"မဟာကုသိုလ်စိတ်ဆိုတာ"
🙏🙏🙏🙏🙏
အခုခေတ်မှာ ဆိုလို့ရှိရင်
မြတ်စွာဘုရား ရုပ်ထုဆင်းတုတော်
အိမ်မှာ ကိုးကွယ်ထားတယ်။
ဘာရည်ရွယ်ချက်နဲ့
ကိုးကွယ်တာတုန်းဆိုတော့
အဆုံးအမရလို့
ကျေးဇူးတင်တဲ့အနေနဲ့ ကိုးကွယ်တာ...။
မြတ်စွာဘုရား
သက်တော်ထင်ရှား မရှိတော့
ရုပ်ပွားဆင်းတုတော်ကို
ကိုယ်စား ကိုးကွယ်တယ်...။
မြတ်စွာဘုရားရဲ့
အဆုံးအမတွေကို ရရှိလို့
ကျေးဇူးတင်တဲ့ အနေနဲ့
ဘုရားဂုဏ်ကို အာရုံပြု ဖို့
ကိုးကွယ်တာပဲ ဖြစ်ရမယ်...။
အဲဒီလိုမဟုတ်ဘဲနဲ့
ဒီရုပ်ပွားဆင်းတုတော်ကို
ကိုးကွယ်ထားခြင်းဖြင့် …
တို့အိမ်မှာ စီးပွားဥစ္စာတွေ တိုးတက်တယ်၊
ဒီလို ယုံကြည်ပြီးကိုးကွယ်လို့ရှိရင်
မှားယွင်း တာပဲ...။
ဒီဘုရား ကိုးကွယ်ထားရင်
မီးကွင်းတယ် မီးမလောင်ဘူးဆိုပြီး
ကိုးကွယ်တာလည်း ရှိတယ်...။
ဒါတွေက မှန်ကန်တဲ့
ရည်ရွယ်ချက်တွေ မဟုတ်ဘူး၊
သရဏဂုံယူတဲ့အခါမှာ
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဘုရားကို
ကိုးကွယ်ပါ၏” လို့ ဆိုရတယ်။
ဒီလို သရဏဂုံယူတဲ့ အခါမှာ
ရည်ရွယ်ချက်က
ဘုရား၏ အဆုံးအမကို
ခံယူချင်တာသာဖြစ်တယ်...။
ဘုရားကို မကိုးကွယ်လို့ရှိရင်
ဘေးရန်အန္တရာယ်ဖြစ်မှာ ကြောက်တယ်၊
(သို့မဟုတ်)
ပတ်ဝန်းကျင်က ကဲ့ရဲ့မှာ ကြောက်တယ်...။
အဲဒီလို ကြောက်လို့ ကိုးကွယ်တာမျိုးကျတော့
သရဏဂုံ မမြောက်ဘူး...။
ဘုရားကို ကိုးကွယ်မှ
စီးပွားဥစ္စာ တိုးတက်မယ်လို့ယူဆပြီး
စီးပွားဥစ္စာ တိုးတက်ချင်လို့
ကိုးကွယ်လို့ရှိရင်လည်း
သရဏဂုံ မမြောက်ဘူး...။
တို့ဆွေတွေမျိုးတွေ မိသားစုတွေက
ကိုးကွယ်တဲ့ ဘုရားလို့ဆိုပြီးတော့
မိသားစုသံယောဇဉ်နဲ့ ကိုးကွယ်လို့ရှိရင်လည်း
သရဏဂုံ မမြောက်ဘူး၊
ဒါတွေ မပါစေရဘူး...။
မြတ်စွာဘုရားဟာ
လောကမှာ တကယ်မြင့်မြတ်တဲ့
ပုဂ္ဂိုလ်ဖြစ်တယ်...။
ပါရမီဆယ်ပါး အပြားသုံးဆယ်
စရိယသုံးပါး, စွန့်ခြင်းကြီး ငါးပါး
ဖြည့်ကျင့်ပြီးတော့ …
သတ္တဝါတွေအကျိုး အလို့ငှာ
ပါရမီတွေ ဖြည့်ကျင့်ပြီးလို့
ဘုရားအဖြစ်ကို ရောက်လာပြီးတော့…
အမှန်တရားကို ဟောကြားတဲ့
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်တယ်...။
ဒီပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေ
အင်မတန်မှ မြင့်မြတ်တယ်၊
ထိုအရည်အချင်းတွေကို
ပူဇော်တဲ့အနေနဲ့ ကိုးကွယ်တယ်ဆိုမှ
ကိုးကွယ်မှု မြောက်တယ်...။
အဲဒီလို ကိုးကွယ်မှ ကိုယ်နေ့စဉ်ဆိုနေတဲ့
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဆိုတာပိုပြီးတော့
အဓိပ္ပာယ် ရှိတယ်...။
အဲဒါကမှ
တကယ့် သရဏဂုံတည်တဲ့
“မဟာကုသိုလ်စိတ်”လို့ခေါ်တယ်...။
အဲဒီ မဟာကုသိုလ်စိတ်နဲ့
မြတ်စွာဘုရား ကိုယ်တော်မြတ်ကို
ကိုးကွယ်ဆည်းကပ်လို့ ရရှိလာတဲ့
ကုသိုလ်စေတနာတွေကမှ
လူချမ်းသာကိုလည်း ပေးနိုင်တယ်၊
နတ်ချမ်းသာကိုလည်း ပေးနိုင်တယ်...။
နိဗ္ဗာန်ချမ်းသာအထိ ပေးစွမ်းနိုင်တယ် ။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။?
#ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏
Crd, Original Post Owner(Facebook)

