Triglyceride and Sinus bradycardia နှလုံးခုန် နှေးလွန်းတာ မကောင်းပါ

Triglyceride and Sinus bradycardia အကြောင်းကို မေးချင်ပါတယ်။ ကျမအသက် ၃၇ နှစ်ရှိပါပြီ။ သည်နေ့ပဲ ဆေးစစ်ကြည့်တော့ Triglyceride က ၂၈၁ mg/dl ရှ

November 22, 2014
Triglyceride and Sinus bradycardia နှလုံးခုန် နှေးလွန်းတာ မကောင်းပါ

Triglyceride and Sinus bradycardia

Triglyceride and Sinus bradycardia အကြောင်းကို မေးချင်ပါတယ်။ ကျမအသက် ၃၇ နှစ်ရှိပါပြီ။ သည်နေ့ပဲ ဆေးစစ်ကြည့်တော့ Triglyceride က ၂၈၁ mg/dl ရှိနေပြီး၊ Sinus bradycardia ရှိနေပါတယ်။ ဆရာ့ကို မေးချင်ပါတယ်။
၁) Triglyceride လျော့စေတဲ့နည်းလမ်း နှင့် မည်သည့် အစားအစာများကို စားရန် နှင့် ရှောင်ရန်။
၂) Sinus bradycardia ရဲ့ ဖြစ်နိုင်တဲ့ဆိုးကျိုး၊ ဘယ်လို ကုသမှုမျိုး လုပ်ရပါသလဲဆိုတာကို သိချင်ပါတယ်။

လက်ကောက်ဝတ် အထက်၊ လက်မဘက်မှာ ကိုယ့်ဖါသာ သွေးခုန်တာကို စမ်းတာနဲ့ သေလောက်အောင် ဆိုးဝါးမှာကို ကာကွယ်ဘို့ အသိ ရနိုင်ပါတယ်။ နှလုံးခုန်နှုန်းဟာ တမိနစ်မှာ ၇ဝ-၈ဝ ရှိတာ ပုံမှန်ပါ။ ၆ဝ ထက်နည်းရင် Sinus bradycardia ခေါ်တယ်။ နည်းပေမဲ့ ဘာမှ မခံစားရဘဲ ၅ဝ လောက်အထိ နည်းမှ ရောဂါလက္ခဏာ ခံစားရသူတွေ ရှိတယ်။ အားကစားသမားတွေမှာ ထုံးစံလို နည်းနေတာတော့ ရောဂါမဟုတ်ပါ။

ကျန်းမာရေး အသိရှိသူတွေ အဆီများတာ မကာင်းမှန်း သိကြတယ်။ ပိုသိသူတွေက Cholesterol လို့ သိကြမယ်။ (ကိုလက်စထော) များတာ မကောင်းပါ ဆိုပေမဲ့ Low-Density Lipoprotein (LDL) ဆိုတာကမှ မကောင်းတာပါ။ High-Density Lipoprotein (HDL) ကကောင်းတယ်။ Cholesterol ဟာ (ဆဲလ်) နံရံတွေ ဆောက်ဘို့၊ ဟော်မုန်းတွေ လုပ်ဘို့ အသုံးဝင်တယ်။ သိပ်နည်းနေသူဟာ Depression စိတ်ကျရောဂါ ဖြစ်နေတတ်တယ်။ ဒိထက် ပိုသိချင်ရင် Triglycerides (ထရိုင်ဂလစ်စရိုက်) လို့ မှတ်လိုက်ပါ။

Triglycerides (ထရိုင်ဂလစ်စရိုက်) နဲ့ Cholesterol (ကိုလက်စထော)
Cholesterol များနေတာထက် Triglycerides များနေတာက ရောဂါရမှာကို ပိုပြီး တိကျစေတယ်။ Triglycerides နဲ့ HDL အချိုးဟာ နှလုံးကို ထိခိုက်တော့မယ်ဆိုတာ သိဘို့ အရေးကြီးတဲ့ ညွှန်းကိန်း ဖြစ်တယ်။ သွေးထဲမှာ Triglycerides များနေတာနဲ့ Atherosclerosis သွေးလွှတ်ကြော မာတာ-ပိတ်တာ ဆက်စပ်နေတယ်။ ဆက်ပြီးလဲ Heart disease နှလုံး-ရောဂါ နဲ့ Stroke (စထုပ်ခ်) ရတာ ဖြစ်နိုင်တယ်။ အသက်ရလေ Triglyceride များလာလေ။ မျိုးရိုးလဲ လိုက်နိုင်တယ်။

Myocardial infarction နှလုံးကြွက်သား သွေးမလျှောက် ရောဂါဆိုတာက အလွန့်-အလွန် အရေးကြီးတယ်။ အသက် ကြီးသူတွေမှာ Sick sinus syndrome ရောဂါက ဆိုးတယ်။ ၇ဝ% အောက်သာ ၅ နှစ် ရှင်မယ်။

ဒီရောဂါဟာ တကယ့် အရေးပေါ်ဖြစ်တယ်။ အမေရိကားမှာ တနှစ်မယ် လူ ၅ သိန်းကနေ ၇ သိန်း သေဆုံးနေကြရတယ်။ မသေပေမဲ့ ရောဂါဖြစ်ရသူက နောက်တဆ ရှိသေးတယ်။ သေရသူတဝက်က ဆေးရုံတောင် မရောက်နိုင်ကြဘူး။ Acute Coronary Syndrome, Ischemic Heart Disease, Myocardial Ischemia ဆေစာနဲ့ နာမယ်တွေ အမျိုးမျိုး ခေါ်တယ်။ ဖြစ်ပြီဆိုရင် ရင်ပတ် မတရား-နာတာတာကို Angina pectoris ခေါ်တယ်။ မခံနိုင်အောင်-ချွေးပြန်အောင် နာတယ်။ နှလုံး-ကြွက်သား သွေးမဝလို့ နာတာ ဖြစ်တယ်။ နာတဲ့ နေရာက ရင်ညွန့်ရိုးအထဲကပါ။ မေးရိုး၊ ပခုံး၊ နဲ့ လည်ပင်းဆီကို ဆက်နာနိုင်တယ်။ ရင်ပတ်နာတာက တခြားနေရာမှာဆိုရင် မစိုးရိမ်ပါနဲ့။

ရောဂါလက္ခဏာ ရှိလာရင် ဒါတွေဖြစ်မယ်။
1. ရင်ပတ်အောင့်-နာတာ၊
2. Syncope ရုတ်တရက် သတိလစ်တာ၊
3. ခေါင်း မူးတာ၊
4. ခေါင်းထဲ ပေါ့နေတာ၊
5. ပျို့-အန်တာ၊
6. အသက်ရှူ တိုတာ၊
7. လေ့ကျင့်ခန်း-လှုတ်ရှားမှု လုပ်မရတာ၊
8. အသားအရေ ပြာနှမ်းနေတာ၊
9. ကိုယ်ရောင်တာ၊
10. အဆုပ်ရောင်တာတွေလဲ တွေ့နိုင်တယ်။

ဆေးစစ်ရင် Electrolyte, Glucose, Calcium, Magnesium, Thyroid function tests, Toxicologic screen, Imaging Studies တွေလုပ်မယ်။ 12-lead ECG နဲ့ သေခြာစေမယ်။

Triglycerides များ-မများ မစစ်ခင် ၈ နာရီကနေ ၁၂ နာရီ အစာမစားဘဲ နေသင့်တယ်။ 150 mg/dL အောက်သာရှိတာ ကောင်းတယ်။ ၁၅ဝ ကနေ ၁၉၉ ဆိုရင် သတိထားရတော့မယ်။ ၂ဝဝ ကနေ ၄၉၉ အထိ မကောင်းဘူး။ ၅ဝဝ ကျော်ရင် အန္တရာယ် ရှိနေပြီ။

Asparaginase (လူကီးမီးယား) ဆေး၊ Fenofibrate, Gemfibrozil, Clofibrate, Statin (ကိုလက်စထော) ကျဆေး၊ Nicotinic acid ဗီတာမင် ဘီ-၃ နဲ့ ဗီတာမင် စီ တွေ သောက်နေသူတွေ၊ အဆီစားနည်းသူတွေ၊ လည်ပင်းကြီး-ဟော်မုန်း များသူ၊ အာဟာရချို့တဲ့သူ၊ အစာ မစုပ်ယူနိုင်တဲ့ ရောဂါ ရှိသူတွေမှာ Triglyceride နည်းနေတာ တွေ့ရမယ်။

Beta blockers, Calcium channel-blocking agents, Clonidine, Reserpine သွေးတိုးကျဆေး၊ Tamoxifen ကလေး မရတာ အတွက်ဆေး၊ Steroids စတီရွိုက်ဆေး၊ Diuretics ဆီးသွားစေတဲ့ဆေး၊ Class I Antiarrhythmic agents, Amiodarone, Acetylcholine, Digitalis glycosides နှလုံးရောဂါဆေး၊ Estrogen မ-ဟော်မုန်းဆေး၊ ကိုယ်ဝန်-တားဆေး၊ Colestipol, Cholestyramine (ကိုလက်စထော) ကျဆေး၊ Protease inhibitors (ဗိုင်းရပ်စ်) ဆေး၊ Retinoids ဗီတာမင် အေ၊ Lithium, Antipsychotics စိတ်ရောဂါဆေး၊ Paclitaxel, Toluene ဓါတုဆေး၊ Dimethyl sulfoxide ဆီးအိမ်ရောဂါ ဆေး နဲ့ Alfentanil, Fentanyl, Sufentanil ဘိန်းပါတဲ့ အနာသက်သာဆေးတွေကနေလဲ Triglycerides များနေနိုင်တယ်။

အပူချိန်-နည်းတာ၊ သကြားဓါတ်-နည်းနေတာ၊ အအိပ်ပျက်-ရောဂါ၊ ဆုံဆို့နာ၊ လေးဘက်နာ၊ နှလုံးကြွက်သားရောင်ရောဂါ၊ ပတ်ဝန်းကျင်-အဆိပ်သင့်တာ၊ ဓါတ်ဆား-မညီမျှတာ၊ ရောဂါပိုးဝင်တာ၊ သကြားဓါတ်-နည်းတာ၊ လည်ပင်းကြီး-ဟော်မုန်း-နည်းတာ၊ ဦးနှောက်-ဖိအား များတာတွေကြောင့်လဲ ဒီရောဂါ ဖြစ်နိုင်တယ်။

ဘယ်လို ကုသလဲ
ရောဂါလက္ခဏာ မပြသူတွေအတွက် ဆေးပေးဘို့ မလိုပါ။ ဓါတ်ဆား-မမျှတာမျိုး ရှိနေရင် ပြင်ပေးရမယ်။ Hypothermia ကိုယ်ပူချိန် နည်းတာကြောင့် ဖြစ်ရတာဆိုရင် ပြန်ပြီး နွေးအောင်လုပ်ရမယ်။ ရောဂါပိုး ဝင်ရာကနေ ဖြစ်သူတွေကိုတော့ Permanent Pacing အမြဲ လုပ်ပေးရတယ်။

Sick sinus syndrome ဖြစ်သူတွေက Atropine ပေးရင် ခဏဘဲ သက်သာလို့ Pacemaker ထည့်ပေးရတယ်။ Atropine ဆေးကို သွေးပြန်ကြောထဲ ထိုးပေးရင် လောလောဆယ် သက်သာမယ်။ Atropine လူကြီးဆိုရင် 0.5-1 mg IV or ET q3-5min up to 3 mg total (0.04 mg/kg) နဲ့ ကလေးတွေမှာ 0.02 mg/kg/dose IV, minimum of 0.1 mg ပေးတယ်။

အရေးပေါ်-အခြေအနေ
• ရင်ပတ် နာလွန်းတာအတွက် ဘိန်းပါတဲ့ Morphine sulfate ဆေးနဲ့သာ သက်သောစေနိုင်တယ်။
• မတည်ငြိမ်တဲ့လူနာကို Cardiac monitor နှလုံး-စောင့်ကြည့်စက် နဲ့ IV line အကြောဆေး သွင်းပေးထားရတယ်။ အောက်စီဂျင်လဲ ပေးမယ်။ လိုအပ်ရင် Endotracheal intubation လည်ချောင်းထဲ ကရိယာ ထည့်ပေးထားမယ်၊
• Aspirin (အက်စပရင်) ကြောင့် သေဆုံးတာကို ၂ဝ% လျော့စေနိုင်တယ်။
• Nitroglycerin, Thrombolytic agents, Heparin, Beta blockers နဲ့ Calcium channel blockers ဆေးတွေ သုံးတယ်။
• Pulmonary angioplasty ဆိုတာလဲ လုပ်ပေးနိုင်တယ်။
• လိုသေးရင် Transcutaneous အရေပြားအောက်ဖြစ်ဖြစ် Transvenous Pacing သွေးကြောကနေဖြစ်ဖြစ် စည်းချက် မှန်စေတာ လုပ်ပေးပါမယ်။

Triglyceride levels ဘယ်လို ချမလဲဆိုတာ စိန်ခေါ်မှု (ချဲလင့်ချ်) ဘဲ။
1. Healthy lifestyle ကျန်းမာရေး လိုက်စားသူဆိုတဲ့ လူနေမှုဘဝပုံစံ တခုလုံး ပြောင်းရပါမယ်။
2. ဆန်လုံးညို စားပါ။
3. Saturated and trans fats အဆီအမျိုးတွေ ရှောင်ပြီး၊ Monounsaturated and Polyunsaturated fats တွေကို စားသုံးပါ။ Olive oil, Canola oil, Nuts, Peanut oils စားသုံးဆီတွေ ကောင်းတယ်၊ နို့နဲ့ နို့ထွက် အစာတွေမှာ အဆီနည်းတာ ရွေးစားပါ။
4. Omega 3 များတဲ့ Salmon, Mackerel, Lake trout, Sardines, Herring, Albacore tuna ငါးတွေက ကောင်းတယ်။
5. ကိုယ်လက်-လေ့ကျင့်ခန်း လုပ်ပါ၊
6. အသားထဲက အဆီ ရွေး-ချန် စားပါ၊
7. (ဖိုင်ဗာ) များအစာ၊ ဖွေးဖြူသွားအောင် ချွတ်မထားတဲ့ အစေ့အဆံ စားပါ၊ အသီးအနှံ စားပါ၊
8. အချိုဓါတ်၊ သကြားဓါတ် နည်းတဲ့ အရည်ကိုသာ သောက်ပါ၊
9. အရက် လျှော့ပါ၊ ရှောင်ပါ၊ ဆေးလိပ် ဖြတ်ပါ၊
10. ကိုယ်အလေးချိန် လျှော့ပါ။

လိုသေးရင် ဆေးကူရမယ်။ Cholesterol နဲ့ Triglycerides တွေချဘို့ ဆေးတွေကတော့ Fibrates တွေ ဖြစ်တယ်။ Gemfibrozil (Lopid), Fenofibrate (Tricor) နဲ့ Niacin တွေပါတယ်။ အစာ-မရှောင်ဘဲ၊ ဆေးတခုထဲနဲ့ မရတာ သတိထားရမယ်။

Cholesterol (ကိုလက်စထော) http://dts-medicaleducation.blogspot.in/2012/06/cholesterol.html
Cholesterol Quiz (ကိုလက်စထော) အမေး-အဖြေ http://dts-medicaleducation.blogspot.in/2012/12/cholesterol-quiz.html

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/triglyceride-and-sinus-bradycardia.html


Healthy Life

253 Blog posts

Comments