Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ

ဆရာ ကလေးက ၃လရှိပါပြီ အခုတလောဖတ်ရတဲ့ ကျန်းမာရေးစာတွေထဲမှာ ၃လ ၄လဆို ပစ္ဓည်းလေးတွေလှမ်းမယူတတ်သေးရင် စိုးရိမ်ရတယ်ဆိုလို့ပါ လ အလိုက် ရှိနေရမယ့် တိုးတက်မူ့လေးတွေ ရှိရင်သိချင်ပါတယ်ရှင့်။

Baby Growth

Baby Milestones ကလေးများ၏ ဖွံ့ဖြိုးတိုးတက်လာမှု မှတ်တိုင်များ

ဆရာ ကလေးက ၃လရှိပါပြီ အခုတလောဖတ်ရတဲ့ ကျန်းမာရေးစာတွေထဲမှာ ၃လ ၄လဆို ပစ္ဓည်းလေးတွေလှမ်းမယူတတ်သေးရင် စိုးရိမ်ရတယ်ဆိုလို့ပါ လ အလိုက် ရှိနေရမယ့် တိုးတက်မူ့လေးတွေ ရှိရင်သိချင်ပါတယ်ရှင့်။

အဲလို ကလေးအထူးကုဆရာဝန်က ပြောပါသလား။ စောစောကပဲ ရေးသေးတယ်။ မျိုးပွါးလမ်းမှာဖြစ်တာတွေကို အိုဂျီကပြေတာ မဟုတ်ရင်။ ကလေးသူငယ်တွေအတွက် ကလေးအထူးကပြောတာ မဟုတ်ရင်၊ တခြားရောဂါတွေမှာ သက်ဆိုင်ရာ အထူးကုဆရာဝန်တွေကရေးတာ မဟုတ်ရင် မယုံသင့်ကြပါ။ ဖေ့စ်ဘွတ်မှာ တင်နေတာတွေ၊ ရှယ်နေတာတွေ၊ တချို့ဂျာနယ်နဲ့ တချို့သတင်းစာတွေမှာ ရေးနေတာတွေကိုလည်း ရေးတာ ဘယ်လိုလူလည်း သိပြီးမှသာ ယုံသင့်တယ်။ ဘယ်သူကတင်တင်၊ ဘယ်ကောင်းကပြောပြော (ကန်တော့ပါ) တန်းယုံနေကြတယ်။ မယုံ့တယုံသမားတွေက မေးကြတယ်။ အချိန်ကုန်ရတယ်။ အလုပ်ရှုတ်တယ်။ ဆရာဝန်ဆိုတာတောင် စမ်းသပ် ကုသပေးနေတဲ့ ဆရာဝန်ကသာ သူ့လူနာကို အသိဆုံး။ ကျွန်တော်က မမြင်ရ မစမ်းရသူကို အဝေးကနေ ဆေးမကုပါ။ ဆေးပညာစာတွေရေးတာ ဆေးကုနေတာ မဟုတ်ပါ။

ကလေး မွေးကာစမှ ၁၂ လအထိ ဖွံ့ဖြိုးတိုးတက်လာမှတ်တိုင်များ
မွေးလျင်မွေးချင်း ငိုမည်။ အသက်ရှူမှုကိုဖြစ်ပေါ်စေသည်၊ အားပေးသည်။ ကိုယ်ခန္ခာတခုလုံးသို့ သွေးလှည့်နေမှုကို အားပေးသည်။ မွေးလျင်မွေးချင်း တုံ့ပြန်မှု (၃) မျိုးရှိရမည်။ (၁) နို့စို့တတ်မည်၊ လက်ထည့်က စုပ်မည်။ (၂) ပါးတဖက်အား လက်ဖြင့်ထိကြည့်ပါက ၎င်းလက်ဆီသို့ ဦးခေါင်း-ပါးစပ်က လှည့်လိုက်လာမည်။ (၃) ပက်လက်ထားစဉ် ကလေးသိပ်ထားသည့် ကုတင်-ကြမ်းပြင်-စားပွဲအားပုတ်လိုက်ပါက ကလေး၏ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းတို့ ရုတ်တရက် လန့်သကဲ့သို့ တုံ့ပြန်မည်။

(၄) ပါတ် - စကားပြောကြည့်က ပြန်ဂရုစိုက်မည်။ ချီပါက အငိုရပ်မည်။ အူး-အား အသံထွက်မည်။
(၆) ပါတ် - ပြုံးတတ်မည်။ ကြည့်သူ၏နောက် လိုက်ကြည့်တတ်မည်။
(၈) ပါတ် - နီးကပ်သည့်အရာကို စူးစိုက်ကြည့်တတ်လာမည်။ အငိုသက်သာလာမည်။
(၃) လ - ဘူးမှုတ်တတ်လာမည်။ ကစားစရာကို လှမ်းယူတတ်မည်။ ဆုပ်ကိုင်တတ်လာသည်။
(၄) လ - ကလေးအစာမာ စားတတ်လာမည်၊ ပက်လက်လှန်ထားလျင် မှောက်တတ်လာမည်။
(၅) လ - ကစားစရာများကို စုပ်တတ်မည်။ ထူးဆန်းသည်များကို သတိထားတတ်လာမည်။ မိခင်ကိုပြန်ဖက်တတ်လာသည်။
(၆) လ - အကူမပါဘဲ ထိုင်နိုင်လာမည်။ သူ့ခြေထောက်နှင့် ကစားတတ်လာမည်။ အသံလာရာ လှည့်ကြည်မည်။
(၇) လ - သူ့ဖါသာသူ စားတတ်လာမည်။ ကစားစရာကို လှမ်းယူ-ဆွဲယူတတ်လာမည်။
(၈) လ - ဝမ်းလျားထိုးတတ်လာမည်။ မဟုတ်-မရှိ ဆိုသည့်စကားကို နားလည်လာမည်။ လိုက်ကြည့်တတ်လာသည်။ ပစ္စည်းကို လက်တဖက်မှ တဖက် ပြောင်းတတ်လာသည်။ ပါပါ-မာမာခေါ်တတ်လာသည်။
(၉) လ - ဝမ်းလျားထိုး ပို၍ကြွမ်းကျင်လာမည်။
(၁ဝ) လ - ကိုင်၍မတ်တပ်ရပ်မည်။ ကဗျာ-လင်္ကာဆိုပြပါက အလိုက်သင့်အမူအယာပြာလာမည်။ ဘိုင်ဘိုင်လုပ်တတ်လာသည်။ အစားကို ပါးစပ်ထဲ ထည့်တတ်လာမည်။
(၁၁) လ - စကားတလုံးစနှစ်လုံးစ ပြောတတ်လာမည်။
(၁၂) လ - ခြေတလှမ်းနှစ်လှမ်းလှမ်း တတ်လာမည်။
၁၃-၂၄ လသားအရွယ်
(၁၃) လ - မတတ်တတတ်၊ မခိုင့်တခိုင် သူ့ဖါသာသူ လမ်းလျှောက်မည်။ တချို့ကလေးတွေက ၉ လ မှာစလျှောက်တယ်။ တချို့က ၁၇ လအထိနောက်ကျတယ်။ ပျမ်းမျှ ၁၄ လ ဖြစ်တယ်။ အရာဝတ္ထုများကို စူးစမ်းတတ်လာမည်။ လက်အသုံးချတတ်မှု ပိုကြွမ်းကျင်လာမည်။ အသံနှစ်လုံး ဆိုတတ်လာသည်။ ငုံ့ကောက်တတ်လာသည်။
(၁၄) လ - သက်တောင့်သက်သာရှိခြင်းကို ပို၍ခုံမင်တတ်လာမည်။ အစားအမာ စားတတ်လာမည်။ ခွက်နှင့်တိုက်သည်ကို သောက်တတ်လာမည်။ အတုခိုးတတ်လာသည်။
(၁၅) လ - သူ့ပင်ကိုယ်သဘာဝကလေးများပြလာမည်။ စကားပိုကြွယ်လာမည်။ အသံ ၃ လုံးပြောတတ်လာသည်။ မှန်ထဲက သူ့အရိပ်ကိုသူသိမည်။ နောက်ပြန်လျောက်တတ်လာသည်။
(၁၆) လ - သူ့ကိုယ်အင်္ဂါအမည်များကိုမေးလျင် ဖြေတတ်လာမည်။ ရီတတ်သည်။ စာအုပ်စာရွက်များ လှန်တတ်သည်။
(၁၇) လ - အဝတ်အစားဝတ်တတ်-ချွတ်တတ်လာမည်။ အကူအညီဖြင့် သွားတိုက်တတ်လာမည်။ အသံ ၆ လုံးထိ ပြောတတ်လာသည်။ မြင်းရုပ်စီးတတ်သည်။ မျက်လှည့်ပြသည်မျိုးကို သဘောကျသည်။
(၁၈) လ - ဘောလုံးကန်တတ်လာမည်။ ခလုပ်စသည်အား တွန်းခြင်း-လှည်ခြင်းလုပ်တတ်မည်။ ဂီတဖြင့် ကတတ်လာမည်။
(၁၉) လ - မှားပြော-မှားလုပ်ပြလျင် မှားမှန်းသိလာမည်။ ဇွန်း-ခရင်းကိုင်တတ်လာသည်။ ပြေးတတ်လာသည်။ ဘောလုံး ပြစ်တတ်လာသည်။
(၂ဝ) လ - လှေကားတတ်တတ်လာမည်။ ပြေးတတ်လာမည်။ ကိုက်တတ်-တွန်းတတ်သည့် ကြမ်းတမ်းတတ်လာသည်။
(၂၁) လ -အိမ်အလုပ်များကူတတ်လာမည်။ စားပွဲ-ကုလားထိုင် သူ့အလိုကျ ရွေ့တတ်လာမည်။
(၂၂) လ - ဘယ်ရောညာပါ လက်များ အနုစိတ်ကိုင်တတ်လာမည်။
(၂၃) လ - စကားလုံးသုံးလုံးပါဝါကျကို ပြောတတ်လာမည်။ ဆန့်ကျင်ဖက်ပြောလျင် နားလည်လာမည်။ အခြား ကလေးများနှင့် တွဲကစားတတ်လာမည်။
(၂၄) လ - သူ့အကြောင်းသူပြောတတ်လာမည်။ သူမကြိုက်တာ-ကြိုက်တာပြောတတ်လာမည်။ ဘာ့လို့လဲဆိုသည်များ မေးတတ်လာမည်။

ဒေါက်တာတင့်ဆွေ
၁၈-၂-၂ဝ၁၈
Credit: Dr. Tint Swe #DrTintSwe
Source: http://doctortintswe.blogspot.com/2014/11/baby-milestones.html


Baby Health

11 Blog Mensajes

Comentarios