Urine smell ဆီးနံ့

ဆရာရှင့် ကျေးဇူးပြုပြီးဖြေပေးပါ။ ကျမသမီးလေးက ငယ်ငယ်ကတည်းက သူ့ဆီးကအရမ်း အနံ့ဆိုးပါတယ်။ အခုဆိုရင် အသက် ၁

November 22, 2014
Urine smell ဆီးနံ့

Urine smell

ဆရာရှင့် ကျေးဇူးပြုပြီးဖြေပေးပါ။ ကျမသမီးလေးက ငယ်ငယ်ကတည်းက သူ့ဆီးကအရမ်း အနံ့ဆိုးပါတယ်။ အခုဆိုရင် အသက် ၁၅ နှစ်ရှိပါပြီ။ သူဆီးသွားပြီးရင် အိမ်သာထဲမှာ အနံ့ဆိုးကျန်ခဲ့ပါတယ်။

ရုပ်ရှင်ရုံ၊ အများသုံးဆီးသွားနေရာတွေရောက်ရင်ရတဲ့ ရှူနံ့ကို သိပ္ပံဘာသာသင်ထားသူတွေက “အမိုးနီးယားနံ့ရတယ်” လို့ ယဉ်ယဉ်ကျေးကျေး ပညာရှိဆန်ဆန် မှတ်ချက်ပေးလေ့ရှိတယ်။

• ဆီးနံ့ဆိုတာ ပြောစရာမလိုပါ၊ နံတယ်။ မနက်ခင်းဆီးက ပိုဆိုးတယ်။ မေးခွန်းတက်လောက်အောင် အနံ့ဆိုးတာ ဘာလို့ပါလဲ။
• ပုံမှန်ဆီးဟာ အနံ့မရှိသလောက်၊ အရောင် မရှိသလောက်ဖြစ်တယ်။ အလွန်ဆုံး ကော်ရိုးရောင်သာရှိတယ်။ ကြည်လင်တယ်။ အဆိပ်မပါလို့တောင်မှ ပြောနိုင်တယ်။
• ဆီးနောက်ကျိနေတာလဲ ရောဂါတခုခုရှိလို့ဖြစ်တယ်။ အဝါရောင်ကဲတာ၊ ပန်းရောင်-အနီရောင်တွေကလဲ ရောဂါဘဲ။
• ဆီးထဲမှာ ရေက ၉၅% ပါပြီး ကျန်တာတွေက (ဆိုဒီယမ်)၊ (အမိုးနီးယား)၊ (ဖေါ့စ်ဖိတ်)၊ (ယူရီယာ) နဲ့ (ဆာလ်ဖိတ်) တွေဖြစ်တယ်။
• ရောဂါရယ်လို့မဟုတ်ဘဲ ရေဓါတ်နည်းနေတုံးဆီးသွားတာလဲ ပိုနံတယ်။ Ketones (ကီတုန်း) ဓါတ်တွေကြောင့် နံတာဖြစ်တယ်။
• သူများတွေက Asparagus ကညွတ်စားရင်နံတယ်၊ မြန်မာတွေက ဒညင်းသီးစားရင်နံတယ်ပြောကြတယ်။ ကြက်သွန်ဖြူ-နီ၊ ငါးတွေကနေလဲ ဆိုးစေနိုင်တယ်။
• ဆီးအိမ်ပိုးဝင်တာ၊ ကျောက်ကပ်၊ ဆီးလမ်းပိုးဝင်တာတွေကနေလဲ အနံ့ဆိုးစေတယ်။
• အမျိုးသမီးတွေဆိုရင် ဆီးထွက်ပေါက်နဲ့နီးတဲ့နေရာက အခြေအနေ ဥပမာ အဖြူဆင်းတာ၊ ပိုးဝင်တာတွေကနေလဲ အနံ့ရောထွေးနိုင်တယ်။ Bacterial vaginosis ဖြစ်နေရင် ငါးညှီနံ့ရနေမယ်။
• ဆီးချိုရောဂါရှိနေသူတွေမှာ သူများထက် ဆီးနံ့ကချိုနေတယ်။
• ကျောက်ကပ်ပြွန်လေးတွေရောင်တာနဲ့ အသဲအလုပ်မနိုင်တော့တာတွေကနေ ဆီးနံ့ဆိုးရင် အရေးကြီးတယ်။
• အနံ့ဆိုးတာမှာလဲ မတူပါ။ Foul ပုပ်နံ့၊ Strong ပြင်းထံ၊ Musty မှိုနံ့၊ Sweet ချို၊ Sulfur ဆာလ်ဖါနဲ့နဲ့ Ammonia အမိုးနီးယားနံ့တွေ ရှိတယ်။
• ဆေးတွေနဲ့ ဗီတာမင်တချို့ကြောင့်လဲ ဆီးနံ့ပြောင်းမယ်။ Diabetic coma ဆီးချိုထိန်းမရတာ၊ Electrolyte imbalance ဓါတ်ဆားမမှတတာ၊ Ketoacidosis (ကီတိုအက်စီဒိုးဆစ်) ဖြစ်တာ၊ Septicemia သွေးထဲပိုးဝင်တာ၊ Severe dehydration ရေဓါတ်ခမ်းခြောက်တာ၊ Shock (ရှော့ခ်) ရတာ နဲ့ Urosepsis ဆီးလမ်း ပိုးဝင်တာတွေကနေ ဆီးအနံ့ဆိုးစေတယ်။

ဆီးနံ့ရစေတဲ့အကြောင်းတရားတွေ စာရင်းချပါမယ်။
• Bladder Infection (Cystitis) ဆီးအိမ်ရောင်ခြင်း၊
• Dehydration ရေဓ့တ်နည်းခြင်း၊
• Diabetes (Type 1 and Type 2) ဆီးချိုရောဂါ၊
• Phenylketonuria ဆီးထဲ ကီတုန်းဓါတ်တွေပါခြင်း၊
• Prostatitis ယောက်ျားဆီးကျိတ်ရောင်ခြင်း၊
• Urinary Tract Infection ဆီးလမ်းပိုးဝင်ခြင်း၊
• Vaginitis မွေးလမ်းပိုးဝင်ခြင်း၊ Medications for Urine Odor ဆေးတွေကြောင့်ဆီးနံ့ပြောင်းခြင်း Amoxicillin, Ampicillin, Ciprofloxacin, Nitrofurantoin, Norfloxacin, Ofloxacin, Sulfamethoxazole and trimethoprim, Trimethoprim, Trovafloxacin

Other Causes of Urine Odor တခြားအကြောင်းတွေ
• Dietary Factors အစားအသောက်၊
• Liver Failure အသဲအလုပ်မလုပ်၊
• Maple Syrup Urine Disease မေပယ်လ်ဖျော်ရည်ဆီးရောဂါ၊
• Rectal Fistula စအို-ဆီးလမ်းပြွန်ဖြစ်ခြင်း။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/urine-smell.html


Healthy Life

253 Blog posts

Comments