Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂)

တီဘီ ဖြစ်နေသူတွေအတွက် အများဆုံးပေးတဲ့ ဆေးတွေကတော့ -
1. Isoniazid (INH)
2. Rifampin (RIF)
3. Ethambutol နဲ့
4. Pyrazinamide စားဆေးတွေနဲ့
5. Strepto

October 22, 2014
Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂)

Infertility and TB (2)

တီဘီ ဖြစ်နေသူတွေအတွက် အများဆုံးပေးတဲ့ ဆေးတွေကတော့ -
1. Isoniazid (INH)
2. Rifampin (RIF)
3. Ethambutol နဲ့
4. Pyrazinamide စားဆေးတွေနဲ့
5. Streptomycin ထိုးဆေး ဖြစ်တယ်။

တီဘီဆေးတွေဟာ ယေဘုယျပြောရရင် ဘေးထွက်-ဆိုးကျိုးတွေ မများပါ။ ရှိတာတွေကလဲ သာမန်တွေ ဖြစ်တာ များပါတယ်။ ဆိုးတာတွေ မရှိဘူးတော့ မဟုတ်ပါ။ အစားပျက်၊ ပျို့၊ အန်၊ မျက်စိနဲ့ အသားအရ ဝါ၊ ကိုယ်ပူ၊ ဗိုက်နာ၊ ခြေ-လက် ကျင်၊ အရေပြား နီ၊ သွေးထွက်လွယ်၊ အဆစ်နာ၊ ခေါင်းမူး၊ ပါးစပ်နာတဝှိုက် ထုံ-ကျင်၊ မျက်စိ ကြည့်လို့ မကောင်း၊ နားထဲ အသံတွေကြား၊ နား ကောင်းကောင်း မကြား၊ အသဲရောင်နိုင်တယ်။

• Rifampin ဆေးကြောင့် ဆီး၊ တံတွေး၊ မျက်ရည်တွေ ဝါမယ်။ နေရောင်ကို အရင်လို မခံနိုင်ဖြစ်မယ်။ နေကာ-မျက်မှန် တပ်ပါ၊ အဝတ်အစား လုံလုံခြုံ ဝတ်ရပါ။ Birth control pills ကိုယ်ဝန်တားဆေးနဲ့ Implants ကိုယ်ဝန်တား အရေပြားအောက် ထားရတဲ့ အချောင်းတွေ ထိရောက်မှု နည်းစေမယ်။ Rifampin သောက်နေရသူ အမျိုးသမီးတွေ တခြား ကိုယ်ဝန်တားနည်းတွေ သုံးသင့်တယ်။ တကယ်လို့ Rifampin တီဘီဆေးရော Methadone ဘိန်းဖြတ်ဆေးပါ တွဲသုံးနေရရင် Methadone dosage အဆကို ပြင်ရမယ်။
• Isoniazid ဆေးကြောင့် Peripheral neuropathy အဝေး-အဖျားမှာရှိတဲ့ အာရုံကြောတွေ ထိခိုက်မယ်။ Hepatitis အသက် ၄ဝ ကျော်သူတွေ အသဲရောင်နိုင်တယ်။ Isoniazid (INH) ဆေးသောက်နေသူတွေဟာ ဝိုင်၊ ဘီယာ၊ အရက်သောက်နေရင် အန္ကရာယ် ရှိတယ်။
• Ethambutol ဆေးကြောင့် မျက်စိကြည့်ရတာ မကောင်းဖြစ်မယ်။ မြင်တာရော အရောင်ခွဲခြားတာရော။
• Pyrazinamide ဆေးကြောင့် Hepatitis အသဲရောင်မယ်၊ Joint Pains အဆစ်နာမယ်။

Streptomycin (စထွက်ပတိုမိုင်စင်) ထိုးဆေး ဘေးထွက်ဆိုးကျိုး
မျက်နှာမှာ ကျင်သလို ပုရွက်ဆိပ်တက်သလို ခံစားရနိုင်တယ်။ ခေါင်းက ပတ်ခြာလည်နေမယ်၊ ကိုယ်ပူမယ်၊ ကိုယ်ရောင်မယ်။
Severe allergic reactions ဆေးမတည့်လကဏာတွေ ဖြစ်နိုင်တယ်။ (ပနယ်စလင်) မတည့်သူတွေလို ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးတခါမှ မထိုးဘူးသေးသူတွေမှာ တည့်-မတည့် အရင်စမ်းပြီး တည့်မှ ထိုးရတယ်။

ချုပ်လိုက်ရင် စာရင်းပါ တီဘီ ဆေး အားလုံးရဲ့ ဆိုးကျိုးမှန်သမျှထဲမှာ သုက်ပိုးသေစေတာ မပါပါ။ ဆက်ဖတ်ပါ ကလေးမရလို့သာ တီဘီ ဆေး ပေးရတာ တွေ့ပါလိမ့်မယ်။

TB and infertility တီဘီ နဲ့ ကလေးမရ ဖြစ်နေတာ
Tubercle bacillus တီဘီ ပိုးဝင်တာ နဲ့ TB disease တီဘီရောဂါ ဖြစ်နေတာ မတူပါ။ ကနေ့ကာလမှာ Infertility ကလေးမရ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ TB of the genital tract မျိုးပွါးလမ်းမှာ တီဘီ ဖြစ်နေရတာ ဖြစ်ခဲ့တယ်။ Socioeconomic conditions လူနေမှုဘဝတွေ တိုးလာကြသူတွေအတွက်တော့ ဒီအကြောင်းရင်းက အရင်ကလောက် မများတော့ဘူး။

မြန်မာပြည်လို နေရာတွေမှာ လူတိုင်းလိုလို Tubercle bacillus တီဘီ ပိုးနဲ့ နေ့တိုင်းလိုလို တွေ့နေကြရတယ်။ (၁) BCG vaccine ဆိုတဲ့ တီဘီ ကာကွယ်ဆေးကိုလဲ ကလေးတိုင်း ထိုးပေးထားတယ်။ (၂) တီဘီ လူနာတွေနဲ့ တွေ့နေကြရတယ်။ ဒီ ၂ ချက်ကြောင့် Immune တီဘီ ပြီးတာ ဖြစ်လာကြစေတယ်။ နောက်တခါ ပိုးဝင်လာလို့ကတော့ တိုက်ဖျက်နိုင်စွမ်း ရလာတာကို ပြောတာပါ။ ကိုယ်ထဲမှာ Anti-TB antibodies တွေရှိနေပြီဖြစ်လို့ အဲလို ပြန်ချနိုင်လာတာ ဖြစ်ပါတယ်။

TB ကြောင့် ဘာလို့ ကလေးမရ ဖြစ်ရသလဲ
မျိုးပွါးလမ်းကို တီဘီပိုး အဝင်ခံရမှ ဖြစ်ပါမယ်။ Genital TB လို့ခေါ်မယ်။ အစပိုင်းမှာ တီဘီပိုးက လေထဲကနေ ပါလာလို့ Lungs အဆုပ် (အသက်ရှူလမ်း) ထဲ ဝင်မှာပါ။ ကိုယ်ခံအားတွေကနေ ခံတိုက်လိုက်တော့ ရောဂါ မရဘူးပေါ့။ ဒါပေမဲ့ ပိုးတွေက ငြိမ်နေ ကုတ်နေကြတာသာ ဖြစ်တယ်။ တခါတလေမှာ ဒီလို ငုပ်နေတဲ့ အကောင်တွေက တစခန်းထလာမယ်။ ဒီအခါမှာ သွေးကနေတဆင့် တကိုယ်လုံး လျှောက်သွားလိမ့်မယ်။ ကိုယ်ထဲက ဘယ်နေရာဖြစ်ဖြစ် ရောက်သွားနိုင်တယ်။ ဒီအကောင်တွေ တွယ်ကပ် ဝင်ရောက်ရာ နေရာမှာ ရောဂါ ဖြစ်စေတာ့တယ်။ မျိုးပွါးလမ်းဆိုတာကို ရောဂါရလာမှ ကလေးမရတာဖြစ်ပါမယ်။

ယောက်ျားတွေမှာ Tuberculous epididymo-orchitis အစိ-အကျောရောင်တယ်။ သုက်ပိုး သွားလမ်းကို ပိတ်စေနိုင်တယ်။ ဒီယောက်ျားဟာ Azoospermic သုက်ရည်ထဲမှာ သုက်ပိုး မပါနိုင်တော့ဘူး။

အမျိုးသမီးမှာ ဖြစ်ရင် TB endomteritis သားအိမ်-တီဘီ ဖြစ်မယ်။ ဒါပေမဲ့ ဘာမှ မခံစားဘဲ နေတတ်တယ်။ ဒါ့ကြောင့် Genital TB မျိုးပွါးလမ်းမှာ တီဘီ ဖြစ်တာကို ရောဂါရှာရခက်တတ်တယ်။ Tubercle bacillus တီဘီ ပိုးကို Culture မွေးယူစစ်ဆေးမှ သိနိုင်တယ်။ ခက်တာက Fallopian tubes သားအိမ်ပြွန်ရဲ့ အတွင်းနံရံ အသားစကို ထုတ်ယူဘို့ မလွယ်ဘူး။ Uterine curettage သားအိမ်ခြစ်ပြီး Endometrial tissue သားအိမ်အတွင်းလွှာကိုသာ စစ်ဆေးရတယ်။ ဒီအထိ မခက်သေးပါ။ ပိုးမွေးရတာကြ ခက်လာပြီ။

TB salpingitis ရောဂါတွေ့လို့ ဆေးကောင်းကောင်း ကုပေမဲ့ ပိုးသာသေမယ် သားအိမ်ပြွန် ပိတ်နေတာက အမာရွတ် ဖြစ်ပြန်လို့ လမ်း မပွင့်တော့ဘဲ သဘာဝနည်းနဲ့ ကလေးမရတော့ဘဲ IVF အပြင်မှာ မျိုးစပ်ယူတာလုပ်ရလိမ့်မယ်။

စမ်းသပ်နည်းသစ်တွေ ရှာနေကြရတယ်။ Polymerase chain reaction (PCR) ဆိုတာက တနည်းပါ။ DNA ကိုရှာရတယ်။ ခက်ပြီး မတိကျပြန်ဘူး။ Pathogen-associated molecular pattern (PAMP) ဆိုတာက နောက်တနည်းဖြစ်တယ်။ Anti TB antibodies (IgG and IgM) တွေစစ်နည်းလဲ ရှိသေးပြန်တယ်။ ချုပ်ပြောရရင် မျိုးပွါးလမ်း တီဘီ ဆိုတာ စမ်းရခက်လို့ ရှိရက်နဲ့ မသိသူ၊ မရှိဘဲ ဆေးကုရသူတွေ ရှိတယ်။

Genital TB ရှိနေသူတွေထဲက ၆ဝ-၇ဝ% မှာ Infertility ကလေးမရတာ ဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာ ကလေးမရတဲ့ အတွဲထဲက ၅-၁ဝ% ဟာ မျိုးပွါးလမ်း-တီဘီ ကြောင့် မရာတာဖြစ်တယ်။ သူတို့ကို In-Vitro-Fertilization (IVF) နဲ့ Embryo-transfer နည်း လုပ်ပေးရင် ၃ဝ-၄ဝ% အောင်မြင်တယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/infertility-and-tb-2.html


Healthy Life

253 Blog posts

Comments