လမ်း
=+=+=
အမှောင်ထဲ ဇွတ်တိုးမိနေတာလား။
နံရံကို ခေါင်းနဲ့ တိုက်နေတာလား။
အလင်းဆီ ရောက်အောင် သွားဖို့ပါ။
နံရံအောက် မနေနိုင်သူအဖို့ တိုက်စရာ ခေါင်းပဲရှိရင် ခေါင်းနဲ့ တိုက်မှာပဲ။
တကိုယ်စာ ခံယူချက်တွေပေါင်းစုပြီး ငါတို့လမ်း ငါတို့ ရွေးမယ်။
#အရှုံးမပေးမချင်းငါတို့နိုင်တယ်။
#khaing 🌼
30th, May 2022
Мне нравится
Комментарий
Перепост

