ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ပင်ပန်းသွားချိန်မှာ အကောင့်နှစ်ခုဆီကနေ အသီးသီး တက်လာတဲ့ memo လေးနှစ်ခုက စိတ်ကို recharge ပြန်ဖြစ်သွားစေပြန်တယ်။ စိတ်ရဲ့နောက်ကို ဒယီးဒယိုင် လိုက်ပေးနေရှာတဲ့ ခန္ဓာကိုတော့ အားနာမိပါရဲ့။
ဖေဖေ ပြောခဲ့ဖူးတဲ့စကားလေး "ဖေ့မီးငယ်က ပိုခက်တဲ့လမ်းကို အမြဲရွေးတယ်" တဲ့။ တကယ်က မဟုတ်ဘူးဖေဖေ။ ကျွန်မ အခု အလွယ်လမ်းကို လိုက်နေတာ။
အကုန်လုံး ရပ်တန့်ပြီး လွှတ်ချပစ်လိုက်ဖို့က ပိုခက်တယ်ဖေဖေရဲ့။ ကျွန်မ တွေးကြည့်တယ်။ အကြိမ်ကြိမ်တွေးကြည့်တယ်။ အားလုံး လွှတ်ချလိုက်ဖို့ အချိန် ငါးစက္ကန့်ထက် ပိုမလိုမှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ အဲ့ဒီ ငါးစက္ကန့်ရဲ့ နောက်က လမ်းဟာ ကျွန်မအတွက် ပိုခက်တယ်ဖေဖေ။
ဒါကြောင့် ကျွန်မ ပိုလွယ်တဲ့လမ်းကို ရွေးတာပါ။ ဖေ့သမီးငယ်က ပိုလွယ်တဲ့လမ်းကို ရွေးခဲ့တာ။ ပိုလွယ်တဲ့လမ်းကို လျှောက်နေတာ။
သည်လမ်းကိုပဲ ကျွန်မ ဆက်လျှောက်ဦးမှာ။
🌻

