Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း

အမျိုးသမီး အင်္ဂါရောင်တာကို တိတိကျကျပြောရရင် Vulvovaginitis (ဗဂျိုင်းနား + မိန်းမကိုယ်) ရောင်ခြင်း ဖြစ်တယ်။

December 29, 2014
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း

Vulvovaginitis

အမျိုးသမီး အင်္ဂါရောင်တာကို တိတိကျကျပြောရရင် Vulvovaginitis (ဗဂျိုင်းနား + မိန်းမကိုယ်) ရောင်ခြင်း ဖြစ်တယ်။

သိသာတဲ့ ရောဂါလက္ခဏာတွေကတော့ -
1. Vulvar itching မိန်းမကိုယ်ယားယံခြင်း၊
2. Vaginal discharge ဗဂျိုင်းနားက တခုခုဆင်းခြင်း နဲ့
3. Vaginal odor ဗဂျိုင်းနားက အနံ့ထွက်ခြင်းတွေဖြစ်တယ်။

Acute vulvovaginitis ရုတ်တရက်-ရက်တို မိန်းမကိုယ် နဲ့ ဗဂျိုင်းနား ရောင်ခြင်းကို ဖြစ်စေတာတွေကတော့ -
- Infections ရောဂါပိုးဝင်တာ၊
- Irritant or allergic contact မသင့်တာ၊ မတည့်တာနဲ့ ထိတွေ့မိတာ နဲ့
- Atrophic vaginitis အသက်ကြီးလာလို့ ဖြစ်ရတဲ့ မွေးလမ်းကြောင်း ပါးလာတဲ့ ဇရာဖြစ်စဉ်တွေ ဖြစ်တယ်။

Infections ရောဂါပိုးဝင်တာ အများဆုံး (၃) မျိုးကနေဖြစ်စေတယ်။
1. Bacterial vaginosis ဗဂျိုင်းနားရောင်ခြင်းဆိုတာ ဗဂျိုင်းနားမှာ ရှိနေကြပိုးတွေ အခြေအနေပြောင်းသွားလို့ဖြစ်ရတဲ့ Gardnerella vaginalis (ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)၊
2. Candida albicans (ကင်ဒီဒါ အယ်လ်ဘီကန်) ပိုးကနေဖြစ်စေတဲ့ Candidiasis (ကင်ဒီဒိုင်ယေးဆစ်) နဲ့
3. Trichomonas vaginalis (ထွိုင်ကိုမိုးနပ်စ် ဗဂျိုင်နယ်လစ်) ကနေဖြစ်စေတဲ့ Trichomoniasis (ထွိုင်ကို မိုနီယေးဆစ်) တွေဖြစ်တယ်။

Infectious vulvovaginitis ရောဂါပိုးကြောင့် ဗဂျိုင်းနားရောင်တာမျိုးက Sexually active women လိင်မှုရေးရာ တက်ကြွမှုရှိတဲ့ အမျိုးသမီးတွေမှာ ဖြစ်ပြီး Candidiasis (ကင်ဒီဒိုင်ယေးဆစ်)၊ မတည့်တာနဲ့ ထိတွေ့လို ဖြစ်တဲ့ Contact vaginitis (ကွန်တက် ဗဂျိုင်နိုက်တစ်) နဲ့ အသက်ကြီးမှဖြစ်တဲ့ Atrophic vaginitis (အထောဖစ် ဗဂျိုင်နိုက်တစ်) တွေကတော့ လိင်နဲ့ မဆိုင်ဘဲ ဖြစ်တယ်။

- Gynecological and sexual history သားဖွါးမီးယပ်နဲ့ဆိုင်တဲ့၊ လိင်နဲ့ဆိုင်တဲ့ ရောဂါရာဇဝင် အားလုံး မေးရမယ်။
- သန့်ရှင်းလုပ်ရာမှာ ဆပ်ပြာ၊ ဆေးရည် စတာမှာ ဘာတွေသုံးသလဲ မေးရမယ်။ လိုတာထက်ပိုသုံးသူတွေမှာ အဲလိုဖြစ်တတ်တယ်။
- STDs လိင်ကတဆင့် ကူးစက်ရောဂါရှိပြီး အသေအခြာကုသရဲ့လားမေးမယ်။
- Unprotected sexual intercourse လိင်ဆက်ဆံရာမှာ အကာအကွယ် ပါ-မပါလဲ မေးရမယ်။
- Pelvic examination မွေးလမ်းကြောင်း စစ်ဆေးတာ လုပ်ရမယ်။ Discharge ဆင်းတာ၊ Odor အနံ့၊ Ulcerations အနာ၊ Cervical abnormalities သားအိမ်ဝ အခြေအနေ၊ Cervical discharge သားအိမ်ဝက ဘာဆင်းသလဲ၊ Cervical motion or adnexal tenderness to palpation သားအိမ်ဝကို ထိ-ဖိရင် နာသလား။
- Urine pregnancy test ကိုယ်ဝန်ရှိ-မရှိ ဆီးစစ်တာလဲလုပ်ရမယ်။
- Discharge pH determination ဆင်းနေတာရဲ့ အက်စစ်ဓါတ်၊
- Examination of a wet mount ဆင်းနေတာကို ဓါတ်ခွဲခမ်းမှာ စစ်ဆေးခြင်း၊
- PID တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာကို သံသယရှိရင် Dirty or initial-stream urine sample ထွက်ထွက်ခြင်းခံထားတဲ့ ဆီးထဲမှာ Gonorrhea (ဂနိုရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီးယား) ပိုးတွေကို စစ်ရမယ်။
- Endocervical samples သားအိမ်ဝ နမူနာ ယူပြီးလဲ Gonorrhea (ဂနိုရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီးယား) ပိုးတွေကို စစ်နိုင်တယ်။
- Midstream urine ထွက်ထွက်ခြင်းခံထားတဲ့ ဆီးမဟုတ်ဘဲ ဆီးသွားနေတုံး အလည်ပိုင်းမှာခံယူတဲ့ ဆီးကို Urinary tract infection ဆီးလမ်းပိုး ရှိ-မရှိ စစ်နိုင်တယ်။

Treatment Recommendations ဘယ်လိုကုသမလဲ -
1. Bacterial vaginosis ဗက်တီးရီးယားကြောင့် ဗဂျိုင်းနားရောင်ခြင်း
- First-line treatment options ပဌမဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Metronidazole gel 0.75% မွေးလမ်းကြောင်းထဲ တညတခါ၊ ၅ ရက်ထည့်ပါ။
• Clindamycin cream 2% မွေးလမ်းကြောင်းထဲ တညတခါ၊ ၇ ရက်ထည့်ပါ။
- Alternatives ဒုတိယဦးစားပေးဆေး
• Clindamycin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။
• Clindamycin ovules 100 mg တည တကြိမ် ၃ ခါ သွေးပြန်ကြောထဲထိုးပါ။

2. Candidiasis (ကင်ဒီဒိုင်ယေးဆစ်)
• Fluconazole 150-mg တခါတည်းသောက်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Butoconazole 2% cream မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Clotrimazole 1% cream မွေးလမ်းကြောင်းထဲ ၇-၁၄ ရက်ထည့်ပါ။
• Miconazole 2% cream မွေးလမ်းကြောင်းထဲ ၇ ရက်ထည့်ပါ။
• Miconazole 200 mg vaginal suppository မွေးလမ်းကြောင်းထဲ ၃ ရက်ထည့်ပါ။
• Miconazole 1200 mg vaginal suppository မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။
• Nystatin 100,000 unit vaginal tablet မွေးလမ်းကြောင်းထဲ ၁၄ ရက်ထည့်ပါ။
• Tioconazole 6.5% ointment မွေးလမ်းကြောင်းထဲ တခါတည်းထည့်ပါ။

3. Genital herpes လိင်လမ်းရေယုံ
• Acyclovir 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
• Acyclovir 200 mg တနေ့ ၅ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။
• Famciclovir 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။
• Valacyclovir 1 g တနေ့ ၁ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။

4. Pelvic inflammatory disease တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း
- First-line treatment options ပဌမဦးစားပေးဆေး
• Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• Ofloxacin 400 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ (ဆေးယဉ်လာလို့ တချို့နေရာတွေမှာ မသုံးတော့ပါ)
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
- Alternatives ဒုတိယဦးစားပေးဆေး
• Ceftriaxone 250 mg IM တခါတည်းထိုးပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• Cefoxitin 2 g IM တခါတည်းထိုးပါ + Probenecid 1 g တခါတည်းသောက်ပါ + Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။
• အဲဒီဆေးနဲ့အတူ တွဲဘို့လိုရင် Metronidazole 500 mg days တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။

5. Trichomoniasis (ထွိုင်ကို မိုနီယေးဆစ်)
- First-line treatment options ပဌမဦးစားပေးဆေး
• Metronidazole 2 g တခါတည်းသောက်ပါ။
• Tinidazole 2 g တခါတည်းသောက်ပါ။
- Alternative ဒုတိယဦးစားပေးဆေး
• Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၇ ရက်သောက်ပါ။

အမျိုးသမီးတိုင်းကို Pap smear လုပ်ဘို့ တိုက်တွန်းရမယ်။ ၂၁ နှစ်ကနေ ၃ဝ အထိရှိသူတွေ တနှစ်တခါ၊ အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် ၅ နှစ်တခါ စစ်ပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.htm
Vaginal itching မိန်းမကိုယ် ယားခြင်း http://doctortintswe.blogspot.com/2014/11/vulvovaginitis.html
Vulvovaginitis အမျိုးသမီးအင်္ဂါ ရောင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.html

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/vulvovaginitis.html


Healthy Life

253 Blog posts

Comments