖြစ်တဲ့အရာကိုပဲ ကိုယ်က တန်းတန်းစွဲနေတာ မာနဖြစ်တဲ့အရာ၊ မာနဖြစ်စေတဲ့အရာ အဲဒါကိုပဲ ကိုယ်က တန်းတန်းစွဲနေတာ။


ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
(၂၅.၁.၂၀၁၉) နေ့ အိမ်သစ်တက်မင်္ဂလာအလှူအနုမာဒနာ ‘Home and House’ တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။
Credit: Oxford Dr Dhamma Thar Mi
Transcribed #ThazinHtike
Photo #AshinKondinna


blank

22 Blog posts

Comments