Constipation (1) ဝမ်းချုပ်ခြင်း (၁)

ကျွန်တော့်ဇနီးက ဝမ်းနည်းနည်းချုပ်နေတာ ဝမ်းသွားတော့ သွေးအနည်းငယ်ပါတယ်ဆရာ။ ဝမ်းက တစ်နေ့ တစ်ကြိမ်ကို သွာ

November 02, 2014
Constipation (1) ဝမ်းချုပ်ခြင်း (၁)

Constipation (1)

ကျွန်တော့်ဇနီးက ဝမ်းနည်းနည်းချုပ်နေတာ ဝမ်းသွားတော့ သွေးအနည်းငယ်ပါတယ်ဆရာ။ ဝမ်းက တစ်နေ့ တစ်ကြိမ်ကို သွားဖို့ အတော်ခက်နေပါတယ်ဆရာ။

အကောင်းဆုံးနည်းကတော့ (ဖိုက်ဘာ) ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာပါတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာများတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲ များများ သောက်ဘို့ လိုပါတယ်။ ဆေးတွေလဲရှိတယ်။

1. Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး
Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။

2. Emollient laxatives ဝမ်းပျော့ဆေး
Docusate လိုဟာပါတယ်။ ဥပမာ Colace လို။ ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသဲနဲ့ တက်စိတွေမှာ လာစုနေမယ်။

3. Hyperosmolar laxatives ဟိုက်ပါအော့စမိုလာ ဝမ်းနုပ်ဆေး
ဝမ်းကိုပျော့စေမယ်။ Lactulose (Kristalose) လက်ကျုလို့စ်၊ Sorbitol ဆော်ဘီတော နဲ့ Polyethylene glycol (MiraLax) ပေါ်လီအက်သလင်း ဂလိုင်ကောလ် တွေဖြစ်တယ်။ တာရှည်သုံးနိုင်တယ်။ ဗက်တီးရီးားတွေကြောင့် လေပွနိုင်တယ်။

4. Saline laxatives ဆာရည်ဝမ်းနုပ်ဆေး
Magnesium hydroxide, Sulfate, Sodium phosphate နဲ့ citrate တွေပါမယ်။ ဝမ်းပျော့စေမယ်။ ကျောက်ကပ် မကောင်းသူတွေအတွက် မသင့်ဘူး။ သက်ရောက်မှု မြန်တယ်။ ခဏခဏမသုံးသင့်ဘူး။ ဝမ်းသြးတာ များစေနိုင်တယ်။ ဓါတ်ဆားရည်သောက်ဘို့အထိ လိုချင်လိုမယ်။ အပျော့စားဖြစ်တဲ့ Milk (Cream) of magnesia ကိုအများဆုံးသုံးတယ် Epsom Salt (Magnesium sulfate) ဆားခါးက ပိုပြင်းတယ်။

5. Stimulant laxatives စတီမျူလင့် ဝမ်းနုပ်ဆေး
ကြွက်သားတွေကို ပျော့ပေးတယ်။ ဝမ်းထဲ ရေများစေမယ်။ Cascara (castor oil) ကြက်ဆးတီ၊ Senna ပွေးကိုင်း၊ Aloe တွေသုံးတယ်။ ပြင်းလို့ ဝမ်းသွားတာများမယ်။ ပိုတက်ဆီယမ် နည်းမှာသတိထားရမယ်။ ရေရှည်မသုံးသင့်ဘူး။ Bisacodyl (Dulcolax, Correctol) ဆေးဖြစ်တယ်။

6. Enemas ဝမ်းခြူခြင်း
Phosphate enemas (Fleet phosphosoda) ဖေါ့စ်ဖတ်၊ Mineral oil enemas ဆီ နဲ့ Emollient enemas (Colace Microenema) အီမိုးလီယင့်တွေဖြစ်တယ်။ ဝမ်းကမာနေပြီးဆို့နေတာမျိုးသုံးသင့်တယ်။ ခဏခဏမသုံးသင့်ပါ။

7. Suppositories ဝမ်းခြူတောင့်
Bisacodyl (Dulcolax) နဲ့ Glycerin suppositories တွေသုံးတယ်။

8. Combination products တွဲဖက်ဆေး
ပွေးကိုင်းနဲ့ရောထားတဲ့ senna and psyllium (Perdiem)၊ senna and docusate (Senokot-S) နဲ့ senna and glycerin (Fletcher's Castoria) တွေဖြစ်တယ်။ Casanthranol, Docusate, and glycerin (Sof-lax Overnight) က ၃ မျိုးရောထားတာဖြစ်တယ်။ ရေရှည်မသုံးသင့်ဘူး။

ဆေးလက်မှတ်နဲ့သာဝယ်ရတာတွေ
• Tegaserod (Zelnorm)
• Lubiprostone (Amitiza)
• Linaclotide (Linzess)

Miscellaneous drugs တခြားဝမ်းနုပ်ဆေးတွေ
• Colchicine
• Misoprostol (Cytotec)
• Orlistat (Xenical)

ဒေါက်တာတင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/constipation.html


Healthy Life

253 Blog posts

Comments