Baby Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း

ဆရာ ကျမသားလေးအသက် သုံးလကျော်ပြီ နေ့ခင်းဘက်သူအိပ်ရင်ပုခက်နဲ့အိပ်တဲ့အကျင့်ရှိနေတယ် အိပ်ပျော်နေလဲ လွဲပေးနေရတယ် ပုခက်ကရွာမှာဟိုယ်တိုင် ကြိုးနဲ့လုပ်ယူတဲ့ပုခက် သူများပြောတော့ အဲ့လိုပုခက်နဲ့ကလေးကို ကြာကြာ လွဲပြီးမသိပ်ရဘူးပြောလို့ ဒါကြောင့်ဒီလိုပုခက်နဲ့သိပ်ရင် ရလာတဲ့ဆိုးကျိုးတွေသိပါရစေဆရာ

Baby Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း

၁။ ဆရာ ကျမသားလေးအသက် သုံးလကျော်ပြီ နေ့ခင်းဘက်သူအိပ်ရင်ပုခက်နဲ့အိပ်တဲ့အကျင့်ရှိနေတယ် အိပ်ပျော်နေလဲ လွဲပေးနေရတယ် ပုခက်ကရွာမှာဟိုယ်တိုင် ကြိုးနဲ့လုပ်ယူတဲ့ပုခက် သူများပြောတော့ အဲ့လိုပုခက်နဲ့ကလေးကို ကြာကြာ လွဲပြီးမသိပ်ရဘူးပြောလို့ ဒါကြောင့်ဒီလိုပုခက်နဲ့သိပ်ရင် ရလာတဲ့ဆိုးကျိုးတွေသိပါရစေဆရာ

၂။ ဆရာရှင့် မွေးကင်းစကလေးငယ်ကို ခေါင်းအုံးနဲ့မသိပ်သင့်ဘူးလို့ သိထားပါတယ်။ ဒါပေမဲ့ မြန်မာပြည်က လူတော်တော်များများက ကလေးငယ်များကို ခေါင်းအုံးအပါးလေးတွေနဲ့သိပ်တာတွေ့တွေ့နေရပါတယ်။
အဲ့ဒီလို ခေါင်းအုံးအပါးနဲ့သိပ်တာရော အန္တရာယ်ရှိနိုင်ပါသလားရှင့်။ ကျေးဇူးပြုပြီး အဲ့ဒီအကြောင်းလေး ရေးပေးစေချင်ပါတယ်။

အမေရိကန် Consumer Product Safety Commission စားသုံးသူ ထုတ်ကုန်စိတ်ချရမှုကော်မရှင်ရဲ့ လေ့လာမှုအရ ၁၉၉၂ ကနေ ၂ဝ၁ဝ ခုနှစ်အတွင်းမှာ ကလေးငယ်လေးတွေ (၁၂ လနဲ့အောက်) ၇ဝဝ ယောက်နီးပါးဟာ အိပ်စက်ခြင်းနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။ ခေါင်းအုံး၊ ကူရှင်၊ စတာတွေနဲ့ ဆက်စပ်လို့ ဖြစ်ပါတယ်။ ကလေး ပုခက်ထဲသေဆုံးမှု တဝက်နဲ့ ရေချိုး

ကန်ထဲသေဆုံးမှု ၃ ပုံ ၂ ပုံတို့ဟာ အသက်ရှူလမ်း ပိတ်ဆို့လို့ သေဆုံးကြရတာ ဖြစ်တယ်။ ကလေးအိပ်စက်ရာ နေရာဝန်းကျင်မှာ အပိုထားပေးတဲ့ ခေါင်းအုံး၊ ဂွမ်းကပ်၊ စောင် စတာတွေကနေ အဲလိုဖြစ်စေတယ်။

အကောင်းဆုံး၊ စိတ်အချရဆုံး ကလေးသိပ်နည်းက ကလေးအနားမှာ ဘာတခုမှ မထားပါနဲ့။ ခေါင်းအုံး မပါ၊ ဂွမ်းကပ်မပါ။ စောင်ပိုမပါ၊ အခုအခံမပါ၊ ကလေးကစားစရာမပါ၊ ကလေးချီပိုးစရာမပါ၊ တခြားဘာမှမပါ။ ပုံထဲပါကလေးပုခက်မှာသိပ်တာ စိတ်အချရဆုံးဖြစ်တယ်။

ကလေးနဲ့ လူကြီးမှာ ကွာတာတွေကိုသတိထားရမယ်။ အမေရိကမှာ တနှစ် ကလေး ၃၂ ယောက် ခေါင်းအုံးနဲ့သိပ်လို့ အသက်ရှူလမ်းပိတ်ပြီးသေဆုံးနေရတယ်။ အများစုဟာ အသက်အတော်ကိုငယ်လွန်းတဲ့ကလေးတွေဖြစ်တယ်။
ကလေးအိပ်တဲ့ပုံစံလုပ်ထားတာမျိုးနဲ့သိပ်တာလည်း မသင့်ပါ။ ကားပေါ်သယ်သွားနိုင်တဲ့ပုခက်မျိုးမှာ ကားပေါ်မှာမဟုတ်ရင် မသုံးသင့်ပါ။ ကလေးဗိုက်ခေါက်နေရင် အစာအိမ်ကိုဖိထားရာရောက်မယ်။ ကလေးအနေအထားပြောင်းလို့မရစေလို့ အချိန်ကြာလေ မသင့်လေဖြစ်မယ်။ ၂ဝဝ၃ ကနေတွက်ရင် ကလေး ၉ ယောက် ကားပေါ်သယ်ယူတဲ့ခုံထဲမှာ သေဆုံးခဲ့ရတယ်။

ကလေးပုခက်မှာတွဲဆက်ထားတဲ့ ကလေးကစားစရာပါနေရင် သေချာချည်နှောင်ချိတ်ဆက်ထားပါ။ ကြိုးစအပို၊ ရှည်နေတာ မပါစေနဲ့။ ကလေးလက်နဲ့ဆွဲချတာမျိုး လက်တကမ်းမှာမရှိစေပါနဲ့။ ရာသီဥတုအရ လိုအပ်မယ်ထင်ရင် ကလေးကို နွေးထွေးတဲ့အဝတ်ကို ဝတ်ထားပေးပါ။ စောင်မသင့်ပါ။ မျက်နှာနဲ့ နှာခေါင်းကို ဖိပိတ်မိနိုင်တယ်။ ကလေး ၄ လအောက်ဆို ပိုသတိထားရမယ်။

1. Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
2. Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
3. Baby Questions ကလေးအတွက် မေးခွန်းများ http://doctortintswe.blogspot.com/2016/12/baby-questions.html
4. Baby's Cough ကလေးငယ်တွေချောင်းဆိုးရင် http://doctortintswe.blogspot.com/2016/04/babys-cough.html
5. Common Cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
6. Cypon syrup (ဆိုက်ပွန်) ဆေးရည် http://doctortintswe.blogspot.com/2016/02/cypon-syrup.html
7. Diarrhea in Children ကလေးဝမ်းသွားရင် https://doctortintswe.blogspot.com/2014/12/diarrhea-in-children.html
8. Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html
9. Formula Feedings နို့မှုံ့တိုက်နည်း https://doctortintswe.blogspot.com/2016/02/formula-feedings.html
10. Gripe Water ကလေးလေဆေး http://doctortintswe.blogspot.com/2014/11/gripe-water.html
11. Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ https://doctortintswe.blogspot.com/2014/11/lactose-intolerance.html
12. Lactose free milk လက်တို့စ်ဖရီး နို့မှုန့် https://doctortintswe.blogspot.com/2017/08/lactose-free-milk.html
13. Medicines for babies ကလေးနဲ့ ဆေး http://doctortintswe.blogspot.com/2016/08/medicines-for-babies.html
14. Safe Sleep ကလေးငယ်အတွက် စိတ်ချရတဲ့အိပ်စက်ခြင်း https://doctortintswe.blogspot.com/2016/08/safe-sleep.html
15. Tonics for Children ကလေးအားဆေး http://doctortintswe.blogspot.com/2017/06/tonics-for-children.html
16. Vomiting in babies ကလေးတွေအန်ရင် https://doctortintswe.blogspot.com/2016/02/vomiting-in-babies.html
17. Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလည်း http://doctortintswe.blogspot.com/2015/03/weaning.html
18. Wrapping babies မွေးကာစကလေးကို အနှီးဝတ်နဲ့ပတ်ခြင်း http://doctortintswe.blogspot.com/2015/08/wrapping-babies.html

 

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၆
၂၅-၇-၂ဝ၁၈
Credit: Dr. Tint Swe #DrTintSwe
Source: https://doctortintswe.blogspot.com/2018/07/baby-safe-sleep.html


Baby Health

11 blog posts

Reacties