Baby's Cough ကလေးငယ်တွေချောင်းဆိုးရင်

ဆရာခင်ဗျာ ကျွန်တော့်သားလေးက အခု တနေ့ကို ၆ ခါ လောက် ချောင်းဆိုးနေတယ်ဆရာ။ အိမ်မှာလဲ air con ကိုတော့ ၂၇-၂၈ လောက်ပဲထားတာ၊ တနေ့လုံးတော့ ဖွင့်ပါတယ်ဆရာ။ နှာလဲ မကြာမကြာချီတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်လေးအေးရင်ဖြစ်ပါတယ်။ ကလေးက အခု ၂လ ခွဲ ရှိပါပြီဆရာ။ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

10 home remedies for cold and cough in babies
 
Baby's Cough ကလေးငယ်တွေချောင်းဆိုးရင်
 
ဆရာခင်ဗျာ ကျွန်တော့်သားလေးက အခု တနေ့ကို ၆ ခါ လောက် ချောင်းဆိုးနေတယ်ဆရာ။ အိမ်မှာလဲ air con ကိုတော့ ၂၇-၂၈ လောက်ပဲထားတာ၊ တနေ့လုံးတော့ ဖွင့်ပါတယ်ဆရာ။ နှာလဲ မကြာမကြာချီတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်လေးအေးရင်ဖြစ်ပါတယ်။ ကလေးက အခု ၂လ ခွဲ ရှိပါပြီဆရာ။ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးငယ်တွေချောင်းဆိုးရင် အမျိုးမျိုးစဉ်းစားရတယ်။ တခါတလေခက်တယ်။ ချောင်းဆိုးတယ်ဆိုတာ ခုခံကာကွယ်နည်းလုပ်တာဖြစ်တယ်။ Dry cough ချောင်းခြောက်ဆိုးခြင်း အအေးမိတာနဲ့ အလာဂျီကြောင့်ဖြစ်မယ်။ Wet cough ချောင်းဆိုးရင်း တခုခုထွက်မယ်၊ ထွေးအန်မယ်၊ မျိုမယ်ဆိုရင် ဗက်တီးရီးယားတွေကနေဖြစ်စေတာ။

ကလေးအသက် (၄) လအောက်မှာ ဖြစ်ခဲတယ်။ ဖြစ်လည်း စိုးရိမ်စရာမရှိပါ။ ဆောင်းတွင်းမှာ ကလေးတွေ ချောင်းများများ ဆိုးတာဟာ Respiratory syncytial virus (RSV) ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက ဆိုးတယ်။ ကလေးအသက် ၁ နှစ်ကျော်ရင် သိပ်မစိုးရိမ်ရပါ။ အအေးမိတာကြောင့်ဖြစ်ရတာများတယ်။ အလိုလိုပျောက်တယ်။

Common Cold or Flu အအေးမိခြင်းဖြစ်ရင် Stuffy or runny nose နှာရည်ယိုမယ်။ Sore throat လည်ချောင်းနာမယ်။ Dry hack အက်သံပါအောင်ချောင်းဆိုးမယ်။ တချို့မှာ နှပ်တွဲလောင်းကျနေမယ်။ ကိုယ်နည်းနည်းပူမယ်။ ရေ-အရည် များများတိုက်ပေးပါ။ နာစေပါ။ မိဘတွေကစိုးရိမ်လို့ ဆေးပေးချင်မယ်။ အမေရိကန် ကလေးဆေးပညာအသင်းကတော့ ကလေး အသက် ၆ နှစ်အောက်ကို ဆေးပေးဘို့ မတိုက်တွန်းပါ။ ဆေးကြောင့် ဘေးဖြစ်မှာစိုးရိမ်လို့ပါ။ ကလေးအသက် ၁ နှစ်ကျော်ရင် ပျားရည်တိုက်တာ၊ Saline drops ဆားရည်ကို နှာခေါင်းထဲထည့်ပေးတာ၊ Cool-mist humidifier လေကို ရေငွေ့ဓါတ်များအောင်လုပ်ပေးတာကိုသာ လုပ်စေချင်ပါတယ်။ ကိုယ်ပူတာနဲ့ ခေါင်းကိုက်တာသက်သာအောင် Acetaminophen ပါရာစီတမောအရည် တိုက်သင့်တယ်။ ဒါတောင် ကိုယ်အပူချိန် 100.4 F ကျော်မှသာလိုမယ်။ တုပ်ကွေးဆိုရင်တော့ ဆရာဝန်ပြပါ။
 
Croup (Barking cought)

Croup (Barking cough) ချောင်းဆိုးခြင်းဟာ ကလေး အသက် ၅ နှစ်အောက်တွေမှာဖြစ်တယ်။ ညအချိန် ထပြီး ချောင်းဆိုးတယ်။ (ဆောရီး) ဟောင်သံနဲ့တူတယ်။ အသက်ရှူရခက်မယ်။ အအေးမိလို့ဖြစ်တာပါ။ ဗိုင်းရပ်စ်ပိုးက လေပြွန်ကြီးကိုရောင်စေရင် ဖျံအသံလိုချောင်းဆိုးမယ်။ အသက်ရှူသွင်းရာမှာခက်စေမယ်။ ကလေးကို ရေနွေးငွေ့ရှူပါစေ။ ညနေခင်းလေရှူစေတာလည်းကောင်းတယ်။ cool-mist humidifier ကိရိယာသုံးပါ။

Pneumonia နူမိုးနီးယားဆိုတာ ဗိုင်းရပ်စ်တွေကနေရော ဗက်တီးရီးယားတွေကနေပါ ဖြစ်စေနိုင်တယ်။ အအေးမိရာကနေလည်း ဆက်ဖြစ်နိုင်တယ်။ တုပ်ကွေးကနေလည်း ဆက်ဖြစ်တယ်။ Wet and phlegmy ချောင်းအစိုဆိုးမယ်။ ချွဲထွက်မယ်။ ချွဲအရောင် အယွနဲ့ ခပ်စိမ်းစိမ်းဖြစ်နိုင်တယ်။ ဗက်တီးရီးယားကနေဖြစ်တာအတွက် ပိုးသေဆေးလိုတယ်။ ဆရာဝန်ပြပါ။

Bronchiolitis or Asthma ပန်းနာလို လေပြွန်ငယ်လေးတွေရောင်ခြင်းဖြစ်ရင် ချောင်းဆိုးမယ်။ နှာရည်ယိုမယ်။ Wheezing ခေါ် အသက်ရှူသံက စီစီစီစီနဲ့ကြားရမယ်။ လေဝင်ရထွက်ရခက်နေလို့ဖြစ်တယ်။ မိသားစုရာဇဝင်ရှိနိုင်တယ်။ အလာဂျီရာဇဝင်ရှိနိုင်တယ်။ နှင်းကူနာရာဇဝင်ရှိနိုင်တယ်။ ကလေး ၁ နှစ်အောက်မှာဖြစ်တာက Respiratory syncytial virus (RSV) ကြောင့်ဖြစ်တာများတယ်။ ကလေးအသက် ၃ နှစ်ကျော်ရင် ဒီပိုးကနေ အအေးမိတာအဖြစ်များတယ်။
ကိုယ်နည်းနည်းပူမယ်။ နှာရည်ယိုမယ်။ အစားပျက်မယ်။ အသက်ကို ပင့်ရှူနေရမယ်။ မအိပ်နိုင်ဖြစ်မယ်။ လေပြွန်ကျယ်ဆေးလိုတယ်။

Whooping Cough ကြက်ညှာချောင်းဆိုးဆိုတာ ဆိုးဝါးတယ်။ အသက်ကိုရန်ရှာနိုင်တယ်။ DPT ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တယ်။ ချောင်းဆိုးသံကထူးခြားတယ်။ Whoop အသံကျယ်ပြီး မြန်တဲ့ ဟွတ်-ဟွတ် သံမည်မယ်။ လျှာထွက်နေမယ်။ မျက်လုံးပြာနေမယ်။ မျက်နှာလည်းပြာနေမယ်။

Foreign Object အသက်ရှူလမ်းထဲ တခုခုဝင်လို့လည်း ချောင်းဆိုတာရှိတယ်။ ချောင်းဆိုးသံသေးသေးနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်နေမယ်။ အဆက်မပြတ်ဆိုးမယ်။

• Common cold in children ကလေးတွေ အအေးမိရင် http://doctortintswe.blogspot.com/2015/12/common-cold-in-children.html
• Common cold prefers cold noses အအေးမမိချင်ရင် နှာခေါင်းမအေးစေနဲ့ http://doctortintswe.blogspot.com/2015/01/common-cold-prefers-cold-noses.html
• Common Cold အအေးမိရင် http://doctortintswe.blogspot.com/2015/02/common-cold.html
• Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html
• Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်း http://doctortintswe.blogspot.com/2015/12/homemade-humidifier.html
• Influenza (Flu) တုပ်ကွေး http://doctortintswe.blogspot.com/2014/10/influenza-flu.html
• Medicine for Pneumonias and Respiratory Tract Diseases နူမိုးနီးယားအမျိုးမျိုးနှင့် အသက်ရှူလမ်းရောဂါဆေးများ http://doctortintswe.blogspot.com/2014/11/medicine-for-pneumonias-and-respiratory.html
• Pneumonia in Children ကလေးများတွင်ဖြစ်သည့် နူမိုးနီးယားရောဂါ http://doctortintswe.blogspot.com/2014/11/pneumonia-in-children.html
• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆
Credit: Dr. Tint Swe #DrTintSwe
Source: https://doctortintswe.blogspot.com/2016/04/babys-cough.html

Baby Health

11 blog posts

Reacties