အစကတည်းက ဇီးယိုပါ မမ, ဇီးယိုပါမောင်လေးဆိုရင် ပြီးရော... အခုတော 😂😝😂

မီးသတ်ရုံရှေ့မှာ ခွန်းကြီးခွန်းငယ်ဖြစ်နေကြတဲ့
ဗီဒီယိုဖိုင်ကြည့်လိုက်ရတယ်.....

နှစ်ဖက်စလုံးက ဒေါသသံတွေနဲ့
ဆရာမကြီးလေသံ၊ဆရာကြီးလေသံ
တွေနဲ့ မချေမငံပြောကြလေတော့
ပြဿနာလေးကကြီးကုန်ကြရော...

"ဟာ...ချစ်မ ကားလေးနည်းနည်းရှေ့တိုးပေးနော်...သည်နား ရပ်လို့ မရလို့ပါ"

"အော် sorry နော် မောင်လေး...အစ်မ..သတိမထားမိလိုက်လို့ပါ"

"ဟုတ်...ကျေးဇူးနော်..ဘယ်ကနေလာခဲ့တာလည်းခင်ဗျ...အရင်မမြင်ဘူးလို့ပါ...သည်ဖက်ကို ကိစ္စရှိလို့ လှည့်လာပုံပဲ.."

"ဟုတ်တယ်မောင်လေး...အစ်မက မြို့ထဲကပါ...လူနာလာခေါ်တာပါ မောင်လေးရေ...အစ်မက ဆရာဝန်ပါ...မောင်လေးကရော သည် မီးသတ်တပ်ဖွဲ့ကပဲလား "

"အော် အစ်မက ဆရာဝန်လား...ကျွန်တော်က သည်မီးသတ်တပ်ဖွဲ့ထဲ ကပါ...ကျွန်တော့ အမေလည်းခုတလော ကျန်းမာရေးချူချာတယ်...ဆရာဝန်နဲ့ပြဖို့ရှိတယ်... ဆရာမရေ...ဆေးခန်းလိပ်စာဖြစ်ဖြစ် ဖုန်းနံပါတ်လေးဖြစ်ဖြစ် ပေးခဲ့လို့ရမလားခင်ဗျ.."

"မြို့ထဲက ရိုးမဘဏ်နဲ့မျက်စောင်းထိုးက $##@##ဆေးခန်းပါ..ဖုန်းနံပါတ်က 09********နော်...ဟော ဟိုမှာ သူတို့လာနေပြီ..ဖုန်းဆက်လိုက်နော်....ဇီးယိုပါ မောင်လေး"

"ဟုတ်ကဲ့ပါ ဆရာမ ဇီးယိုပါ..ဘိုင်"

အဲ့သလိုသာ ပြေပြေ ပြစ်ပြစ်
ပြောကြ ဆိုကြရင် အပျို လူပျိုဆို ညားသွားလို့တောင် ရတယ်..

ကောင်းကောင်းပြောလည်း သည်စကားပဲဟာကို

အလကားနေရင်း လိုင်းပေါ်ရောက်တဲ့အထိ ရန်ထဖြစ်နေကြတယ်...

ခက်ဘူးလား.... 😎#cd

image