Feeling
Feeling

Feeling

@Feeling

၂၀၂၂ အတွက် plan ၁၀ ချက်

(၁) အရင်ကထက် စိတ်ရှည်ရှည်ထားတတ်ဖို့ လေ့ကျင့်ရမယ် ။

(၂) တချို့ လူတွေကို ဘဝထဲက အပြီးထုတ်ရမယ်

(၃) တချို့လူတွေကို ပိုပြီး မြတ်နိုးရမယ်

(၄) ကိုယ့်ကြောင့် ပျော်ရွှင်ရသူ ပိုများလာစေရမယ်

(၅) ငွေကို ပိုပြီး စုရမယ်

(၆) ကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေကို အချိန်ပေးရမယ်

(၇) ဘုရားတရားကို အရင်ထ​က် ပိုအချိန်ပေးလုပ်ရမယ်

(၈) အချိန်ရရင် ရသလို အလှူပိစိလေးတွေ လုပ်နိုင်ရမယ်

(၉) ပိုပြီးလှူနိုင်အောင် ၊ ပိုပြီး ကူညီနိုင်အောင် ၊ မိသားစုအိမ်မက်ကလေး အကောင်အထည်ပေါ်အောင် အသုံးအစွဲလျော့ရမယ်

(၁၀) ဝိတ်ချရမယ်

#credit

မူရင်းရေးသားသူအားလေးစားမှုဖြင့်ပြန်လည်မျှဝေပါတယ်
#mcs

image

တစ်ယောက်တည်း..နေတတ်အောင်နေ..

ချမ်းတယ်ထင်ရင် အနွေးထည်ဝတ်လိုက်..

ဗိုက်ဆာတယ်ထင်ရင် မုန့်ဝယ်စားလိုက်..

ကိုယ့်နွေးထွေးမှုဟာ သူ့ကြောင့်တော့မဖြစ်
စေသလို..

ကိုယ့်ဆာလောင်မှုဟာ သူကြောင့်တော့
မဖြစ်စေနဲ့။

ဘယ်သူ့ကိုမှ စိတ် မ စွဲ နဲ့။

ဘယ်အရာကိုမှ ပုံသေမှတ်မယူနဲ့။

သိပ်နီးကပ်ပါတဲ့ အရိပ်ဆိုတာတောင်
အမှောင်မြင်ရင်အဝေးကိုပြေးသွားတတ်တဲ့ ဘဝမှာ..

ကိုယ်က
ဘယ်အရာပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်

တစ်ခဏပိုင်ဆိုင် သာယာမိတာကို
ထာဝရပိုင်မယ်ဆိုပြီး စိတ်ဆွဲနေရင်..

တစ်စုံတစ်ရာရှိမှ ရှင်သန်နိုင်မယ်ထင်ရင် ..

ကိုယ့်ရှင်သန်ခြင်းဟာ မောပန်းလာသလို..

ကိုယ့်ပျော်ရွှင်ခြင်းဟာလည်း
ဝေးသထက် ဝေးကာ မပျော်ရွှင်တဲ့ဘဝကို ရစေနိုင်လို့ပါ။
credit
#mcs

မိန်းမတွေ မုန်းတတ်လာတဲ့အချိန်

🦋- ပေးဆပ်ရတာတွေများလာတဲ့အခါ

💐- ထပ်ခါ ထပ်ခါ နာကျင်ရလာတဲ့အခါ

🌹- ခွင့်လွှတ်သည်းခံရခြင်းတွေ ခဏခဏဖြစ်လာတဲ့အခါ

❤️- အဆုံးစွန်အထိ ချစ်မိသွားတဲ့အခါ

နူးညံ့မှုတွေ မာကျောလာကြတယ်။

ကြောက်တတ်တဲ့ စိတ်တွေ ထွက်ခွါသွားကြတယ်။

ခွင့်လွှတ်ခြင်း ကို စွန့်လွှတ်ခြင်းက နေရာယူလာတယ်။

မိန်းမတယောက်ရဲ့ အမုန်း ဆိုတာ စိတ်နာနေသမျှ တည်တံ့နေစေတယ်။

#kyikyi
#womenempowement
#womensupportingwomen

လေးစားစွာဖြင့်

#mcs

စိတ်ဒဏ်ရာ
**************

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ သံယောဇဉ်ရှိရှိ
သွေးအေးသွားနိုင်တယ်။

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ ချစ်ချစ်
ကျောခိုင်းပစ်ခဲ့နိုင်တယ်။

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ ခင်ခင်
ဝေးဝေးကနေရှောင်ကျဉ်သွားနိုင်တယ်။

တကယ်စိတ်နာသွားခဲ့ရင်
ဘယ်လောက်ပဲ တွယ်တာနေပါစေ
လှည့်မကြည့်တမ်း စွန့်ခွာသွားနိုင်တယ်။

တကယ်သာစိတ်နာသွားခဲ့ရင်
ဘယ်လိုပဲ ပတ်သက်မှုတွေရှိနေပါစေ
ပြန်မဆုံကြေး နှုတ်ဆက်သွားနိုင်တယ်။

ခန္ဓာကိုယ်ပြင်ပကဒဏ်ရာတွေ
ဘယ်လောက်ပြင်းပြင်း
အချိန်ကြာလာရင်
အနာပြန်ကျက်သွားနိုင်တယ်။

စိတ်ထဲမှာဖြစ်သွားတဲ့ဒဏ်ရာ
အနာတရက‌ေတာ့
အချိန်ကြာလာတာနဲ့အမျှ
ပိုပြင်းထန်လာတတ်တယ်။

စိတ်ဆိုးရင်စိတ်ပြန်ပြေဖို့လွယ်တယ်။
စိတ်နာရင် ပကတိအတိုင်း
ပြန်ကောင်းလာဖို့မလွယ်ဘူး။

စိတ်ဒဏ်ရာ ဟာ ကျက်ဖို့ခက်တယ်...
စိတ်ဒဏ်ရာတွေမပေးမိပါစေနဲ့....

Credit.....မနောမြေ