Kidney stones ကျောက်ကပ်-ကျောက်

· ဆရာဝန် သမီးကျောက်ရှိတယ်။့ နယ်၊့။

· ကျောက်က ဘယ်မှာ၊ အသက်ကဘယ်လောက်၊ ဘာသိချင်ပါသလဲ။
· အသက် ၃၅

October 27, 2014
Kidney stones ကျောက်ကပ်-ကျောက်

Kidney stones

· ဆရာဝန် သမီးကျောက်ရှိတယ်။့ နယ်၊့။

· ကျောက်က ဘယ်မှာ၊ အသက်ကဘယ်လောက်၊ ဘာသိချင်ပါသလဲ။
· အသက် ၃၅ လွန်ခဲံတဲ့ ၂၉၊့ နိုင်ငံမှာ ထုတ်ပြီး၊ အခုပြန်ရှိတယ် ဆရာ။
· ပြန်ဖြေတာထဲ ကျောက်ဘယ်မှာလဲ မသိရသေးပါ။ ကျောက်ကပ်ကျောက်က အဖြစ်များလို့၊ ရေးထားတာကို ပို့လိုက်ပါမယ်။

ဘာလို့ ကျောက်ကပ်မှာ ကျောက်တည်သလဲ။ တခုထဲလဲ မဟုတ်၊ တိတိကျကျလဲ ပြောမရပါ။ ဆီးထဲမှာ အရည်၊ ဓါတ်ဆား နဲ့ (အက်စစ်) ဓါတ်တွေဟာ ဖြစ်သင့်တာတွေ မဖြစ်ရာကနေ ဖြစ်တယ်။ ပုံမှန်ဆိုရင် ဆီးထဲက ပုံဆောင်ခဲ အချင်းချင်း ကပ်တွယ်ပြီး ကျောက်ဖြစ်မှာကို တားနိုင်တဲ့ သတ္တိ ရှိနေတယ်။

ဆောင်ရန်-ရှောင်ရန်များ
• ရေကို တနေ့မှာ ၂ လီတာ ၂ လီတာခွဲ သောက်ပါ။ ရေဓါတ်နည်းတာ မကောင်းပါ။ ဒီလိုလူမျိုး ဝမ်းလျောရင် ရေများဘို့ ပိုသတိထားပါ။ နိုင်အောင် မသောက်နိုင်ရင် Drip သွင်းပါ။
• Renal tubular acidosis, Dent's disease, Hyperparathyroidism, Primary hyperoxaluria and Medullary sponge kidney ရောဂါတခုခုရှိနေရင် ကျောက်ဖြစ်စေမဲ့ Calcium oxalate crystals တွေဖြစ်စေမယ်။
• Crohn's disease ရောဂါရှိနေသူတွေမှာ ပိုများတာ တွေ့ရတယ်။ ကျောက် ပြန်ဖြစ်သူတွေမှာ ဒါတွေပါရှိနေ-မနေ စစ်ရမယ်။
• ရေထဲက Fluoridation ကြောင့်လဲ အဖြစ်များစေနိုင်တယ်။ ရေကောင်း-ရေသန့် သောက်ပါ။
• ဗီတာမင် ဒီ များရင်လဲ ဖြစ်စေတယ်လို့ ၁၉၉၈ Archives of Internal Medicine က ဆိုတယ်။
• ဖို-မဆက်ဆံတာ Causal relationship ကြုံရာနဲ့ စခန်းသွားတဲ့ အကျင့်ကလဲ ဖြစ်မလားလို့ ပြောကြသေးတယ်။
• American Urological Association က ကမ္ဘာကြီး ပူနွေးလာတာကို ထောက်ပြသေးတယ်။
• Hypercalciuria သွေးထဲမှာ (ကယ်လ်စီယမ်) များနေသူ ပိုဖြစ်တယ်။ (ကယ်လ်စီယမ်) များတဲ့အစာ လျော့စားပါ။
• ဆီးလမ်း ပိုးဝင်တာ စောစော သေခြာ ကုသပါ။
• Thiazides, Potassium citrate, Magnesium citrate ဆေးတွေကို သတိထားသောက်ပါ။
• သံပုရာရည်၊ လိမ်မော်ရည် ဖျော်ရည်တွေ သောက်တာ ကောင်းတယ်။
• Beer ကိုလဲ သက်သာတယ်ပြောတယ်။ စပျစ်ရည်လောက်တော့ မကောင်းပါ။
• (ကိုကာကိုလာ)၊ (ကေဖင်း) ပါအရည်၊ အချို့အရည်တွေလဲ မသင့်ပါ။
• အသား (ပရိုတင်း) နဲ့ ဆား လျော့စားပါ။
• သကြားဓါတ်များတာ မကောင်းပါ။
• ဟင်းနုနွယ်ရွက် မတည့်ပါ။ Calcium နဲ့ Oxalates များတဲ့ ဟင်းနုနွယ်ရွက်နဲ့ ခရမ်းချဉ်သီး ရောမချက်သင့်ဘူးလို့ တောင်အာရှမှာ ပြောစမှတ် ရှိတယ်။
• Potassium citrate ဆေးကို ကျောက်ဖြစ်မှာ ကာကွယ်ဘို့သုံး နိုင်ပါတယ်။ စားဆေးနဲ့ အရည်လာတယ်။ ဆီးရဲ့ pH များစေပြီး အက်စစ်ဓါတ် နည်းစေတယ်။
• သွေးတိုး ကျဆေးထဲက Calcium channel blockers (Nifedipine) နဲ့ Alpha blockers (Tamsulosin) ဆေးတွေက ကျောက်ရှိနေသူတွေအတွက်ပါ အသုံးကျတယ်။ ကျောက်ရှိနေရင် ကျစေတယ်။
• Allopurinol (Zyloprim) ဂေါက်ရောဂါဆေးက အကျိုးများစေတယ်။
• ဆီးသွားချင်တာကို အောင့်မထားပါနဲ့။
• အသက် ၂ဝ-၄၉ အတွင်းအဖြစ်များလို့ ကြီးလာရင်သက်သာတယ်။

Treatment စနစ်တကျ ဘယ်လိုကုသမလဲ
(၁) Extracorporeal Shock Wave Lithotripsy (ESWL) (ရှော့ခ်) လှိုင်းသုံးခွဲစိတ်ကုသနည်း
Ultrasound waves (အာလ်ထွာဆောင်း) သုံးတယ်။ တုန်ခါမှုကနေ ကျောက်ကို ချေဖျက်ပေးမယ်။ သေးသေးလေးတွေက ဆီးထဲမှာပါလာလိမ့်မယ်။ နာမယ်။ ထုံဆေးနဲ့လုပ်ရတယ်။ ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် Ureteroscope ကရိယာသုံးမယ်။

(၂) Ureterorenoscopy ယူရစ်တရိုကရိယာသုံးခွဲစိတ်ကုသနည်း
ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် လုပ်နိုင်တယ်။ Ureteroscope ကရိယာသုံးတယ်။ ကျောက်တွေ့ပြီဆိုရင် Specialized instrument အထူးကရိယနဲ့ဖြစ်ဖြစ် Laser beams လေဆာနဲ့ြဖ်စဖြစ် ကျောက်ကိုခွဲထုတ်မယ်။

(၃) Percutaneous Nephrolithotomy (PCNL) အရေပြားကနေခွဲနည်း
ကျောက်က သိပ်ကြီးနေရင် လုပ်တယ်။ နောက်ကျော်ဘက်မှာ ဒါးရာပေးတယ်။ Nephroscope ကရိယာလေးသုံးမယ်။ ကျောက်ကိုသေးအောင်လုပ်ပေးပြီး ထုတ်မယ်။ Laser လေဆာဖြစ်ဖြစ် Pneumatic energy လေအားသုံးပြီးဖြစ်ဖြစ် သုံးတယ်။

(၄) Open Surgery သမားရိုးကျခွဲစိတ်နည်း
ခုခေတ်မှာ ဒီနည်းသုံးတာနည်းလာပြီ။ တခြားနည်းတွေနဲ့မရအောင် သိပ်ကြီးနေရင်တော့ လုပ်ရမယ်။ ကရိယာမရှိတဲ့ နေရာတွေမှာလဲ လုပ်ပါသေးတယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/kidney-stones.html


Healthy Life

253 Blog posts

Comments