HbsAg (ဘီ) ပိုး မေးခွန်း

HbsAg (ဘီ) ပိုး မေးခွန်း ဆရာ ရိုသေစွာမေးမြန်းခွင့်ပြုပါ။ ကျမက HbsAg ရှိနေတာ 10နှစ်လောက် ရှိပါပြီ။ ဆရာ့ နဲ့ပြနေရင်း

October 17, 2014
HbsAg (ဘီ) ပိုး မေးခွန်း

HbsAg

HbsAg (ဘီ) ပိုး မေးခွန်း ဆရာ ရိုသေစွာမေးမြန်းခွင့်ပြုပါ။ ကျမက HbsAg ရှိနေတာ 10နှစ်လောက် ရှိပါပြီ။ ဆရာ့ နဲ့ပြနေရင်း အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြား ထွက်သွားလို့ ဆက်မကုဖြစ်တော့တာ ယနေ့တိုင်ပါဘဲ။ လွန်ခဲ့တဲ့တစ်လလောက်ကတော့ အစာအိမ်နာလို့ အစာအိမ် အူလမ်းကြောင်းအထူးကုနဲ့ပြပါတယ်။ ဆရာမက Ultrasound ရိုက်ဆိုလို့ ရိုက်လိုက်တာ သည်းခြေမှာ Gall stone တွေ့ရပြီး အသည်းက Early cirrhosis လို့ Impression ပေးပါတယ်။ ဒါနဲ့ကျမကိုဆရာဝန်က HBsAg ကိုကုဘို့ပြောပါတယ်။ကျမရဲ့အသည်း အဖြေတွေက ALT/SGPT က 37 High, HBsAgက 2254 Reactive, HBeAg က Non-reactive, Anti HBeAb က 0.004 col, HBsAg (Quantitative Assay) က 13000, HBV viral load က 6.143×1000IU/ml ထွက်ပါတယ်။ ဒါနဲ့ဆရာမက HBsAg ကုဘို့ ထိုးဆေးနဲ့ သောက်ဆေးနှစ်မျိုးတစ်မျိုးကို ရွေးခိုင်းပါတယ်။ သောက်ဆေးကပျောက်ဘို့ ၇% နှင့် ထိုးဆေးက ၃၅% လို့ ပြောပါတယ်။ ကျမကထိုးဆေး Pegasys alfa-2aကို ရွေးချယ်ခဲ့ပါတယ်။ အခုဆိုရင် ဆေးလေးလုံးရှိပါပြီ။ ထိုးပြီးတစ်ရက်မှာဘဲ Flu လိုဝေဒနာမျိုး နာရီပိုင်းလောက် ခံစားရပါတယ်။ အထူးသဖြင့်ကျမရဲ့ ခါးနဲ့အနောက်ဖက်တွေ ညောင်းညာကိုက်ခဲပါတယ်။ တစ်ပါတ်ကို တစ်ခါထိုးရပါတယ် သြော်ဆရာ မရိုသေစကားပါ။ ကျမဟာ ကျမ ဘီယာသောက်ခြင်းကို လွန်စွာနှစ်သက်ပါတယ်။ အသက်က ၄၆ နှစ် အိမ်ထောင်မရှိပါဘူး။ ကျမ ဘီအကူးခံရတာလည်း့ မှာနေတုန်းက အသိဉာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့ပါတယ်။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင်ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမသိရတာကျမတို့နဲ့တစ်အိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကောင်မလေးကို ခြစ်လိုက် ကျမကိုခြစ်လိုက် လုပ်ခဲ့တယ်ဆိုတာသိရပါတယ်။ ဆရာရေ အခုကျမကုသနေတဲ့ဆေးနဲ့ ကျမရောဂါအခြေအနေဟာ အသဲကင်ဆာ သို့မဟုတ် ခြေက်ခြင်းကို အလွယ်တကူ ပြောင်းနိုင်တဲ့အဆင့် ရောက်နိုင်ပြီလားဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ။ Wall ပါ်မှာဖြေလည်းရပါတယ်ဆရာ။ 'ဆောရီး' နှစ်ထပ်ကွမ်းပါဗျာ။ အခုမေးခွန်းကို 'မက်ဆေ့ချ်' ကနေဖတ်ပြီး ကူးယူနေတုံးမှာ ကွန်ပြူတာ 'ဟင်း' ဖြစ်လို့ ပြန် 'ရီစတပ်' လုပ်တယ်။ ဘယ်သူကမေးသလဲဆိုတာ မသိတော့ဘူး 'ဝေါလ်' ကနေလဲတင်နိုင်ပါတယ်ဆိုလို့ တော်သေးတယ်။ ဆရာရေးထားတဲ့ (ဘီ) ပိုးစာတွေကို ဖတ်မိပါသလား။ (ဘီ) ပိုးဟာ ဝင်ထားပြီးရင် ဘာမှဒုက္ခမပေးသေဘဲနေသေးတယ်။ နာတာရှည်အသည်းရောင်အဆင့်ကို ရောက်လာမှသာ ဆေးကူနိုင်တယ်။ နာတာရှည်ကနေ (၁) အသည်းခြောက်တာ၊ (၂) အသည်းအလုပ်မနိုင်တော့တာနဲ့ (၃) အသည်းကင်ဆာ တခုခုကိုကူးပြောင်းနိုင်တယ်။့ အခုမေးသူမှာ အာလ်ထွာဆောင်း အဖြေအရ အသည်းခြောက်တာစနေပြီ။ ဒီအဆင့်မှာ အသည်းအထူးကုဆရာဝန်တွေကနေ အကောင်းဆုံးကို ညွှန်ပါမယ်။ အသည်းအစားထိုးရတာက ရွေးစရာလမ်းတခုဖြစ်တယ်။ ဖြစ်လာမှာတော့ အကောင်းဆုံးကိုသာ မျှော်လင့်ပါ။ စိတ်အားတင်းပါ။ ကံတရားနဲ့ ဉာဏ်ကိုအားကိုးပါ။ ဆရာဝန်ပြောစရာမလိုဘဲ သိမှာက အသည်းနဲ့ အရက် (အယ်လ်ကိုဟော) မတည့်ပါ။ ကင်ဆာ မဟုတ်လို့ စိတ်သက်သာရာရပါ။ ဆရာက ကျေးဇူးတင်းချင်တာတခုရှိတယ်။ (ဘီ) ပိုးဟာ သွေးကနေလဲကူးတယ်။ သွေးထွက်အောင်လုပ်တဲ့နည်းလမ်း ဘယ်ကနေဖြစ်ဖြစ် ကူးနိုင်တယ်။ မေးတဲ့သူမှာ တရုပ်တိုင်းရင်းဆေးနည်း (မက်ကလောင်) ကနေလို့ ယူဆတာ မှန်နိုင်တယ်။ နောက်လူတွေအတွက် အသိပညာပေးဘို့ နမူနာတခုအနေနဲ့ ဆရာကပြောပြလို့ရတဲ့အတွက် ကျေးဇူးတင်တယ်။ 'မက်ဆေ့ချ်' ကနေဖြစ်ဖြစ် 'အီးမေးလ်' ကနေဖြစ်ဖြစ် ပြန်စာရေးရင် သိလိုတဲ့ (ဘီ) ပိုးအကြောင်း ဆေးပညာစာတွေ ပို့ပေးပါမယ်။ ကျန်းမာ-ချမ်းသာပါစေ။ ဒေါက်တာတင့်ဆွေ ၁၃-၁ဝ-၂ဝ၁၄
ဆရာ ရိုသေစွာမေးမြန်းခွင့်ပြုပါ။ ကျမက HbsAg ရှိနေတာ 10နှစ်လောက် ရှိပါပြီ။ ဆရာ့ နဲ့ပြနေရင်း အလုပ်ကိစ္စနဲ့ နိုင်ငံရပ်ခြား ထွက်သွားလို့ ဆက်မကုဖြစ်တော့တာ ယနေ့တိုင်ပါဘဲ။ လွန်ခဲ့တဲ့တစ်လလောက်ကတော့ အစာအိမ်နာလို့ အစာအိမ် အူလမ်းကြောင်းအထူးကုနဲ့ပြပါတယ်။ ဆရာမက Ultrasound ရိုက်ဆိုလို့ ရိုက်လိုက်တာ သည်းခြေမှာ Gall stone တွေ့ရပြီး အသည်းက Early cirrhosis လို့ Impression ပေးပါတယ်။ ဒါနဲ့ကျမကိုဆရာဝန်က HBsAg ကိုကုဘို့ပြောပါတယ်။ကျမရဲ့အသည်း အဖြေတွေက ALT/SGPT က 37 High, HBsAgက 2254 Reactive, HBeAg က Non-reactive, Anti HBeAb က 0.004 col, HBsAg (Quantitative Assay) က 13000, HBV viral load က 6.143×1000IU/ml ထွက်ပါတယ်။ ဒါနဲ့ဆရာမက HBsAg ကုဘို့ ထိုးဆေးနဲ့ သောက်ဆေးနှစ်မျိုးတစ်မျိုးကို ရွေးခိုင်းပါတယ်။ သောက်ဆေးကပျောက်ဘို့ ၇% နှင့် ထိုးဆေးက ၃၅% လို့ ပြောပါတယ်။ ကျမကထိုးဆေး Pegasys alfa-2aကို ရွေးချယ်ခဲ့ပါတယ်။ အခုဆိုရင် ဆေးလေးလုံးရှိပါပြီ။ ထိုးပြီးတစ်ရက်မှာဘဲ Flu လိုဝေဒနာမျိုး နာရီပိုင်းလောက် ခံစားရပါတယ်။ အထူးသဖြင့်ကျမရဲ့ ခါးနဲ့အနောက်ဖက်တွေ ညောင်းညာကိုက်ခဲပါတယ်။ တစ်ပါတ်ကို တစ်ခါထိုးရပါတယ် သြော်ဆရာ မရိုသေစကားပါ။ ကျမဟာ ကျမ ဘီယာသောက်ခြင်းကို လွန်စွာနှစ်သက်ပါတယ်။ အသက်က ၄၆ နှစ် အိမ်ထောင်မရှိပါဘူး။ ကျမ ဘီအကူးခံရတာလည်း့ မှာနေတုန်းက အသိဉာဏ်မဲ့စွာ တရုတ်အပ်စိုက်ခဲ့ပါတယ်။ ပြီးတော့ အကြောတက်လို့ဆိုပြီး သူငယ်ချင်းတရုတ်မက မက်ဂလောင်ခြစ်တယ်ဆိုပြီး ဇွန်းနဲ့ကြောကို သွေးစို့အောင်ခြစ်ပေးခဲ့ဘူးပါတယ်။ နောက်မှကျမသိရတာကျမတို့နဲ့တစ်အိမ်ထဲနေ မြန်မာတရုတ်မလေးမှာ HBeAg ရှိနေခဲ့တာပါဘဲ။ အဲဒီ မက်ဂလောင်ခြစ်တဲ့ဇွန်းကို အဲဒီကောင်မလေးကို ခြစ်လိုက် ကျမကိုခြစ်လိုက် လုပ်ခဲ့တယ်ဆိုတာသိရပါတယ်။ ဆရာရေ အခုကျမကုသနေတဲ့ဆေးနဲ့ ကျမရောဂါအခြေအနေဟာ အသဲကင်ဆာ သို့မဟုတ် ခြေက်ခြင်းကို အလွယ်တကူ ပြောင်းနိုင်တဲ့အဆင့် ရောက်နိုင်ပြီလားဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါဆရာ။ Wall ပါ်မှာဖြေလည်းရပါတယ်ဆရာ။
'ဆောရီး' နှစ်ထပ်ကွမ်းပါဗျာ။ အခုမေးခွန်းကို 'မက်ဆေ့ချ်' ကနေဖတ်ပြီး ကူးယူနေတုံးမှာ ကွန်ပြူတာ 'ဟင်း' ဖြစ်လို့ ပြန် 'ရီစတပ်' လုပ်တယ်။ ဘယ်သူကမေးသလဲဆိုတာ မသိတော့ဘူး 'ဝေါလ်' ကနေလဲတင်နိုင်ပါတယ်ဆိုလို့ တော်သေးတယ်။
ဆရာရေးထားတဲ့ (ဘီ) ပိုးစာတွေကို ဖတ်မိပါသလား။ (ဘီ) ပိုးဟာ ဝင်ထားပြီးရင် ဘာမှဒုက္ခမပေးသေဘဲနေသေးတယ်။ နာတာရှည်အသည်းရောင်အဆင့်ကို ရောက်လာမှသာ ဆေးကူနိုင်တယ်။ နာတာရှည်ကနေ (၁) အသည်းခြောက်တာ၊ (၂) အသည်းအလုပ်မနိုင်တော့တာနဲ့ (၃) အသည်းကင်ဆာ တခုခုကိုကူးပြောင်းနိုင်တယ်။

အခုမေးသူမှာ အာလ်ထွာဆောင်း အဖြေအရ အသည်းခြောက်တာစနေပြီ။ ဒီအဆင့်မှာ အသည်းအထူးကုဆရာဝန်တွေကနေ အကောင်းဆုံးကို ညွှန်ပါမယ်။ အသည်းအစားထိုးရတာက ရွေးစရာလမ်းတခုဖြစ်တယ်။
ဖြစ်လာမှာတော့ အကောင်းဆုံးကိုသာ မျှော်လင့်ပါ။ စိတ်အားတင်းပါ။ ကံတရားနဲ့ ဉာဏ်ကိုအားကိုးပါ။ ဆရာဝန်ပြောစရာမလိုဘဲ သိမှာက အသည်းနဲ့ အရက် (အယ်လ်ကိုဟော) မတည့်ပါ။ ကင်ဆာ မဟုတ်လို့ စိတ်သက်သာရာရပါ။
ဆရာက ကျေးဇူးတင်းချင်တာတခုရှိတယ်။ (ဘီ) ပိုးဟာ သွေးကနေလဲကူးတယ်။ သွေးထွက်အောင်လုပ်တဲ့နည်းလမ်း ဘယ်ကနေဖြစ်ဖြစ် ကူးနိုင်တယ်။ မေးတဲ့သူမှာ တရုပ်တိုင်းရင်းဆေးနည်း (မက်ကလောင်) ကနေလို့ ယူဆတာ မှန်နိုင်တယ်။ နောက်လူတွေအတွက် အသိပညာပေးဘို့ နမူနာတခုအနေနဲ့ ဆရာကပြောပြလို့ရတဲ့အတွက် ကျေးဇူးတင်တယ်။
'မက်ဆေ့ချ်' ကနေဖြစ်ဖြစ် 'အီးမေးလ်' ကနေဖြစ်ဖြစ် ပြန်စာရေးရင် သိလိုတဲ့ (ဘီ) ပိုးအကြောင်း ဆေးပညာစာတွေ ပို့ပေးပါမယ်။
ကျန်းမာ-ချမ်းသာပါစေ။
ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/10/hbsag.html


Healthy Life

253 Blog posts

Comments