Migraine and Contraceptives ကိုယ်ဝန်တားဆေး-တားနည်းတွေနဲ့ (မိုင်ဂရင်း)

ကျွန်မမှာ Migran (မိုင်ဂရိန်း) ခေါင်းတစ်ခြမ်းရောဂါ ရှိပါတယ်။ တစ်ခါတစ်ခါဖြစ်ရင်လည်း တစ်နေကုန်နီးပါး ခေါင်းက

November 29, 2014
Migraine and Contraceptives ကိုယ်ဝန်တားဆေး-တားနည်းတွေနဲ့ (မိုင်ဂရင်း)

Migraine and Contraceptives

ကျွန်မမှာ Migran (မိုင်ဂရိန်း) ခေါင်းတစ်ခြမ်းရောဂါ ရှိပါတယ်။ တစ်ခါတစ်ခါဖြစ်ရင်လည်း တစ်နေကုန်နီးပါး ခေါင်းကိုက်မှုကို ခံစားရပါတယ်။ အချို့ကျန်းမာရေးဗဟုသုတစာစောင်တွေမှာ မိုင်ဂရိန်းရောဂါ ရှိလျှင် ဟော်မုန်းပါသော တားဆေးများ အသုံးမပြုသင့်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ကျွန်မအနေဖြင့် DEPO ၃လ ဆေးကိုထိုးမည်ဆိုလျှင် မိုင်ဂရိန်းရောဂါရှိသူအတွက် မည်ကဲ့သို့ ဆိုးကျိုးများခံစားရနိုင်သည်ကို သိလိုပါတယ်။ DEPO ဆေးသည် မိုင်းဂရိန်းရောဂါရှိသူအတွက် ထိုးသင့်ပါသလားလဲ သိချင်ပါတယ်။ အကယ်၍ မိုင်းဂရိန်းရောဂါရှိသူအတွက် သင့်တော်သော တားဆေးများရှိလျှင် ကျေးဇူးပြု၍ ဖော်ပြပေးပါ။

Depo-Provera (medroxyprogesterone acetate) ထိုးဆေးဟာ Migraine (မိုင်ဂရင်း) အမူးရောဂါရှိသူတွေအတွက် သတိထားသုံးရပါတယ်။ မသုံးနဲ့လို့အမျိုးအစား မဟုတ်ပါ။

ဟော်မုန်း ၂ မျိုးတွဲပါတားဆေး
• လူအများဆုံးသုံးတယ်။ ရှာလို့လွယ်တယ်။ ဈေးချိုတယ်။ ဟော်မုန်း ၂ မျိုးတွဲမှာ သတိထားရမှာက (အီစထိုဂျင်) ဟော်မုန်းဖြစ်တယ်။ လတိုင်း ပဌမသောက်ရတဲ့ ဟော်မုန်းပါ ၂၁ လုံး + နောက် ၇ ရက်မှာ ဟော်မုန်းမပါတဲ့ ဆေးလုံး ၇ လုံးပါတယ်။
• (မိုင်ဂရင်း) ရောဂါရှိသူတွေအတွက် ၂၁ လုံးဆေးကုန်တာနဲ့ နောက် ၂၁ လုံး၊ တတိယအကြိမ် ၂၁ လုံး ဆေးကပ် ၃ ကပ် ဆက်သောက်ပါ။ နောက် ၇ ရက်နားပါ။ ဒိနောက်မှာလဲ အဲဒီအတိုင်းသောက်ပါ။ ၃ လမှတခါသာ ရာသီလာပါမယ်။ ဒီလိုလုပ်ရင် (အီစထိုဂျင်) ဟော်မုန်းက အတက်-အကျမရှိဘဲ၊ ပုံမှန်ရှိနေမယ်။ ၃ လ တခါမဟုတ်ဘဲ ၂၁ လုံးဆေးလုံးတွေ ဆက်သောက်နေလဲ ရပါတယ်။ ဒီနည်းကနေ လူတိုင်းကို ကောင်းစေတယ်ဆိုတာ သက်သေအများကြီးတော့ မရှိပါ။
• ဟော်မုန်း ၂ မျိုးတွဲ တားဆေးက နှလုံးသွေးကြောကျဉ်းရောဂါ ရှိနေသူတွေအတွက် မသင့်ပါ။ သွေးတိုးရှိသူတွေလဲ မသင့်ပါ။

Progestogen–only pill (ပရိုဂျက်စတီရုန်း) ဟော်မုန်း တမျိုးထဲပါတဲ့ဆေး
• Progestogen only pill ကို နားရက်မရှိဘဲ သောက်နည်းလဲသုံးကြတယ်။ တချို့မှာ ခေါင်းကိုက်စေတယ်။
• Implants အရေပြားအောက်ထည့်ထားရတဲ့ဆေးချောင်း၊ ၃ နှစ်အထိ ထားနိုင်တယ်။
• Depo Injection ဒီပို ထိုးဆေး၊ ၃ လခံတယ်။
• Intrauterine system သားအိမ်ထဲထည့်စရာ၊ ၅ နှစ်အထိထားနိုင်တယ်။

Non hormonal methods of contraception ဟော်မုန်းမပါနည်းများ
• IUCD/IUD/Copper T သားအိမ်ထဲထည့်စရာ၊ ၃-၅-၁ဝ နှစ်အထိထည့်ထားနိုင်တယ်။ တကယ်လို့ ရာသီဆင်းတာက ပိုများမယ်ဆိုရင် (မိုင်ဂရင်း) ကို ပိုဆိုးစေနိုင်တယ်။
• Condoms (ကွန်ဒွမ်) နည်း၊
• Diaphragms (ဒိုင်ယာဖရမ်) သားအိမ်အဝအဖုံးထည့်နည်း။

Emergency hormonal contraception အရေးပေါ်တားဆေးထဲမှာ ဟော်မုန်း ၁ မျိုးထဲပါတယ်။ အတူနေပြီး ၇၂ နာရီအတွင်း သောက်နိုင်တယ်။ ၁၂ နာရီအတွင်း သောက်တာ အကောင်းဆုံးဖြစ်တယ်။

တကယ်လို့ (မိုင်ဂရင်း) ဟာ (PMS) ရာသီမလာခင်ဖြစ်ချင်တာတွနဲ့ အတူတွဲဖြစ်တာဆိုရင် ဟော်မုန်း ၂ မျိုးတွဲဆေးဖြစ်ဖြစ် ဒီပို ထိုးဆေးဖြစ်ဖြစ် သုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/migraine-and-contraceptives.html


Healthy Life

253 Blog posts

Comments