Migraine (2) မိုင်ဂရင်း (၂)

Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေ

November 29, 2014
Migraine (2) မိုင်ဂရင်း (၂)

Migraine (2)

Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေးကြောဘေးက ရှိနေတဲ့ အာရုံကြောတွေကို တင်းအား သက်ရောက်စေလို့ ဓါတ်ပစ္စည်းတွေ ထွက်လာစေတယ်။ ဆက်ပြီး သွေးကြောတွေကို ရောင်စေ၊ နာစေလို့ ဖြစ်ရတာပါ။

အာရုံကြောစနစ်ထဲက Sympathetic nervous system ကို ထိခိုက်တာ ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်တာအပြင် ပျို့ချင်၊ အန်ချင်၊ ဝမ်းသွားချင်တာပါ ဆက်ဖြစ်စေတယ်။ အစာအိမ်ထဲက အစာတွေ အောက်ဆက် ဆင်းမှာကိုလည်း နှေးစေတယ်။ ဖြစ်နေလို့ ဆေးတိုက်တဲ့အခါ၊ ဆေးက အောက်အဆင်း နှေးလို့ ဆေးမတိုးသလိုမျိုး ဖြစ်စေတယ်။ သွေးစီးဆင်းမှုကို နှေးစေလို့ လူနာရဲ့ မျက်နှာဟာ ခပ်ဖွေးဖွေး ဖြစ်နေမယ်။ ခြေ-လက် အေးစက်စက်နေမယ်။ မျက်စိက မြင်တာ၊ နားက ကြားတာတွေကိုပါ သက်ရောက်သေးတယ်။

နာတာရှည်ပြီး၊ ပြန်ပြန်ဖြစ်တဲ့ ရောဂါတခုဖြစ်တယ်။ ဖြစ်တိုင်းတော့ ခေါင်းကိုက်ချင်မှ ကိုက်တယ်။ ကိုက်ပုံ ကိုက်နည်း ကလည်း ထူးတယ်။ ပြင်းပြင်းထံထံ၊ နားထင်တဖက်မှာ ထိုးကိုက်တယ်။ နဖူးမှာလည်း ကိုက်တဲ့လူ ကိုက်တယ်။ နောက်စေ့မှာ ဖြစ်သူ ဖြစ်တယ်။ ၃ ပုံ ၂ ပုံလောက်က ခေါင်းနှစ်ဖက်လုံး ခံစားရတယ်။ တဖက် ဖြစ်သူတွေက ဘက်ပြောင်း ဖြစ်တတ်သေးတယ်။ ၄ နာရီကနေ ၃ ရက်အထိ ကြာတတ်တယ်။

မဖြစ်ခင် သတိပေးသလို လက္ခဏာတွေ အရင်လာတတ်တယ်။ အအိပ်ပျက်တာ၊ စိတ်တိုချင်တာ၊ အားယုတ်တာ၊ စိတ်ဓါတ် ကျတာ၊ သန်းတာ၊ အချို-အငန် ချင်ခြင်းတတ်လာတာ။ ၂ဝ% လောက်မှာ Migraine aura ဆိုတဲ့ နိမိတ်တွေက ခေါင်း မကိုက်ခင်လေးမှာဖြစ်ဖြစ် တပြိုင်နက်တည်းဖြစ်ဖြစ် ပေါ်တယ်။ အလင်းရောင်စူးစူးရှရှတွေ မြင်ရတယ်။ မြင်ကွင်းရဲ့ အလည်ကနေ စပြီး၊ အလည်ခေါင်မှာ ဘာမှ မမြင်ရတဲ့ အပေါက်လိုလည်း ပါသေးတယ်။ အသက်ကြီးသူတွေမှာ ဒါမျိုးသာ ဖြစ်ပြီး၊ ခေါင်းဆက် မကိုက်သူတွေလည်း ရှိတယ်။ တခါဖြစ်တာ ၂၄ နာရီ ကြာတဲ့နောက် အားအင်တွေ ဆုတ်ယုတ်ပြီး၊ အသံတွေ၊ အလင်းတွေ သိပ်မကြည့်ချင်၊ မကြားချင် ဖြစ်လာတတ်တယ်။

အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အချို့အမျိုးသမီးတွေ ရာသီလာခါနီး၊ လာနေတုံးမှာ (မိုင်ဂရိမ်း) ရောဂါ ခံစားကြရလေ့ ရှိတယ်။ Menstrual migraines လို့ ခေါ်လိုက်တယ်။

ဆေးမကူနည်းတွေနဲ့ စရအောင်။ ရေခဲတင်ပါ၊ စိတ်တင်းအား လျှော့နည်း လုပ်ပါ။ “အိပ်စက်ခြင်းသည် အကောင်းဆုံးနည်း” ဖြစ်သည်။ အဲလိုဖြစ်တတ်တာကို စေ့ဆော်တဲ့ အလုပ်မှန်သမျှ ရှောင်နိုင်အောင် ကြိုးစားပါ။ ဆေးလိပ် မသောက်တာမျိုး၊ ဒီအစားစားလို့ ဖြစ်တာထင်ရင် ရှောင်တာမျိုး။ အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အစားစားချိန် မှန်ပါစေ။ ထမင်း တနပ်လွတ်သွားတာ မဖြစ်ပါစေနဲ့။

Medication for migraine ဆေးတွေ သုံးရအောင်။ သာမန်ဖြစ်သူတွေဟာ Acetaminophen (Tylenol) နဲ့ NSAID (စတီရွိုက်) မပါတဲ့ အကိုက်-အနာပျောက်ဆေးတွေကို သုံးနိုင်တယ်။ NSAID ဆိုတာ Aspirin, Ibuprofen တွေကို ပြောတာပါ။

အလယ်အလတ်စား နဲ့ ပြင်းထံသူတွေအတွက် ဆေးတွေကတော့
• Triptans, Sumatriptan Injection or Tablet or nasal inhaler, Zolmitriptan (Zomig), Rizatriptan (Maxalt), Naratriptan (Amerge), almotriptan (Axert) and frovatriptan (Frovalan)
• Ergots (Ergomar, Wigraine, and Cafergot) and Dihydroergotamine (Migranal, DHE-45)
• Midrin

ဆေးစွဲတတ်တဲ့ အပြင်စားဆေးတွေ Narcotics and butalbital-containing medications ကိုလည်း သုံးရတတ်တယ်။ အန်တာ များသူတွေအတွက် Prochlorperazine (Compazine) or Metoclopramide (Reglan) ဆေးပေးတယ်။ သွေးကြောထဲ ထိုးရတဲ့ဆေးတွေ DHE-45 (dihydroergotamine), prochlorperazine (Compazine), and Valproate (Depacon) လည်းသုံးတယ်။

Migraine ကို လုံးဝပျောက်အောင် မတတ်နိုင်သေးပါ။ ကာကွယ်ဆေးတွေက ဝယ်ရ-ရှာရတာ မခက်ပါ။ Beta blockers (Propranolol), Calcium-channel blockers (Diltiazem, Verapamil, Nimodipine), Tricyclic antidepressants (Amitriptyline, Nortriptyline, Doxepin, Amipramine), Antiserotonin agents (Methysergide), Anticonvulsants (valproic acid, phenobarbital, topiramate) တွေကို သုံးနိုင်ပါတယ်။

အအိပ်ပျက်တာ၊ ညစာ မစားဘဲနေတာ၊ အလင်းရောင် စူးစူးရှရှ မြင်တာ၊ (ကေဖင်း) များတဲ့ ကော်ဖီ-လက်ဘက်ရည် သောက်တာ၊ ချောကလက်၊ ဝိုင်၊ လျှော့ပါ၊ ရှောင်ပါ။ ဆီးချို ရှိလို့ကြောင့်ဖြစ်ဖြစ်၊ မဝအောင်ဖြစ်ဖြစ်သုံးတဲ့ သကြားစားထိုး Aspartame ကလည်းဖြစ်စေတယ်။

Chinese restaurant syndrome ဆိုတာ တကယ်ရှိတယ်။ တရုပ်စားသောက်ဆိုင်မှာ စားရင် ခေါင်းကိုက်တာကို ခေါ်တယ်။ ဗိုလ်စာတွေဖြစ်တဲ့ hot dogs, ham, bacon and sausages တွေထဲမှာ Nitrates and nitrites ပါလို့ (မိုင်ဂရင်း) ဖြစ်တတ်တယ်။ “တရုပ်ကလဲ အကျိုးမပေးဘူး။ ဗိုလ်လဲ အကျိုးမဖြစ်ဘူး။” မုန့်ပျားသလက်ကြောင့် ခေါင်းကိုက်တယ်လို့တော့ မကြားဘူးသေးပါ။

(မိုင်ဂရင်း) က မျိုးရိုးလိုက်ပါတယ်။ လူနာ တဝက်ကကျော်က မိသားစုထဲမှာ တယောက်မက ရှိနေတတ်တယ်။ (မိုင်ဂရင်း) ခေါင်းကိုက် ဖြစ်တော့မယ်ဆိုရင် ဆရာဝန်ညွှန်ထားတဲ့ဆေး ချက်ချင်းသောက်လိုက်ပါ။ ရေ-အရည် အများကြီး သောက်ပါ။ အိပ်ရာမှာ သက်တောင့်သက်သာ လှဲနေပါ။ အခန်းဟာ တိတ်ဆိပ်ရာ၊ အလင်းရောင် မများတာဖြစ်ရမယ်။ နဖူးမှာ အေးတဲ့ အဝတ်တခုခု ပတ်ထားပါ။ နာတဲ့နေရာ နှိပ်နယ်ပေးပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/migraine-2.html


Healthy Life

253 Blog posts

Comments