ရယ်ရွှင်စရာ ဟသကမ္ဘာ
ရယ်ရွှင်စရာ ဟသကမ္ဘာ

ရယ်ရွှင်စရာ ဟသကမ္ဘာ

@mmcomedy

"အဖေ ကျွန်တော် မိန်းမယူချင်တယ်။😃"
-
"ဟျောင့် မင်းငါ့ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း၊😏"
.
"ဟာ ဘာလို့ တောင်းပန် ရမှာလဲအဖေရ၊
ကျွန်တော် ပြောတာ ဘာမှားနေလို့လဲ။😨"
-
"မင်းလေကြောမရှည်နဲ့
တောင်းပန်ဆို ခု တောင်းပန်လိုက်"
-
"ဒါသဘာဝ ပဲလေ အဖေရာ၊
အဖေတောင် အမေ့ယူလို့
ကျွန်တော့် ထွက်လာသေးတာပဲ၊
ကျွန်တော်ကြမှ ဘာတွေလွဲနေလို့
တောင်းပန်ရမှာတုန်း😣"
-
"မလိုချင်ဘူးကွာ၊
မင်းမှားပါတယ်လို့ - အခုချက်ခြင်း
တောင်းပန်ဆို - တောင်းပန်လိုက်စမ်း၊😠"
-
"မဟုတ်ဘူးလေ အဖေရာ၊
ကျွန်တော်ပြောချင်တာက ..😦"
.
.
"မင်းမှားပါတယ်လို့ ...
တောင်းပန်မလား၊ ..... ....
မတောင်းပန်ဘူးလား" 😡
.
.
.
.
"ဟုတ်ပြီဗျာ..၊ ...ဟုတ်ပြီ..၊ ...
တောင်းပန်တယ် သိလား...၊ ...
မှားတယ် ... ကျွန်တော် အမှားကြီးမှားတယ် ...
အရာရာ အဖေတို့ စိတ်ချည်းပဲ ....
-
ကောင်းပြီလား... 😠😕😖😖"
-
-
-
"အေး....၊ ဒါ lesson no.1 ပဲ ငါ့သား ...
-
မင်း ဘာအကြောင်းပြချက်မှ မရှိပဲ
မှားပါတယ်လို့ - တောင်းပန်နိုင်ပြီဆို
မိန်းမယူဖို့ ပထမ ခြေလှမ်း စလှမ်းနိုင်ပြီကွ"

🤣🤣🤣

#credit Original Uploader

ဘာမှမလုပ်တတ်ဘူး 😝😂😝

image

နားငြီးလွန်းလို့ (ကံချွန်)
========
တစ်ခါက အရက်မူးပြီး ကားလမ်းကို မျဉ်းကျားက မကူးဘဲ
လမ်းလယ်က ဖြတ်ကူးလို့ အဖမ်းခံရတဲ့ လူတစ်ယောက် တရားရုံးကို
ရောက်လာတယ်၊ တရားရုံး ရောက်တော့ တရားသူကြီးက တရားခံကို
မေးတယ်၊၊
“မောင်မင်း လမ်းဖြတ်ကူးရာမှာ ဘာလို့ မျဉ်းကျားက
မကူးရတာလဲ”
“ကျွန်တော်မျိုး မျဉ်းကျားကို ရှာမတွေ့လို့ပါ”
“မျဉ်းကျားတွေ ထင်းနေအောင် ရေးထားတာပဲ”
“မှန်ပါတယ်၊ မျဉ်းကျားက တောင်ဘက်မှာ၊ ကျွန်တော်က
မြောက်ဘက်ကို လိုက်ရှာမိလို့ပါ”
“ရှာမတွေ့ ရတာနဲ့ ကူးရောလား”
“မကူးသေးပါဘူး၊ ကူးမလို့ ဟန်ပြင် နေတုန်းပါ၊ အရက်က
နည်းနည်းမူးနေတော့ ရှေ့ ကိုယိုင်သွားတဲ့ ဆီမှာ
မလဲအောင်လို့
ကျွန်တော်မျိုး ထိန်းရင်း နှစ်လမ်း၊သုံးလမ်းလှမ်းမိတာပါ၊ ကျွန်တော်မျိုး
အမူးလွန်နေတယ် ဆိုတာ အရက်ရောင်းတဲ့ ကိုခွေး သိပါတယ်၊
ကိုခွေးဆိုတာ မစိန်ကြည်ရဲ့ ယောက်ျားပါ၊ မစိန်ကြည်ရဲ့ သမီးမင်္ဂလာ
ဆောင်တုန်းက ကျွန်တော်မျိုး သွားပါသေးတယ်၊ သူတို့က”
“ဒီမှာ မေးတာကိုပဲ ဖြေပါ၊ မျဉ်းကျား မရှိတဲ့ နေရာက
လမ်းဖြတ်ကူးတယ်လို့ မောင်မင်းကို စွဲဆိုထားတယ်
မဟုတ်ဘူးလား
ဒါပဲ ဖြေပါ”
“ကျွန်တော်မျိုး မကူးပါဘူး၊ မကူးတဲ့ အကြောင်းကို သက်သေ
ပြနေတာပါ၊ ကိုခွေးဆိုင်မှာ သောက်တုန်းက
ကိုအုန်းမောင်ပါ
ပါတယ်၊ ကျွန်တောမျိုး မူးရင်ရှေ့ကို လေးငါးလှမ်း
ယိုင်တတ်တယ်
ဆိုတာ သူသိပါတယ်၊ ကျွန်တော်မျိုးနဲ့
ကိုအုန်းမောင်နဲ့ ငါးမျှား
တုန်းက အဲသလို ယိုင်ဖူးပါတယ်၊ တောင်သမန် သွား ငါးမျှားတာပါ၊
ဆရာတော် ဦးပညာကျောင်းမှာတောင် ငှက်ပျောသီး တောင်း
စားပါသေးတယ်၊ ဆရာတော်က စာလဲရေးပါတယ်၊
သူကျောင်း
ဘေးက သီးပင်ကြီးဆိုရင် အလွန်ချိုပါတယ်”

တရားသူကြီးမှာ စိတ်မရှည်တော့--

“ဒီမှာမောင်မင်း၊ ဝန်ခံလိုက်ရင် ဒဏ်ငွေ ငါးဆယ်ပဲ ရိုက်မှာ
ဘယ်လောက်မှ အပြစ်ကြီးတာလဲ မဟုတ်ဘူး၊
ကြောက်စရာလဲ
မလိုဘူး”
“ကျွန်တော်မျိုး မကြောက်ပါဘူး ဘုရား၊
ဆင်ဖြူကန်သင်္ချိုင်းမှာ
တောင် တစ်ယောက်တည်း အိပ်လာခဲ့သေးတာပဲ၊ လူရွှင်တော်
ကိုဒီပါ သိပါတယ်၊ သူက ကိုရွှေဆီက အမဲအူပြုပ်
ယူလာတာကို
သင်္ချိုင်းထဲမှာ သွားစားရဲရင် အကြီးတစ်လုံး ပေးမယ်ဆိုတာနဲ့
သွားစားတာပါ၊ တော်ရုံတန်ရုံ သတ္တိနဲ့ဆို သွားစားရဲဖို့
မလွယ်ပါဘူး၊
ကျွန်တော်မျိုး သူငယ်ချင်း တက်တူဆို ညမှောင်တာနဲ့
အိမ်ပြင်
တောင် မထွက်ရဲပါဘူး၊ ဒါနဲ့ အရှင်က ဘယ်အရပ်ကလဲ၊ တက်တူ
တို့ အိမ်နဲ့များ နီးမလားလို့”
တရားသူကြီးက စိတ်ပျက်စွာဖြင့်
“မောင်မင်းစကားတွေ အများကြီးမပြောပါနဲ့”
“အရှင်ဘုရား မေးလို့ ပြောတာပါဘုရား”

“မေးတာကို မေးတာပဲ ဖြေပါ၊ မောင်မင်းလမ်းဖြတ်ကူးသလား”

“ကူးပါဘူးဘုရား၊ အဲဒီနား လမ်းထိပ်က ရေခဲရေသည် မေး
ကြည့်ပါဘုရား၊ သူကျွန်တော်မျိုးကို ကောင်းကောင်းကြီး
သိပါတယ်။
ကျွန်တော်မျိုး နေ့တိုင်း သူ့ဆီက ရေခဲရေ သောက်နေကျပါ၊
သူ့ယောက္ခမ ဆိုက်ကားနင်းပါတယ်၊ ကလေးသုံးယောက်နဲ့၊ သူ့နှမက
မိုက်တယ်ဘုရား၊ ထမင်းအိုးကြီးကို ပေါင်စားပစ်တယ်၊
ခုတော့
မြေအိုးနဲ့ ချက်နေရတယ်။ ။”

တရားသူကြီးသည် သက်ပျင်းချလိုက်ပြီး အိပ်ထဲမှ ပိုက်ဆံကို
နှိုက်ကာ ငွေငါးဆယ်ကိုစိုက်၍ ဒဏ်ဆောင်လိုက်သည်။
ပြီးတော့မှ
တရားခံကို ထွက်သွားရန် ပြောလိုက်လေတော့သတည်း။

Credit: #ကံချွန် (ကြားဖူးနားဝ)

image

I’m good bro and you? 😂😝😂

Credit: Original creator

image

နိဂုံးချုပ်က အသက် 😂😝😂

###
ရပ်ကွက်ထဲမှာ
လက်ဖက်ရည်ဆိုင်က နှစ်ဆိုင်...
လမ်းတစ်ဘက်ခြား မျက်နှာချင်းဆိုင်...

တစ်ဆိုင်နဲ့ တစ်ဆိုင်က မတည့်ကြတော့
ဘောပွဲပြလည်း အပြိုင်အဆိုင်...
သီချင်းဖွင့်လည်း အပြိုင်အဆ်ုင်. .
ဖောက်သည်လုရင်း
ရန်ဖြစ်ကြသည်ကလည်း
ခဏ ခဏ.....

တစ်ဆိုင်က ဗီဗာဟိန်းဆို
တစ်ဆိုင်က မနော....
တစ်ဆိုင်က လေးဖြူဆို
တစ်ဆိုင်က ဇော်ဝင်းထွဋ်....
ဆောင်းဘောက်ကို
အသီးသီး အသားကုန်ဖွင့်ကြတော့
တစ်ဘက်ရပ်ကွက်ကပင် ကြားရ၏။

ဒီနေ့တော့...
တစ်ဆိုင်က ချန်နယ်မှ မြန်မာကားပြနေပြီး
တစ်ဆိုင်က တရားခွေဖွင့်ထားလေ၏။

* ရှင်နော် ကျယ်မရဲ့
ခန္ဓာကိုယ်ပဲ ရမယ်
ကျယ်မရဲ့ အချစ်ကို
ဘယ်တော့မှ မရစေရဘူး ဟင့်....

* ခန္ဓာကိုယ် ပေးလှူတာက
မွန်မြတ်တဲ့အလုပ် ပျိတ်သတ်. .
သဘောပါသလား. .
အာ့လိုနဲ့ ဘုရားလောင်း ယုန်မင်းဟာ....

* ရှင်နော်....လွှတ်...လွှတ်...

* မိမိ ခန္ဓာကိုယ်ကို
ဖက်တွယ်နေသမျှတော့ နိဗ္ဗာန်ကို
ဘယ်ရောက်လိမ့်မလဲ ပျိတ်သတ်....
ဒီခန္ဓာကြီးကို မမက်မောနဲ့။ မတွယ်တာနဲ့။
ဒါ အပုပ်ကာင်၊ ရုပ်ဆောင်နေတာလို့ မှတ်....

* ကိုကြီးက ချစ်လို့ပါကွာ. .ဟီးးးး ဟီးးးး

* အာ့ဒါနဲ့ ပျိတ်သတ်
မိဘစော်ကားတဲ့ သူကို
မိုးကြိုးပစ်ချလိုက်တာ.....

* ခှမြးးးးးး

* ဟဲ့ ... သောက်ပလုတ်တုတ်
မိုးကြိုးပစ်သံကလည်း `ခွမ်း´တဲ့။
ကွား မကွားဖူးဘူး။

မုန့်ဟင်းခါး စားနေတဲ့
အဒေါ်ကြီးတျောက်က
အထူးအဆန်း ထအော်သည်။

* ဟိုဘက် မြန်မာကားက
ပန်းအိုးကျကွဲတာ အဒေါ်ရဲ့။

ပေါလိဝုဒ် ပျိတ်သတ်
မုန့်ဟင်းခါး ဆိုင်ရှင်က
ရှင်းပြမှ အဒေါ်ကြီးလည်း
ဇာတ်ရည်လည်၏။

* သိပေါင်အေ
နင်တို့ဟာကလည်း
ရှုပ်လိုက်တာ
ဘာနားထောင်လို့ ထောင်ရမှန်း မသိ။
နိဗ္ဗာန်ပဲ ရောက်တော့မလို
မုဒိမ်းပဲ ကျင့်ခံရတော့မလိုနဲ့။ ဟင်းးးးး

ဒလောက် ဆူညံနေတဲ့ကြားထဲ
မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းကားက
အသံချဲ့စက်သံ တညံညံနဲ့
ရောက်လာသေးသည်။
ကားပေါ်မှာ သကောင့်သားက
မတ်တပ်ရပ်ပြီး
မိုက်ခွက်ကိုင်လျက်....

* ကျနော်ရဲ့...
သမိုင်းကြောင်းကို လေ့လာနိုင်ပါတယ်။
ကျနော်ဟာ ဆိုရင်ဖြင့်....

* သူခိုးဗျို့.....သူခိုး........
လိုက်ဟ ..... လိုက်.......

ဟိုဘက်ဆိုင်မှ မြန်မာကား
ကောင်းခန်းရောက်ပြီ။

ငွင် ဘာဒွေတုန်းးး

* လိုက်ဟေ့ ... မလွတ်စေနဲ့....
ချဟ .... ချ......

ကိုယ်စားလှယ်လည်း
ရုတ်တရက်မို့
ကြောင်သွားသည်ထင့်။

* ကျနော် ....
မခိုးရသေးပါဘူးဗျာ။
ခုမှ ကြံတုန်းးး
အဲလေ .. ခုမှ
မဲဆွယ်နေတာပါ။

* ဟာ ... ကိုကျော်မြင့်
အဲဒါ .... ဟိုဘက် လက်ဖက်ရည်ဆိုင်က
ဇာတ်ကားပြနေတဲ့ အသံဗျ။
ဘေးနားမှ တစ်ယောက်က ပြောမှ
အသိပြန်ဝင်လာပြီး...

* အဟမြးးးး အဟမြးးးးး
အာ့ကြောင့် ပြည်သူ့ဘက်မှ
မားမားမတ်မတ်
ရပ်တည်မယ့် ကျနော့်ကို....

* တော်သင့်ပြီ ထင်တယ်. .
တော်သင့်ပြီ ထင်တယ်. .အဲ ပျိတ်သတ်...

ငွင် ဘာတွေလားးးး

ကိုယ်စားလှယ်လောင်း မျက်နှာပျက်ချေပြီ။

ဒါက ဟိုဘက်က
တရားခွေဖွင့် နေတာဗျ။
ဂရုစိုက်မနေနဲ့။
ကွ ပြောစရာရှိတာ ပြောချ။

ငါနော် ....
ဘယ်လိုရပ်ကွက်မျိုး မဲဆွယ်မိပါလိမ့်။
သူ့မှာသာ အာပေါက်မတတ်
မဲဆွယ်နေရသည်။
ယခု အချိန်ထိ
ကားရှေ့မှာ တျောက်မှ မရှိ။
ငိုတောင် ငိုချင်လာဘီ....ဟင့်
အာ့လိုနဲ့....

* ကျနော်ရဲ့ လုပ်ဆောင်ချက်တွေက
ကျနော် ဘယ်လိုလူမျိုးလဲဆိုတာ ... တာ....

* မုဒိမ်းကောင်ကြီး
ကျမကို အတင်းအဓမ္မကျင့်ခဲ့တာ သူပဲ။
သူ့ကို ဖမ်းကြဘာ......

* အဲ ... ကျဒေါ် ....
ဘယ်လို လူမျိုးလဲဆိုတာ
ကျနော်လုပ်ခဲ့တဲ့
မုဒိမ်းမှုက သက်သေပြ....ဟင့်
ယောင်ကုန်ဘီ.....အဲ
အလုပ်က သက်သေပြပါလိမ့်မယ်...ဟင့်

* မုသာဝါဒ ကျူးလွန်တာလည်း
ကံငါးပါးထဲမှ တစ်ပါးကို
ချိုးဖောက်တာပဲ ပျိတ်သတ်...
ဒါလည်း ဒယ်အိုးပဲ။
ဘာတုန်း ပျိတ်သတ်...
ဒယ်အိုးပါ........ဖျာ့.......

* ကတိပေးပါတယ်။
ကျနော် အနစ်နာခံဆောင်ရွက်ပါ့မယ်။

* ရော့ ......
ဒါက .......
ငါ့ညီမကို စော်ကားတဲ့ အတွက်။
ခွပ်....
အားးးး
ဒါက ငါ့ကို လိမ်တဲ့အတွက်။
ခွပ်....
အား!!!

ကိုယ်စားလှယ်ကြီးခမျာ
မျက်ရည်အဝဲသားနဲ့
ကိုယ့်ပါးကို ယောင်ယမ်းစမ်းမိရှာသည်။

* အာဏာရူး ဥစ္စာရူးတယ်
ဆိုတာကလည်း
တဏှာ မပြတ်နိုင်လို့။
ကုသိုလ် အကုသိုလ်ကို ခွဲခြားမသိ.....

* ဟင့် ဟင့်....အီးးးး

ငိုသံက ကျယ်လောင်စွာ
ထွက်ပေါ်လာသည်။

* ဟဲ့ ဟဝှာကျင့်ခံရတဲ့
ကောင်မငိုတာကလည်း
ယွကျားသံကြီးနဲ့။

ခုနက
မုန့်ဟင်းခါးစားနေတဲ့
အဘွားက ထပ်မေးပြန်သည်။

* ဒီတစ်ခါ အကျင့်ခံရတာ
မင်းသမီး မဟုတ်ဘူး။
ယွကျားကြီး ... ယွကျားကြီး။
ဟိုမဲဆွယ်နေတဲ့
ကိုယ်စားလှယ်လောင်းကြီး....

* ဟင် ... ဘယ်လို ဘယ်လို. .

* ဟွတ်ဒယ် .. အဒေါ်ရေ
သူ့ခမျာ ဒီရပ်ကွက်ထဲရောက်မှ
နားမုဒိမ်းကျင့်ခံရလို့.....ငိုနေတာ. .!!

လွှတ်တော် ကိုယ်စားလှယ်ကြီး
ငိုသံကြားမှ လက်ဖက်ရည်ဆိုင်တွေ
အားနာလို့ထင့် မြန်မာကားတွေ
တရားခွေတွေကို ပိတ်လိုက်ကြသည်။
သို့သော်လည်း ....
ကိုယ်စားလှယ်ကြီးခမျာ
ဝမ်းနည်းလို့မဆုံးးးးး

* ကျေးဇူး မမေ့ပါဘူးဗျာ။
ဟင့် .... အီးးးး

လက်ဖက်ရည်ဆိုင်တွေဘက်ပင်
လက်အုပ်ချီ၍ ရှိခိုးလိုက်သေးသည်။

ရပ်ကွက်က လူတွေလည်း ယခုမှ
မဲဆွယ်နေမှန်း သတိထားမိကြလေ၏။
ထိုအခါမှ ...
ကိုယ်စားလှယ်လောင်းကြီးလည်း
အတိုဆုံးနဲ့ အထိရောက်ဆုံး
မဲဆွယ်တော့မည်ဟု
အားယူလိုက်ပြီး. .

* ကျနော်ပြောချင်တာကတော့
ပြည်သူတွေအနေနဲ့
ကျနော့်ကို ယုံကြည်ပါလို့....လို့

ပြောလို့မှ မဆုံးသေး. .

* လိမ်ဒယ်....ညာဒယ်....
လူညာကြီးရေ . .
ယုံအောင် ဖီးတက်ဒယ်....

ဟူသော သီချင်းကို ဖွင့်လျက်
ဘောက်သံကျယ်လောင်လှသော
ထီလှည်းတစီး လက်ဖက်ရည်ဆိုင်တွေအနီး
လာရောင်းလေ၏။

ထိုလှည်းနဲ့ မရှေးမနှောင်းမှာ.....

* လူမျိုးမရွေး
ဘာသာမရွေး စားသုံးနိုင်တဲ့
ကျနော်များရဲ့.....
ရွှေမြင်းပျံ ဟာလဝါဟာ
မိဘပြည်သူများ ရှေ့မှောက်သို့
မနှေးအရောက် လာပါပြီ။

ဟူသည့် အသံနဲ့အတူ
ပုသိမ် ဟာလဝါရောင်းသည့်
ကားကို တွေ့လိုက်ရလေ၏။

ထိုကားနောက်မှာမှ
မနှဲလေး ရင်ကျပ်သည့်
အသံဖြင့် တစာစာ အော်နေသည့်
ဝက်ဆီဖတ် တွန်းလှည်းးးးးး

ကိုယ်စားလှယ်ကြီးလည်း
ပေါက်သည့်နဖူး
မထူးတော့မယ့် အတူတူ
နိဂုံးချုပ် အနေဖြင့်
အောက်ပါအတိုင်း
ရဲရဲဝံ့ဝံ့ တစ်ခွန်းထဲ
ပြောချလိုက်လေ၏။

ယီးလိုပဲ.............!!!

Credit: Original Author

image