ကားစီးတိုင်း လူမမာလို ခေါင်းမထူနိုင်အောင်မူးပြီး အန်တတ်သူတွေအတွက် ဆေးနည်း
===
ကားစီးတိုင်း လူမမာလို ခေါင်းမထူနိုင်အောင်မူးပြီး အန်တတ်သူတွေအတွက် ဆေးနည်း
ခရီးထွက်/ကားစီးတိုင်း လူမမာတစ်ယောက်လို့ ဖြစ်သွားရလောက်အောင် မူးတက်၊ အန်တတ်တဲ့ လူတွေအတွက် အကောင်းဆုံးနည်းလေး မျှပေးလိုက်ပါတယ် နော် …..
ကားစီးရင် ကားမူးတတ်တဲ့ သူတွေ ဒီနည်းလေးကို သုံးကြည့် လိုက် ပါ …။ ကားမြင်တာနဲ့ မစီးရသေးဘူး မူးတတ်တဲ့ကိုယ် မူးရလွန်းလို့ ခရီးဆုံးရောက်ရင် လူမမာလို ဖြစ်တတ်တဲ့ ကိုယ် ဒီနည်းလမ်းနဲ့မှ အဆင်ပြေသွား ပါတော့ တယ် …။
ဆေးပေါင်းစုံ သောက်ဖူးတယ် …။ ဂျင်းတွေ ဝါးဖူးတယ် …။ ချက်တွေလဲ ပလာစတာကပ်ဖူးတယ် …။ နည်းပေါင်းစုံ လုပ်ဖူး တယ် …။ တစ်ခုမှ မထိရောက်ခဲ့ပါ ဘူး …။
သွေးခုန်နှုန်း စမ်းလို့ရတဲ့ နေရာလေးမှာ ဂျင်းပါးပါးလေး အုပ်ပြီး ခုလို ကပ်ထားတော့မှ ဘာဆို ဘာမှကို မဖြစ်တော့ပဲ၊ တလမ်းလုံးလဲ စားနိုင်သောက်နိုင်၊ ခရီးရောက်ရင်လဲ လူက လန်းလန်းဆန်းဆန်း ဖြစ်နေတော့တယ် …။ ဒီနည်းနဲ့ ၂ ပတ်တခါလောက်ကို ခရီးသွားနေတာကြာပါပြီ …။ ကားမူးတတ်တဲ့ သူတွေကို ကိုယ်ချင်းစာလို့ ပြန် မျှဝေလိုက် တာပါ … ကားမူးတဲ့ဒဏ်ကိုကားမူးတတ်တဲ့ သူပဲနားလည်လို့ပါ နော် … ။ ။
Credit: မူရင်းရေးသားသူ

