နမ့်နိန်းကျေးရွာ အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှု အရှေ့အလယ်ပိုင်း တိုင်းမှူး၊ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇) နဲ့ တိုင်းဌာနချုပ် တပ်ဖွဲ့ဝင်များ ပါဝင်

မတ် ၁၄ ၊ ၂၀၂၃

နမ့်နိန်းကျေးရွာမှာ မတ်လ ၁၁ ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇) ၊စကခ-၁၈ ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် နေလင်းအောင်ကွပ်ကဲတဲ့ တပ်တွေနဲ့ တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကွပ်ကဲတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တွေ ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ပြည်သူပိုင် နေအိမ်(၁၀)လုံးအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပင်လောင်းမြို့နယ် ၊နမ့်နှိမ်းကျေးရွာတကြောမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကလည်း နေအိမ် ၅၀ ပျက်စီး ထားပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးအတွက် အကြမ်းဖက်စစ်တပ် ကျုးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

#myanmarlabournews

image