Leading causes of death သေရခြင်းအဓိကအကြောင်းတရားများ

၂ဝ၁၂ တုံးက တကမ္ဘာလုံးမှာ လူပေါင်း ၅၆ သန်းသေဆုံးခဲ့တယ်လို့ WHO က အနီးစပ်ဆုံး ခန့်မှန်းထားပါတယ်။

December 01, 2014
Leading causes of death သေရခြင်းအဓိကအကြောင်းတရားများ

Leading causes of death

၂ဝ၁၂ တုံးက တကမ္ဘာလုံးမှာ လူပေါင်း ၅၆ သန်းသေဆုံးခဲ့တယ်လို့ WHO က အနီးစပ်ဆုံး ခန့်မှန်းထားပါတယ်။

Ischaemic heart disease နှလုံးသွေးကြောကျဉ်းရောဂါ၊ Stroke ဦးနှောက်သွေးကြောပိတ်တာ၊ Lower respiratory infections အသက်ရှူလမ်းအောက်ပိုင်းပိုးဝင်တာနဲ့ Chronic obstructive lung disease နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းတုံးက လူတွေသေဆုံးကြရတဲ့ အဓိကအကြောင်းရင်းတွေဖြစ်ခဲ့ပါတယ်။

• HIV ကြောင့် သေဆုံးရသူဟာ ၂ဝဝ ခုနှစ်တုံးက 1.7 million (3.2%) ရှိနေခဲ့ရာကနေ 1.5 million (2.7%) ကို ကျဆင်းလာတယ်။ ဒါပေမဲ့ ထိပ်ဆုံး ၁ဝ ထဲမှာဆက်ပါနေဆဲဖြစ်တယ်။
• Diarrhoea ဝမ်းလျှောရောဂါကြောင့် သေဆုံးရတာကတော့ ထိပ်ဆုံး ၅ နေရာထဲမှာမပါတော့ပါ။ ဒါပေမဲ့ ၂ဝ၁၂ တုံးက လူပေါင်း 1.5 million သန်းသေဆုံးထဲတာမို့ ထိပ်ဆုံး ၁ဝ ထဲမှာပါနေဆဲပါ။
• နာတာရှည်ရောဂါတွေက သေဆုံးရတဲ့အကြောင်းရင်းတွေက တိုးလာနေတယ်။
• Lung cancers အဆုပ်ကင်ဆာကြောင့် ၂ဝဝဝ တုံးက 1.2 million (2.2%) သာရှိခဲ့ရာကနေ ၂ဝ၁၂ မှ 1.6 million (2.9%) အထိ တိုးသေခဲ့တယ်။
• Diabetes ဆီးချိုကလဲ ၂ဝဝဝ တုံးက 1.0 million (2.0%) သာသေခဲ့ပေမဲ့ ၂ဝ၁၂ မှာ 1.5 million (2.7%) သေဆုံးခဲ့ပါတယ်။

Non-communicable diseases မကူးစက်တဲ့ရောဂါတွေကြောင့်သေရတာဟာ ၂ဝဝဝ တုံးက 60% (31 million) ရှိခဲ့ရာကနေ ၂ဝ၁၂ မှာ 68% (38 million) ဖြစ်လာတယ်။ Cardiovascular diseases ကြောင့် 2.6 million ပိုပြီး သေဆုံးတာဖြစ်တယ်။ အဲလိုရောဂါတွေဆိုတာ နှလုံးသွေးကြောရောဂါတွေ၊ ကင်ဆာတွေ၊ ဆီးချိုတွေနဲ့ နာတာရှည်အဆုပ်ရောဂါတွေ ဖြစ်ကြတယ်။ Communicable ကူးစက်ရောဂါတွေ + Maternal မွေးဖွါးခြင်းနဲ့ဆိုင်တာတွေ + Neonatal မွေးကင်းစ + Nutrition အာဟာရကြောင့်သေဆုံးရသူ စုစုပေါင်းဟာ ၂၃% ရှိပါတယ်။ Injuries ထိခိုက်ဒဏ်ရာကြောင့် ၉% သေဆုံးပါတယ်။

Cardiovascular diseases နှလုံး-သွေးကြောရောဂါတွေဟာ သေဆုံးရတဲ့ နံပါတ် (၁) အကြောင်းခံဖြစ်ပါတယ်။ သေဆုံးသူ ၁ဝ ယောက်မှ ၃ ယောက်။ ၂ဝ၁၂ တုံးက 17.5 million သေဆုံးခဲ့ရတယ်။ အဲဒီအထဲမှာ Ischaemic heart disease နှလုံးသွေးကြောရောဂါကြောင့် 7.4 million နဲ့ Stroke ကြောင့် 6. 7 million ပါဝင်တယ်။

Tobacco ဆေးလိပ်ဟာ သေဆုံးရတဲ့တရားခံထဲမှာ ထိပ်ကရှိတယ်။ ဆေးလိပ်ကြောင့် Cardiovascular disease, chronic obstructive lung disease and lung cancer တွေကိုဖြစ်စေလို့ပါ။ သေဆုံးသူ ၁ဝ ယောက်မှ ၁ ယောက်က ဆေးလိပ်နဲ့ ဆိုင်တယ်။ High-income countries ဝင်ငွေများတဲ့တိုင်းပြည်တွေမှာ ၁ဝ ယောက်သေရင် ၇ ယောက်က အသ်က ၇ဝ ကျော်တွေဖြစ်တယ်။

Cardiovascular diseases နှလုံး-သွေးကြောရောဂါတွေ၊ Cancers ကင်ဆာတွေ၊ Dementia မှတ်ဉာဏ်နည်းရောဂါ၊ Chronic obstructive lung disease နာတာရှည် အသက်ရှူလမ်းပိတ်ရောဂါနဲ့ Diabetes ဆီးချိုရောဂါရောဂါတွေနဲ့ သေဆုံးနေကြတယ်။ Lower respiratory infections အသက်ရှူလမ်းအောက်ပိုင်းကူးစက်ရောဂါတွေကြောင့် သေရတာဟာ အသက် ၁၅ နှစ်အောက် သေဆုံးသူ ၁ဝဝ ထဲမှာ ၁ ယောက်သေတယ်။

Low-income countries ဝင်ငွေနည်းတိုင်းပြည်တွေမှာ ၁ဝ ယောက်သေရင် ၄ ယောက်ဟာ အသက် ၁၅ နှစ်အောက် ဖြစ်တယ်။ ၇ဝ ကျော်တွေသေတာက ၁ဝ ယောက်မှာ ၂ ယောက်။ ၃ ပုံ ၁ ပုံဟာ Lower respiratory infections အသက်ရှူလမ်းအောက်ပိုင်းကူးစက်ရောဂါတွေ HIV/AIDS အပြင် Diarrhoeal diseases ဝမ်းလျှောရောဂါတွေ၊ Malaria ငှက်ဖျားနဲ့ Tuberculosis တီဘီရောဂါတွေနဲ့သေဆုံးခဲ့ကြတယ်။ ကလေးမွေးတာနဲ့ဆက်ပြီး prematurity လမစေ့ပဲမွေးတာ၊ Birth asphyxia and birth trauma မွေးကာစ အသက်ရှူမဝတာနဲ့ ထိခိုက်မှုတွေကြောင့် သေတာကလဲ အဓိကသေစေတဲ့စာရင်းထဲမှာပါနေတယ်။

Tuberculosis တီဘီဟာ ထိပ်ဆုံး ၁ဝ ထဲကနေကျလာတယ်။ ၁၅ ထဲမှာဆက်ပါနေသေးတယ်။ ၂ဝ၁၂ တုံးက လူပေါင်း ၉ သိန်းသေဆုံးခဲ့တယ်။

မီးဖွါးခြင်းနဲ့ဆက်ပြီး သေဆုံးရတာဟာ ၂ဝဝဝ တုံးက ၄၂၇ဝဝဝ ရှိခဲ့ပြီး ၂ဝ၁၃ မှာ ၂၈၉ဝဝဝ သာ ရှိပေမဲ့ ကောင်းတဲ့ အခြေအနေလို့ ပြောမရပါ။ ကလေးမွေတးနဲ့ဆက်ပြီး နေ့တိုင်း အမျိုးသမီး ၈ဝဝ သေနေကြရတယ်။

နှစ်စဉ် ထိခိုက်ဒဏ်ရာကြောင့် လူပေါင်း ၅ သန်းသေစေတယ်။ ၂ဝ၁၂ တုံးက ယာဉ်မတော်တဆကြောင့် လူပေါင်း ၃၅ဝဝ သေစေခဲ့တယ်။ ၂ဝဝဝ တုံးကထက် ၆ဝဝ ပိုလာတယ်။

၂ဝ၁၂ တုံးက ၅ နှစ်အောက် ကလေးပေါင်း 6.6 million သေဆုံးခဲ့တယ်။ ၉၉% ဟာ ဆင်းရဲတဲ့ တိုင်းပြည်တွေကဖြစ်တယ်။ Prematurity လမစေ့ပဲမွေးတာ၊ Pneumonia နူမိုးနီးယား၊ Birth asphyxia and birth trauma မွေးဖွါးချိန် အသက်ရှူမဝတာနဲ့ ဒဏ်ရာရတာတွေ နဲ့ Diarrhoeal diseases ဝမ်းရောဂါတွေကြောင့်သေရတာဖြစ်တယ်။ Malaria ငှက်ဖျားဟာ ဆာဟာရ အောက်ပိုင်းဒေသတွေမှာ ၅ နှစ်အောက်သရေတာရဲ့ ၁၅% ရှိနေတယ်။

ကမ္ဘာ့လူဦးရေ ၁ဝဝ ထဲမှာ
• ဝင်ငွေနည်းတိုင်းပြည်ကလူ = ၁၃့၃ ယောက်၊
• အလယ်အလတ်တန်းတိုင်းပြည်ကလူ =၃၅့၆ ယောက်၊
• အလယ်အထက်တန်းစားတိုင်းပြည်ကလူ = ၃ဝ့၂ ယောက်၊
• ချမ်းသာတဲ့နိုင်ငံတွေကလူ = ၂ဝ့၉ ယောက်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/12/leading-causes-of-death.html


Healthy Life

253 Blog posts

Comments