Dhamma
Dhamma

Dhamma

@dhamma

ခေါင်းဆောင် ဇာတ်တော် အကိုးအကား ရှာပေးမလား။

တစ်ခါ ဦးဇင်းက စာပေမှာ ဖတ်ဖူးသလိုပဲ... ဒါပေမဲ့ အကိုးအကား ပြန် ရှာပြီး မတွေ့တော့ပါဘူး။ အတိအကျ ပြန် ကြည့်ချင်လို့ပါ။ အကိုးအကား သိမလားလို့ မေးတာပါ။ ဘယ်ဆရာတော်ဟောလဲ အခု မမေးပါဘူး။ ပါဠိတိပိဋက သို့မဟုတ် တခြား ပါဠိစာပေမှာ ဘယ်မှာ တွေ့ပါသလဲ အကိုးအကား ရေးပေးမလား။ ကျေးဇူးတင်ပါတယ်။

ဇာတ်တော်က ဒီလိုပါ -
ဒကာတစ်ယောက်မှာ အချွေအရံ (တပည့်၊ အလုပ်သမား၊ လေးစားသူ) ဒကာပေါင်း ၅၀၀ ရှိပြီး သူတို့ကို ခေါင်းဆောင် လုပ်ပါတယ်။ ဒကာကြီးက ခေါင်းဆောင် အနေနဲ့ ဒီလို စဉ်းစားပါတယ် - "ဒီ လူတွေက သီလ (၅) ပါး မဆောက်တည်ကြပါဘူး။ ငါကလည်း သီလ ၅ ပါး မဆောက်တည်ပါဘူး။ အဲ့လိုဆို ခေါင်းဆောင် ရာထူးနဲ့ အဆင်မပြေပါဘူး။ ငါက ဒီ လူတွေရဲ့ သီလ အဆင့်မှာလည်း မနေသင့်ပါဘူး၊ ပိုမြင့်မြတ်သီလ ဆောက်တည်သင့်ပါတယ်"။ အဲ့တော့ သီလ ၅ ပါး ဆောက်တည်ပါတယ်။

"ခေါင်းဆောင်လေးက သီလ ၅ ပါး ဆောက်တည်နေတယ်" ဆိုပြီး သူ့ အချွေအရံက သိသွားတော့ "ငါတို့က ခေါင်းဆောင်အတိုင်း လုပ်ရမှာပဲလေ" ဆိုပြီး အကုန်လုံး သီလ ၅ ပါး ဆောက်တည်ကြပါတယ်။

အဲ့တော့ ခေါင်းဆောင်က "ဟေ၊ အကုန် သီလ ၅ ပါး ဆောက်တည်နေပြီလား၊ ငါက ပိုမြင့်မြတ်ရမယ်ဆို" အဲ့တော့ ဥပုသ်နေ့တွေမှာ သီလ ၈ ပါး ဆောက်တည်ပါတယ်။ ဆောက်တည်လိုက်တော့ သူ့ အချွအရံကလည်း ဆောက်တည်တာပေါ့။

ပြီးရင် သူက ဟုတ်ပြီ အာ့ဆို ငါ ရဟန်းဝတ်မယ်တဲ့။ ရဟန်းဝတ်ပြီး သူ့ အချွေအရံက လည်း အကုန် ရဟန်းတွေ ဝတ်ကုန်ကြတယ်။

ပြီးရင် သူက ဟုတ်ပြီ အာ့ဆို ငါ တောထွက်ပြီး တရားအားထုတ်မယ်တဲ့။ တောထွက်ပြီး ရဟန္တာ မဂ်၊ဖိုလ် ဖိုလ် ရောက်ရတယ်။ သူ့ အချွေအရံကလည်း အကုန် တောထွက်ပြီး ရဟန္တာမဂ်၊ဖိုလ် ရောက်ရကြတယ်။

ရဟန္တာအနေနဲ့ ခေါင်းဆောင်လေးက တိုးတက် ကျင့်ကြံစရာ မရှိတော့ အားလုံး အပြီး အဆင်ပြေကြပါပြီ။

ဒါဆို... အကိုးအကား သိပြီလား... ကွန်မန့်မှာပဲ ရေးပေးပါ နော်။

ဆရာတော်၊ ဆရာလေး၊ ဒကာ၊ ဒကာမ များ အားလုံး
ကျန်းမာချမ်းသာကြပါစေ။
ကူညီ အားပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်။
ချက်ခ်ရဟန်း အရှင် သရဏ

Credit: Ashin Sarana

image

သောတာပန် ဖြစ်မဖြစ်စစ်‌ရန်
မဟာပစ္စဝေက္ခဏာ (၇) ချက်
🙏🙏🙏

⛳(၁) သောတာပန်များသည် ကိလေသာများ ဖြစ်နိုင်သေး၏။ ဖြစ်လျှင် ဖြစ်ကြောင်းကို ချက်ချင်းသိ၏။ ထို့ကြောင့် သောတာပန်တွင် ကိလေသာတို့သည် ကြာမြင့်စွာ မတည်နိုင်ပေ။
...........................................
⛳(၂) သောတာပန်သည် ကိလေသာ ဖြစ်ပေါ်လာပါက ဖြစ်ပျက်ရှုကာ ငြိမ်းအေးအောင် လုပ်၏။ ငြိမ်းအေးအောင် လုပ်လိုစိတ်လည်း ပေါ်၏။
...........................................
⛳(၃) ဘုရားသာသနာမှလွဲ၍ အခြားအယူဘာသာတို့တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ မရှိနိုင်ဟု ယုံကြည်မှုထက်သန်ခြင်း။
...........................................
⛳(၄) ရဟန်းသောတာပန်သည် အာပတ်ဖြစ်ပါက ချက်ချင်းဖြေ၏။ လူသောတာပန်သည် ကိလေသာပေါ်ပေါက်ပါက ပြေပျောက်အောင်လုပ်ချင်စိတ်ဖြစ်ပေါ်၏။ ပြေပျောက်အောင် လုပ်လည်း လုပ်၏။
...........................................
⛳(၅) သောတာပန်သည် မိမိနှင့်သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့က သက်သေအဖြစ် ခေါ်ပါက လိုက်၏။ ထိုအမှုတွင် သီလ၊ သမာဓိ၊ ပညာတို့ ထိခိုက်ပျက်စီးမည့် အပြုအမူကို လုံးဝမပြုလုပ်ပေ။
...........................................
⛳(၆) ဘုရား၊ ရဟန်းသံဃာများဟောကြားသောတရားကို နားလည်၏။ စိတ်သည်ပျံ့လွင့်ခြင်းမရှိဘဲ တရားနာနိုင်ခြင်း။
...........................................
⛳(၇) နာကြားရသော တရားများအပေါ်တွင် ပီတိများဖြစ်ခြင်း။ မေ့ပျောက်သွားခြင်းမရှိဘဲ တရားတော်အကြောင်း ပြောဆိုဆွေးနွေးခြင်း။
🙏🙏🙏🌿🙏🙏🙏🌿🙏🙏🙏
Credit. Wikipedia

image

ဆွမ်းအလှူတွေအကြောင်းပြောမယ်ဆိုရင် သုဇာတာရဲ့ ဃနာနို့ဆွမ်းဟာ နာမည်ကျော်သလို စုန္ဒ၏ ဝက်ပျိုသားဟင်းနှင့်ဆွမ်းကလည်း သူနဲ့တန်းတူ အကျိုးကြီးမားတဲ့
ဆွမ်းတစ်နပ်လို့ ဘုရားရှင်ဟောခဲ့တယ်ပေါ့....
ဒါပေမယ့်လည်း တရားအားထုတ်တဲ့ ရဟန်းတော်တွေကို
ရဟန္တာဖြစ်သည်အထိ တရားထူးတရားမြတ်တွေရအောင် အထောက်အကူပြုခဲ့တဲ့ ဆွမ်းအလှူကတော့
မာတိကမာတာရဲ့ ဆွမ်းအလှူတွေပဲဖြစ်ပါတယ်။
ဘုရားရှင်လက်ထက် ဟိမဝန္တာတောင်ခြေက မာတိကရွာမှာ လူအများလေးစားရတဲ့ မာတိကမာတာလို့ခေါ်တဲ့
အမျိုးသမီးတဦးရှိခဲ့ပါတယ်။
ဝါဆိုခါနီးတနေ့ အဲဒီရွာကို ရဟန်းအပါး၆၀ ရောက်ရှိလာပြီး မာတိကမာတာက ဒီရွာမှာပဲ သီတင်းသုံးနေထိုင်ဖို့ လျောက်ထားတောင်းပန်...ရဟန်းတော်တွေက လက်ခံလို့ နေစရာကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းသတဲ့...
သဒ္ဒါတရားပြည့်ဝတဲ့ မာတိကမာတာဟာ တညနေမှာ ပျားရည်သကာကို လှူဖို့အသွား ကျောင်းမှာ ရဟန်းတွေကိုမတွေရလို့ ကျောင်းပေါ်က တုံးကိုခေါက်လိုက်ပါတယ်၊
ခဏအကြာမှာ ရဟန်းတော်တွေဟာ တောထဲက တစ်ပါးစီထွက်လာကြပြီး ကျောင်းပေါ်မှာ တပါးနှင့်တပါး စကားမပြောကြပဲ သူ့ နေရာနှင့်သူ ငြိမ်သက်စွာထိုင်နေကြတယ်ပေါ.
ခေါင်းဆောင် ရဟန်းက မာတိကမာတာကို ရဟန်းတွေဟာ မသင့်မြတ်မညီမညွတ်ဖြစ်နေတာမဟုတ်... အပိုစကားမဆိုပဲ ကမ္မဌာန်းတရားကြိုးစားအားထုတ်နေကြတာလို့ ရှင်းပြတော့... မာတိကမာတာဟာ အလွန်စိတ်ဝင်စားလို့ ကမ္မဌာန်းတရား အားထုတ်နည်းကို ရဟန်းတော်ဆီက သင်ကြားပြီး ကြိုးကြိုးစားစားနှင့် အားထုတ် လိုက်တာ ရဟန်းတွေထက်အရင် သောတာပန်၊သကဒါဂါမ် အနာဂါမ်ဖြစ်လို့ လောကီအဘိညာဥ် ငါးပါး
ရသတဲ့....
မာတိကမာတာဟာ အနာဂါမိ ဖလသမာပါတ်ကထ အဘိညာဥ်နဲ့ကြည့်လိုက်တော့ သူကိုယ်တိုင်ဆွမ်းဝတ်ပြုနေတဲ့
ရဟန်းတော်တွေ တမဂ်တဖိုလ်မရသေးတာ ဘောဇနသပ္ပါယ မဖြစ်တာကိုတွေ့မြင်ရတယ်ပေါ့။
ဒါနဲ့ပဲ မာတိကမာတာဟာ ဆွမ်းအမျိုးမျိုး၊ယာဂုအမျိုးမျိုးကို ထောပတ်ဆီဦးတွေနဲ့ အမျိုးမျိုးစီမံပြီး ကပ်လှူတဲ့
အခါ ရဟန်းတော်တွေ သိပ်မကြာခင် အာသဝေါကုန်ခမ်း
လို့ ရဟန္တာတွေ အသီးသီးဖြစ်ကြပါသတဲ့...
ဒီနေ့ နတ်တော်လပြည့်နေ့ မှာ ယောဂီတွေအတွက်
ကြက်သားဟင်း၊ သရက်ချဥ်သုပ်၊ ပဲဟင်းရည်၊ကန်စွန်းရွက်အကြော်၊ ငြုပ်သီး ကြော်...ဆားတို့ဖြင့် ကျွေးမွေးလှူဒါန်းမှု ပြုလုပ်ပါသည်...
မတော်တဆဖြစ်စေ သေသေချာချာဖြစ်စေ ယောဂီတွေထဲက တယောက်ယောက်များ သောတာပတ္တိမဂ်နှင့်
ခလုပ်တိုက်မိလျင်....ဆွမ်းအလှူရှင်တွေရော ဝေယျာဝစ္စ
တွေအပြင် နှမ်းဖြူးတဲ့နိဗ္ဗာန်ဆော်ပါ အကျိုးကြီးမားတဲ့
ကောင်းမှုကုသိုလ် ဖြစ်ကြဦးမယ်ပေါ့.....
သောတာပတ္တိမဂ်နှင့် တည့်တည့်မတိုးတော့လည်း အနဲဆုံး ...သက်ရှည်.. ဆင်းလှ...ချမ်းသာရ..ဗလ..ညာဏ်ပညာဆိုတဲ့ ဆွမ်းအကျိုး ငါးမျိုးကတော့ မလွဲမသေ
ဧကန်မုချ ရရှိမယ်မဟုတ်ပါလား .....
သူငယ်ချင်း မိတ်ဆွေအပေါင်း သူတော်ကောင်းတို့။ ။

Credit: Original author

image
image
image
image
+2
Dhamma  shared a  post
4 yrs

ပရိတ်တရားတော်များ ကြည်ညိုနားယူနိုင်စေရန် ကုသိုလ်ပြုပါတယ်။ သတ္တာဝါအားလုံး ဘေးအန္တာရယ်အပေါင်းမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

ပရိတ်တရားတော်များ ကြည်ညိုနားယူနိုင်စေရန် ကုသိုလ်ပြုပါတယ်။ သတ္တာဝါအားလုံး ဘေးအန္တာရယ်အပေါင်းမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

Dhamma  is feeling Happy
4 yrs

ဘဝဟာသီချင်းတစ်ပုဒ်လို
သွက်လက်ချောမွေ့တဲ့အခါ
အပြုံးက ရိုးရှင်းစွာသဘာဝကျကျထွက်ပေါ်လာတတ်တဲ့ အရာတစ်ခုပေါ့။

အရာရာအဆင်မပြေချိန်မှာတောင်
ပြုံးထားနိုင်သေးတဲ့သူဟာ
ရှင်သန်ဖို့ သတ္တိအရှိဆုံးလူဖြစ်တယ်။

အိ္န္ဒိယကဗျာဆရာတဂိုးက ပြောတယ်..
​လူတစ်ယောက်ပြုံးတဲ့အခါ
တစ်လောကလုံးက သူ့ကိုချစ်မိသွားနိုင်တယ်.. တဲ့။

မနက်မိုးလင်းလို့ မျက်စိအစုံကိုဖွင့်တဲ့အခါ
နေရောင်အသစ်ကို သင်မြင်ရရင်
ကျေးဇူးပြုပြီး ပြုံးပါ၊
ဒါဟာ ရှင်သန်ခြင်းရဲ့လက်ဆောင်
လောကကြီးက သင့်ကိုစွန့်ပစ်မထားဘူးဆိုတဲ့သဘောပေါ့။

လူတစ်ယောက်ရဲ့ တကယ့် ချမ်းသာခြင်းက
မျက်နှာပေါ် အပြုံးဆင်မြန်းထားနိုင်ခြင်းပါပဲ။

အပြုံးရဲ့အင်အားက
ဘယ်အချိန်မှာဖြစ်ဖြစ်
နှလုံးသားတည့်တည့်ကို ထိတယ်။

ဘဝမှာ ပွတ်တိုက်မှုတွေ များလွန်းလှတယ်။
တိုက်မိလို့ လွှတ်ကျသွားတဲ့စာရွက်စာတမ်းတွေ၊
အလုခံလိုက်ရတဲ့ ကားပါကင်တွေ၊
ဖိတ်စင်တဲ့ကော်ဖီကြောင့် ပေကျံသွားတာတွေ၊
ဒါကို မျက်လုံးစိမ်းနဲ့ကြည့်
လက်သီးလက်မောင်းတန်းတာကို သင်ရွေးချယ်နိုင်သလို
မတော်တဆမို့ အပြုံးနဲ့ရင်ဆိုင်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။

အပြုံးဆိုတာ အလှပဆုံးစကားလုံးပေါ့..
ရင်းနှီးဖော်ရွေခြင်း၊ ဂရုစိုက်ချစ်ခင်ခြင်း၊
နွေးထွေးကြင်နာခြင်း၊ ခွင့်လွှတ်နားလည်ခြင်းနဲ့
မျက်နှာပေါ်ပွင့်လန်းတဲ့ အတောက်ပဆုံးအလင်းတန်းဖြစ်တယ်။

လူလူချင်းကြား အဆင့်အတန်းအနိမ့်အမြင့်ရှိတယ်၊
အသက်အရွယ် ကွာဟမှုရှိတယ်၊
အသားအရောင် ခြားနားတာရှိတယ်၊
ဒါပေမဲ့ တူညီတဲ့အပြုံးတွေရှိကြတယ်၊
အပြုံးက လူလူချင်းကြား အကွာအဝေးကို နီးစေပါတယ်။

စိတ်တိုဒေါသစကားတစ်ခွန်းက
ဘဝကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး၊
ဒါပေမဲ့ အပြုံးတစ်ပွင့်ကြောင့်
ဘဝက ပိုလှသွားနိုင်ပါတယ်။

စိတ်ရှုပ်အားငယ်ချိန် အားပေးတဲ့အပြုံးတစ်ပွင့်က
စိတ်ကိုတည်ငြိမ်စေပြီး မှောင်မိုက်တဲ့ချောက်ထဲကနေ
လျှောက်လှမ်းထွက်လာစေနိုင်တယ်။
ပဠိဟက္ခဖြစ်ချိန် အချင်းချင်းပြုံးတဲ့
နားလည်မှုအပြုံးက
တင်းမာမှုကို လျော့ကျစေနိုင်တယ်။

ခွဲခွာခါနီး မခွဲမခွာရက်ပြုံးတဲ့အပြုံးက
လှပတဲ့တောင်းဆုနဲ့
ရှည်လျားတဲ့သတိရလွမ်းဆွတ်မှုပေါ့။
သူစိမ်းနဲ့အတူလျှောက်လှမ်းနေချိန်
ရိုးသားစစ်မှန်တဲ့အပြုံးက
​ဘာသိဘာသာခွဲခြားခြင်းကို ပျောက်ပျက်စေပါတယ်။

ပြုံးရင်း ပြုံးရင်း
လောကကြီးရဲ့အလှကို သင်သတိထားမိလာမှာပါ။
နေ့စဉ်ဘဝဟာ ဘယ်လောက်ခက်ခဲကြမ်းတမ်းလည်း
နှုတ်ခမ်းထောင့်စွန်းက အကွေးလေးနဲ့
အလဲထိုးပစ်နိုင်အောင်
သင် ပြုံးပါ.... 😊

.

#wechatက_စာတစ်ပုဒ်_မျှဝေခံစားပါတယ်
#နိုင်းနိုင်းစနေ
.

image