Defensive offense ဆိုတာ...ခံစစ်ကို အခြေခံတဲ့ တိုက်စစ်၊

အခု... ထရမ့် သုံးနေတဲ့ ဗျူဟာ မြန်မာ့ လက်ရှိအစိုးရမှာလည်းတွေ့ရတယ် ။
( သူတို့ကိုယ်တိုင်က သိချင်မှ သိမှာ )

တရုတ်က... Offensive defense ဘမောင်တို့ခေတ် စစ်တုရင် စကားနဲ့ ဆိုရင် စစ်စီလီယမ် ခံစစ်၊ ချက်ခြင်းတိုက်စစ်ကိုပြောင်းနိုင်တယ်၊ ခေတ်သစ်မှာ... ဘလစ်ဇ်ဖြစ်လာတယ်။

ကုန်သွယ်စစ်ကို အားလုံး တားနေတဲ့ကြားက ထရမ့် က စတင်ခဲ့တယ် ။ နှစ်ဖက်နာကြတယ်၊ နောက်ဆုံးမှာနိုင်ငံရေး စနစ်က တရုတ်ကို ပံ့ပိုးပေးသွားမယ်လို့ ကြိုတင်သုံးသပ်ပေးခဲ့ပါတယ်၊ အခု စပြီး အဖြေကတစ်ဖြည်းဖြည်းပေါ်လာပါပြီ၊

ရက် (၉၀) ကုန်သွယ်စစ်ကို ခဏရပ်ဆိုင်းကြတယ် ။ ဟွာဝေ CFO ကို ဖမ်းပြတာနဲ့ စမ်းသပ်မှု တစ်ခုကို

လုပ်ကြတယ်၊ Huawei ကို ဈေးကွက်ပိတ်လိုက်တယ် ။ တရုတ်ဖက်ကလည်း ကနေဒါ လူမျိုး သံတမန်ဟောင်းကို ချက်ခြင်းဖမ်းပြပြီး iPhone ရဲ့တရုတ်ဈေးကွက်ကို ပိတ်ပစ်လိုက်တယ် ။


တရုတ်ရဲ့ တုန့်ပြန်မှုက (၂၄) နာရီအတွင်း ဖြစ်တာဆိုတော့ Offensive defense လက္ခဏာ အပြည့်တွေ့ရပြီး အမေရိကန်ဖက်က တန်ပြန်မှုမတွေ့ရသေးဘူး။

ဒီနေရာမှာ ထရမ့် ရဲ့အကြပ်အတည်းက အတော်ကြီးတယ် ။ သူ့ရှေ့က သမ္မတတွေလို စားကောင်းသောက် ကောင်း နေသွားရင်... နောက်ဆယ်စုနှစ်မှာ တရုတ်က သာသာလေး ကျော်သွားတော့မယ် ။

တရုတ် နဲ့ ရွယ်မတူခင်မှာ စွန့်စားမှ သမ္မတရဲ့တာဝန်ကြေပြီး အမျိုးသား အကျိုးစီးပွားအရေးကို ထမ်းဆောင်နှိုင်မှာ။

တရုတ်နဲ့ ထိပ်တိုက်တွေ့မှုကို ရှောင်ရင် နောင် (၁၀) နှစ်မှာ အမေရိကန်နေရာဖယ်ပေးရမယ်၊တရုတ်နဲ့ ထိပ်တိုက်တွေ့ရင်... နိုင်ခြေရှိတယ် ။ ဗျူဟာမှန်ဖို့တော့လိုတာပေါ့လေ။

Reverse theory အရ တရုတ်က အမေရိကန်နဲ့ ထိပ်တိုက်မတွေ့ပဲ နောင် (၁၀) နှစ်ကိုစောင့်မှာပေါ့။

Read more >>> ဓါတ်ပုံကိုနှိပ်၍ ဆက်လက် ဖတ်၇ှုပါရနိ .....

ရင်ခွင် လမ်း: အားပြိုင်မှု တစ်ခုရဲ့သိသာတဲ့ အဖြေ
Favicon 
yinkhwinlam243.blogspot.com

ရင်ခွင် လမ်း: အားပြိုင်မှု တစ်ခုရဲ့သိသာတဲ့ အဖြေ

Defensive offense ဆိုတာ... ခံစစ်ကို အခြေခံတဲ့ တိုက်စစ်၊ အခု... ထရမ့် သုံးနေတဲ့ ဗျူဟာ  မြန်မာ့ လက်ရှိအစိုးရမှာလည်း တွေ့ရတယ် ။ ( သူတို့ကိ...