Twin Pregnancy (2) အမြွာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ

(၁) သမီးအဖေရဲ့ညီမအရင်းမှာ အမွာသမီးလေးရှိပါတယ်ဆရာ။ အဲတာ သမီးအမွှာသန္ဓေ တည်နိုင်မည့်နှုန်းမြင့်အောင် ဘာတ

December 07, 2014
Twin Pregnancy (2) အမြွာကိုယ်ဝန် ဘာဆင်ခြင်ရမလဲ

Twin Pregnancy

(၁) သမီးအဖေရဲ့ညီမအရင်းမှာ အမွာသမီးလေးရှိပါတယ်ဆရာ။ အဲတာ သမီးအမွှာသန္ဓေ တည်နိုင်မည့်နှုန်းမြင့်အောင် ဘာတွေများ လုပ်ဖို့လိုလဲမသိဘူးဆရာ။
(၂) ဆရာ သိချင်လို့ပါ။ ဘယ်လိုများ မိခင်တစ်ယောက်က ကျန်းမာကောင်းမွန်တဲ့ အမြွာပူးကလေးရအောင် မည်သို့ နေတိုင်းစားသောက်ရပါသနည်း။
(၃) ကျွန်တော့် ဇနီးက အသက် (၂၅) နှစ်ထဲမှာပါ။ အခု ကိုယ်ဝန် ၄ လ ကျော် ၅ လရှိနေပါတယ်။ Ultrasound နဲ့ကြည့်တာ အမြွာကိုယ်ဝန် ဖြစ်နေပါတယ်။ အမြွာကိုယ်ဝန်အတွက် ဆောင်ရန်ရှောင်ရန်များကို ညွှန်ကြားပေးပါ။

သုတေသနလုပ်သူတွေက ကိုယ်ဝန်ဆောင် ၁-၈% ဟာ ကိုယ်ဝန်ဆောင်ကာစမှာ အမြွာနဲ့စခဲ့ပြီး၊ နောက်မှ ကလေး တယောက်တည်း ဖြစ်သွားကြတယ်လို့ သံသယရှိကြတယ်။ ကိုယ်ဝန်ဆောင်စမှာ (အာလ်ထွာဆောင်း) ရိုက်တော့ သန္ဓေသား နှစ်ခုတွေ့ပြီး နောက်ပိုင်းမှာ တခုတည်းဖြစ်တာကို Vanishing twin syndrome လို့ခေါ်တယ်။ Conjoined twins (Siamese) ကိုယ်ချင်းဆက်အမြွာ ဆိုတာက Monozygotic twins (ဇိုင်ဂုတ်) တခုတည်းကဖြစ်တဲ့ အမြွာအမျိုးဘဲ ကိုယ်နှစ်ခုက ကွဲမထွက်လို့ ဆက်နေတယ်။ ကိုယ်ဝန် ၅ သောင်းမှာသာ တယောက် ဖြစ်တတ်တယ်။

မိသားစုထဲမှာ အမြွာမွေးဘူးသူရှိရင် အမြွာကိုယ်ဝန် ပိုဖြစ်နိုင်ခြေများတယ်။ Fraternal twins ထပ်တူ မဟုတ်တဲ့အမြွာ နဲ့ Identical twins ထပ်တူဖြစ်တဲ့အမြွာ ဆိုပြီး (၂) မျိုးရှိတယ်။ မတူတဲ့ အမျိုးအစားက ပိုများတယ်။ အမြွာကိုယ်ဝန်ဖြစ်နေတာကို ဆရာဝန်ကနေ ဗိုက်ကိုလက်နဲ့၊ နားကြပ်နဲ့ စမ်းတာနဲ့လဲ သိနိုင်တယ်။ သေခြာအောင် Ultrasound (အာလ်ထွာဆောင်း) ရိုက်ရမယ်။

• အမြွာဆိုရင် ကိုယ်ဝန်ရိုးရိုးထက် ကိုယ်အလေးချိန် ပိုများနေမယ်။ ကိုယ်ဝန်ရှိကာစ တပတ်မှာ ၁ ပေါင်တိုးတယ်။ နေ့လစေ့မှာ ပုံမှန်ကိုယ်ဝန်ဆိုရင် ၂ဝ-၃ဝ ပေါင်တိုးလာမယ်။ အမြွာကိုယ်ဝန်က ၃ဝ-၄ဝ ပေါင် တိုးနေမယ်။
• အလေးချိန်များလို့ အနေရခက်မယ်။ ပိုပြီး အနားယူရမယ်။ ခြေတွေကို အခုအခံပေါ်မှာတင်ထားပြီး နားသင့်တယ်။ အလုပ်လုပ်သူဆိုရင် မီးဖွါးခွင့်ကို မမွေးခင် ၆ ပတ်ထက်နောက်ကျပြီးယူတာ မလုပ်သင့်ဘူး။
• အမြွာကိုယ်ဝန်ဆောင်မိခင်ဟာ တနေ့မှာ ၂၇ဝဝ ကယ်လိုရီ စားသောက်သင့်တယ်။
• ကလေးတယောက်တည်းကိုယ်ဝန်နဲ့ စာရင် အားဆေးတွေ ပိုလိုမယ်။ ဗီတာမင် (ဘီ) အုပ်စု သောက်ရမယ်။

• သွေးအားနည်းတာ ပိုဖြစ်နိုင်လို့ သံဓါတ်အားဆေး သောက်ကိုသောက်သင့်တယ်။ ဖေါလစ်အက်စစ်လဲ လိုတယ်။
• ကိုယ်ဝန်ဆောင်စောင့်ရှောက်တာကို ပိုဂရုစိုက်ရမယ်။ ဆရာဝန်ကနေ (အာလ်ထွာဆောင်း) နဲ့ ရေမြွာရည်လည်း စစ်မယ်။ ကလေးအခြေအနေကိုလဲ စစ်မယ်။ အချင်းကိုလဲ စစ်မယ်။
• ၁၈-၂၄ ပတ်ကနေစပြီး သားအိမ်ဝကို တိုင်းတာတာလဲ လုပ်မယ်။ မွေးလမ်းကြောင်း စမ်းပြီး သားအိမ်ဝကိုလဲ စစ်မယ်။ Incompetent cervix သားအိမ်ဝ မလုံတာ မဟုတ်ဘို့ သေခြာချင်လို့ ဖြစ်တယ်။ ၅% မှာအဲလို ဖြစ်တတ်တယ်။ ဖြစ်ရင် သားအိမ်ဝကို မမွေးချင်မချင်း ချုပ်ထားပေးရတယ်။
• Ultrasound ပိုရိုက်ရမယ်။ တချို့ဆရာဝန်တွေက တလတခါရိုက်တတ်တယ်။ အချင်းကိုစစ်ချင်တယ်။ ၁၆-၁၈-၂ဝ-၂၂-၂၄ ပတ်တွေမှာ Twin-twin-transfusion syndrome မဟုတ်တာ သေခြာချင်လို့ ရိုက်တယ်။ ၂၄ ပတ် နောက်ပိုင်းတော့ တလတခါသာ ရိုက်ပါမယ်။
• Preterm labor စောမွေးတာ ၅၅% ရှိတယ်။
• Premature rupture of membranes ရေမြွာစောပေါက်တာ၊ Uneven growth ကလေးနှစ်ယောက် ဖွံ့ထွားမှု မတူတာ၊ High blood pressure သွေးတိုးရှိတာ၊ Preeclampsia ကိုယ်ဝန် သွေးဆိပ်တက်တာ နဲ့ Diabetes ဆီးချိုရှိလာတာတွေ ပိုဖြစ်တတ်တယ်။
• ဂျာမန် သုတေသနတခုမှာ အမြွာကိုယ်ဝန်ဆောင်ပေါင်း ၄၁၁ဝ ကိုလုပ်ခဲ့တယ်။ ကလေးတယောက်နဲ့ တယောက် မွေးလာတဲ့အချိန်တွေ ကွာခြားတာကို လေ့လာတယ်။

- ပျမ်းမျှ ၁၃့၅ မိနစ် ကွာခြားတာတွေ့ရတယ်။
- ၁၅ မိနစ် = ၇၅့၈%၊
- ၁၆-၃ဝ မိနစ် = ၁၆့၄%၊
- ၃၁-၄၅ မိနစ် = ၄့၃%၊
- ၄၆-၆ဝ မိနစ် = ၁့၇% နဲ့
- တနာရီထက်မကကွာတာ (၇၂ ယောက်) = ၁့၆% ရှိတယ်။
• မွေးဖွါးချိန် ပိုကြာတတ်တယ်။
• C-section ဗိုက်ခွဲမွေးနိုင်တဲ့ ရာခိုင်နှုန်းပိုများတယ်။ အမြွာကိုယ်ဝန်တိုင်းကို ခွဲမွေးရမယ်လို့ မဆိုလိုဘူး။
• မွေးပြီးရင် ကလေးတွေကို မိခင်နို့တိုက်ဘို့ ပြင်ဆင်ထားရမယ်။ ဒီအတွက် စားသောက်တဲ့အခါ တနေ့မှာ ကယ်လိုရီ ၅ဝဝ ပိုလိုမယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/twin-pregnancy-2.html


Healthy Life

253 Blog posts

Comments