#သူတို့ကြောင့်__အချိန်ကုန်မခံပါနဲ့
++++++++++++++++++++%

*ကိုယ်တန်ဖိုး ထားသလို ကိုယ့်ပေါ်မှာ တုန့်ပြန်မှုမရှိတဲ့လူတွေအတွတ် အချိန်ကုန်မခံပါနဲ့။

*ကိုယ့်ဘက်က ချစ်ခင်တွယ်တာသလောက် ကိုယ့်ပေါ်ကို
တစ်စက်ကလေးမှ ငဲ့မကြည့်တတ်သူတွေအတွတ်
အချိန်ကုန်မခံပါနဲ့။

*ကိုယ့်ဘက်က နားလည်မှုပေးသလောက်
ကိုယ့်ပေါ်မှာ အနိုင်ယူတတ်သူတွေအတွတ် အချိန်ကုန်မခံပါနဲ့။

*ကိုယ့်ဘက်က အရာရာသူ့အတွတ် ဦးစားပေခဲ့ပေမဲ့
သူ့ဘက်ကို တစ်ခြားတစ်ယောက်ကိုသာ အလေးထားတတ်တဲ့သူတွေအတွတ် အချိန်ကုန်မခံပါနဲ့တော့။

*ကိုယ့်ပေါ်ကို တစ်ချက်ကလေးမှငဲ့မကြည့်တတ်သူတွေအတွတ် တန်ဖိုးရှ်ိတဲ့ အချိန်တွေကို မစတေးလိုက်ပါနဲ့
စာနာစိတ်မရှိတဲ့ လူတွေက ကြင်နာတရားဆိုတာ
နားမလည်ကြဘူး။

*တစ်ချို့လူတွေက ဂရုစိုက်တာကိုပဲ ခံချင်ကြတာ
သူတို့က ပြန်ပြီး ဂရုစိုက်ပေးဖို့ဆို နည်းနည်းလေးမှ
တုန့်ပြန်မှုမရှိကြဘူး။

*အယူသာရှိပြီး အပေးမရှိတဲ့လူတွေမှာ အတ္တဆိုတဲ့ စိတ်ဆန္ဒသာကိန်းအောင်းနေတတ်တယ်။
ဘယ်တော့မှ တစ်ဖက်လူရဲ့ ခံစားချက်ကို ဖွင့်မဖတ်ကြဘူး။

*တစ်ခါတစ်လေ ကိုယ်နဲ့ မတော်နဲ့ ဖိနပ်ကို စီးပြီးလမ်းလျောက်နေရတာနဲ့စာရင်
ဖိနပ်မပါပဲ လမ်းလျောက်လိုက်တာ ပိုပြီး ခရီးပေါက်ပါတယ်။

*ရှေ့ကိုဆက်တိုးလို့ မရတော့တဲ့ခါ
နောက်ကို ပြန်လှည့်ကြည့်လိုက်ပါ
သင့်ကို စာနာစိတ်အပြည့်နဲ့ စောင့်ကြိုနေသူတွေတွေ့ရပါလိမ့်မယ်။

*တစ်ချို့လူတွေက ကိုယ့်လက်ထဲကို အတင်းထိုးထည့်နေချိန်သာ
မူနေကြတာ
သူများလက်ထဲရောက်ခါနီးမှ တန်ဖိုးကြီးစွာ
နောင်တရာလာတတ်ကြလို့
ကိုယ့်ပေါ်မှာ ကိုယ်ကောင်းသလိုမကောင်းတဲ့သူတွေ၊
ကိုယ်ဂရုစိုက် အလေးထားသလို တန်ပြန်မှုမရှိတဲ့လူတွေအတွတ် အချိန်ကုန်မခံပါနဲ့။

*မင်းကို တန်ဖိုးထားတဲ့လူတွေနဲ့ လက်တွဲရမဲ့အချိန်တွေနည်းသွားလိမ့်မယ်။

မေတ္တာဖြင့်…

#KK(sparrow)
#CREDIT_သျှီ(တမာမြေ)